Wednesday, April 8, 2015

မိတ်​ဆက်​ခြင်း

အားလုံးသော မိတ်ဆွေများ မင်္ဂလာပါခင်ဗျာ
ဒီ Blog လေးကို လုပ်လိုက်တာကတော့ ကျွန်တော် လေ့လာမိသမျှဗဟု သုတတွေနဲ့ ပတ်သက်လို့ ပြန်လည်မျှဝေချင်တာကြောင့် ရယ်၊ မည်သူမဆိုဝင်ကြည်လို့ရအောင်ပါ။ ကျွန်တော်က ဗေဒင်ပညာဖြင့် အသက်မွေးပါတယ်။ ကို့ရဲ့ဝါသနာအပါဆုံး စိတ်အဝင်စားဆုံး ကိုပြောပါဆိုရင် ဗေဒင်ပညာပဲလို့ ပြောရမှာပဲ။  အင်္ဂါဝိဇ္ဇာပညာရပ်နဲ့ သုံးတန်ပေါ်နိစ်ပညာရပ်များ ဆန်းပညာများကို အဘဆရာကြီးမင်းသိင်္ခထံမှာ သင်ယူခဲ့ပါတယ်။ပညာရပ်တိုင်းမှာ ထဲထဲဝင်ဝင်လေ့လာလေလေ ဘယ်သောအခါမှ ပြည့်စုံတယ်ဆိုတာမရှိပါဘူး၊ ဆက်လက်ပြီးလေ့လာဆည်းပူးနေဆဲပါ၊ ဆရာ သုတေသီ စိုးမိုးထွန်း (ခ)ဆရာဝေသာလီမောင်းဖုန်း ထံမှာ လက်ရှိဂြဟကာရက ပညာများ၊ မဟာဘုတ်ဗေဒင်ပညာများ လိုအပ်နေသေးတဲ့ အင်္ဂါဝိဇ္ဇာ အတွေး အခေါ် အယူအဆပိုင်းများကို ဆက်လက်လေ့လာ သင်ယူနေပါတယ်။ယတြာကြေးလုံးဝမယူပါဘူး၊ ကျွန်တော့်ရဲ့ စားဝတ်နေရေး အတွက် ဆရာသမားများ ခွင့်ပြုပေးထားတဲ့ ညဏ်ပူဇော်ခကိုတော့ ယူပါတယ်။ အခြားအလုပ် တဖက်ကလဲ ရှိနေတာမို့ စနေ တနင်္ဂနွေ နှစ်ရက်ဆိုရင် လက်ရှိအိမ်လေးမှာပဲ ဗေဒင်ဟောပါတယ်။ online ကနေလဲ ဟောပေးပါတယ်။ ထိုက်သင်တဲ့ အခကြေးငွေထက် ပိုမယူပါဘူး၊ 
ကျွန်တော် ထံ Email ပို့ပြီးဗေဒင်မေးနိုင်သလို Massage Box ကနေလဲ လိုရင်း တိုရှင်း မေးနိုင်ပါတယ်ဆိုတဲ့ အကြောင်း............................................


No comments:

Post a Comment