အင်္ဂ၀ိဇ္ဇာဟောခန်း
18 December 2014 at 22:56 ·
တနင်္ဂနွေနေ့ .....
နေ့ခုနှစ်မျိုးထဲမှာတော့ တနင်္ဂနွေနေ့ဟာ ၊ ရုတ်တရက်ကံကောင်းထောက်မပြီး ငွေကြေး စုလိုက်ပုံလိုက်၊ ရတနာပုံဆိုက်သလို ရစေတတ်သော အခွင့်အလမ်း အလွန်များစေတဲ့ နေ့ရက်တစ်ခုပါပဲ။
ဒါပေမယ့် ဒီနေ့မှာ ပြင်းထန်တဲ့ရည်ရွယ်ချက်တွေ၊ ပြတ်သားတဲ့ပန်းတိုင်တွေ မချမှတ်သင့်ပါဘူး။ အကျိုးတူပေါင်းစည်းမှု တွေ မလုပ်သင့်တဲ့နေ့လည်း ဖြစ်ပါတယ်။
ဒီနေ့မျိုးမှာ ကြွေးမတောင်းသင့်ပါ။
ဒီနေ့မျိုးမှာ ငွေမချေးသင့်ပါ။
ဒီနေ့မျိုးမှာ ဒုက္ခရောက်နေသူတွေကို ကယ်မဖေးမပေးသင့်သလို၊ ဘ၀မှာ အခက်အခဲ ကြီးစွာကြုံနေရသူတွေအဖို့ကတော့ ဒီလိုနေ့မျိုးမှာ ကယ်တင်ရှင်ကို တွေ့ခွင့်ပိုမိုရရှိနိုင်ပါလိမ့်မယ်။ (ဒီအချက်အရေးကြီးလှပါတယ်...မှတ်သားထားကြပါ။)
စက်ယန္တရား တွေ ဖောက်ပြန် ပျက်ဆီးမှု အများဆုံး နေ့ရက်ဖြစ်ပြီး၊ စွန့်စားလုပ်ကိုင်မှုတွေကနေ ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှု ကြုံရတတ်သော နေ့မျိုးလည်း ဖြစ်ပါတယ်။
ပညာရှာသူများအတွက် ဆရာကောင်း ၊ ပညာရှင်ကောင်းတွေ့ရတတ်သော နေ့ရက်တစ်ရက်လည်း ဖြစ်ပါကြောင်း။
No comments:
Post a Comment