ယခုဖော်ပြသော နည်းမှာ ကျွန်ပ်ကိုယ်တိုင် မကြာခဏ ပြုလုပ်ခြင်း ကျွန်ပ်၏ မိတ်ဆွေများကိုပါ
အကြိမ်ကြိမ်ပြုလုပ်ခဲ့၍ မည်မျှပင် ပိတ်ဆို့နေသော ကံပင် ဖြစ်စေကာမူ တနည်းနည်းဖြင့် ပွင့်ထွက်သွားစေသော နည်းဖြစ်၏ ။ ဤနည်လေးမှာလွယ်လွန်း၍ ဟုတ်မှ ဟုတ်ပါလေစဟု ထင်ကောင်း ထင်နိုင်၏
သိသူဖော်စား မသိသူကျော်သွားဟုသာ ပြောလိုတော့၏
ဘာမှ မခက်ပါ ရတနာမြတ်သုံးပါးကို ဦးထိပ်ထား၍
နေ့အလိုက် ဆွမ်းကပ်လှုရန်သာ...ဘာမှလဲ ကရိကထများလှသည်မဟုတ်။
ပြုလုပ်မည့်သူ၏ အဆင်ပြေခြင်း မပြေခြင်းမှာ
ထိုပြုလုပ်သူ၏ အားပါခြင်း၊ မပါခြင်းသာ အဓိကကျ၏
ပြုလုပ်မည်သူသည် ဦးစွာ ၅ပါးသီလ ခံယူဆောက်တည်ခြင်း၊ အမဲသားကျွဲသားရှောင်ခြင်း
ကံများထိမ်းသိမ်းပြီး သည်နှင့်
ခုနှစ်ရက်သားသမီးတိုင်း ယခုဖော်ပြသည်အတိုင်း
စေတနာထက်သန်စွာ ပြုလုပ်ရန်တိုက်တွန်းပါ၏
တနင်္ဂနွေ နေ့တွင် ကြာသပတေးနံ၊ သောကြာနံ၊တနလာင်္နံ ပါသော အဟာရဆွမ်းကပ်လှုသင့်ပါသည်။
ဥပမာ မုန်းဟင်းခါးဆွမ်း ငရုပ်သီးမှုန့်မထည့်ရ
တနင်္လာ နေ့တွင် ဘုရားရှင်အား သောကြာ၊အင်္ဂါနံ၊စနေနံသင့် အဟာရများကပ်လှုပါ
အင်္ဂါနေ့တွင် စနေ၊ဗုဒ္ဓဟူး၊တနင်္ဂနွေနံသင့် အဟာရများ ကပ်လှုပါ။
ဗုဒ္ဓဟူး နေ့တွင် တနင်္ဂနွေ ၊ကြာသပတေး၊တနင်္လာနံသင့် အဟာရများ
ကြာသာပတေးနေ့တွင် တနင်္လာ ၊သောကြာ၊အင်္ဂါနံသင့် အဟာရများ
သောကြာနေ့တွင် ဗုဒ္ဓဟူး ၊စနေ၊အင်္ဂါ နံသင့် အဟာရများ၊
စနေနေ့တွင် ကြာသပတေး၊ တနင်္ဂနွေ ၊ဗုဒ္ဓဟူးနံသင့်
အဟာရဒါနများအား တွဲ၍လည်းကောင်း
တခုခြင်းစီလည်းကောင်း လှုဒါန်းပေးခြင်း။
သဗ္ဗဇယမင်္ဂလာဂါထာတော်ကြီးအား နေ့စဉ်
ရွတ်ပွားပေးခြင်းတို့ဖြင့် မိမိတို့၏ ပိတ်ဆို့နေသော
ကံများပွင့်လမ်းလာခြင်း။ အကြံအစည်အောင်မြင်ခြင်း
ဘုန်းတန်းခို ကျက်သရေမင်္ဂလာများနှင့် ပြည့်စုံသွားမည်ဖြစ်ကြောင်းကို လေ့လာမိသမျှ လက်တွေ့နှင့် ပေါင်းစပ်၍ လက်တို့ပေးလိုက်ပါကြောင်း တင်ပြရင်း
ဥပမာ ၊ စနေနံသင့် နွားနို့၊
တနင်္လာ နံသင့် ကျောက်ကျော စသဖြင့်
ကိုဇော်လင်း(၆.၄.၂၀၁၅)

No comments:
Post a Comment