အင်္ဂ၀ိဇ္ဇာဟောခန်း
4 November 2014 at 12:18 ·
ဗုဒ္ဓဟူးနေ့ +++
နေ့ခုနှစ်မျိုးထဲမှာ ဗုဒ္ဓဟူးနေ့ဟာ စပ်တူအစုရှယ်ယာ လုပ်မယ့် သူတွေအားလုံးအတွက်တော့ ကံဆိုးမိုးမှောင်ကျစေနိုင်တဲ့နေ့တစ်နေ့ပါပဲ။
ဗုဒ္ဓဟူးနေ့မှာ စတင်ပြီး အကျိုးတူပေါင်းစည်းမှု၊ စပ်တူနဲ့အစုရှယ်ယာလုပ်ငန်းများ စတင်မှု ပြုလိုက်မိရင် လည်း +++ ကံမကောင်းအကြောင်းမလှဖြစ်ကြရတတ်ပါတယ်။
စည်းကမ်းလိုက်နာတတ်သူများ၊ အစဉ်အလာကို တန်ဖိုးထားတတ်သူများ၊ ရိုသေထိုက်သူကို ရိုသေတတ်သူများအတွက်ကတော့ ထီပေါက်သလို ကံကောင်းတတ်တဲ့နေ့မျိုးပါ။
ဒါကြောင့် နံနက်လင်းတာနဲ့ နေမင်းကို အရိုအသေပြုခြင်း၊ ကန်တော့ခြင်း၊ သို့မဟုတ် မောရသုတ်တော်ရွတ်ဖတ်ခြင်း၊ စသည်ဖြင့် ပြုခြင်းအားဖြင့် ကံကောင်းစေတတ်ပါတယ်။
စွန့်စားလုပ်ကိုင်ရမယ့် အလုပ်မှန်သမျှ +++ ဗုဒ္ဓဟူးနေ့နဲ့ မသင့်လျော်ပါ။
တရားဥပဒေ ၊ ထုံးတမ်းစဉ်လာ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင်နေထိုင်သင့်သော နေ့ရက်ဖြစ်ပါတယ်။
မြောက်များစွာသော +++ ဥပဒေအရ အရေးယူခံရမှုများစွာဟာ ဗုဒ္ဓဟူးနေ့နဲ့တိုက်ဆိုင်နေချိန်တွေမှာ ပိုမိုအဖြစ်များတတ်ပါကြောင်း။
စိုးခိုင်။
No comments:
Post a Comment