ကျွန်တော့် အကိုလို ဆရာသမားလို့ လေးစားရတဲ့ဆရာစိုးခိုင် (ခ) ဆရာ ဝေသာလီမောင်ဖုန်းရေးခဲ့တဲ့ ဆောင်းပါးတွေထဲမှာ နေ့ရက်အလိုက် ဆောင်ရွက်ရန် ဆိုတဲ့ အထဲမှာ ကြာသာပတေးနေ့ဆိုတာ ကျန်ခဲ့တာလေး ရေးလိုက်ရပါတယ်၊ လိုအပ်တာများရှိပါက အကိုညီလေးကို ပြင်ပေးပါလို့ ..........
ဆရာလဲသူခမျာ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးလေ ပထမတော့ အကို ဒီPost လေးကျန်နေသေးလို့ ရေးပေးပါလို့ ခွင့်တောင်းပါသေးတယ်။ ဆရာမအားလို့ ကျွန်တော်ရေးလိုက်ရတာပါ မိတ်ဆွေတို့ရေ........
ဒီလိုကြာသပတေးနေ့နဲ့ တိုက်ဆိုင်တဲ့ ရက်မျိုးတွေမှာ ပညာသင်ကြားရေး ကိစ္စရပ်များ၊ ရင်သွေးငယ်လေး တွေ ကျောင်းအပ်တာတို့ လုပ်သင်တဲ့ ရက်ကလေးပါ၊ မေတ္တာတရားနဲ့ ပတ်သက်တဲ့ ကျင့်စဉ်များ၊စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြုလုပ်သင်ပါတယ်၊ ဒီလိုနေ့လေးများစတင်ပြီးလုပ်တော့မယ်ဆိုရင်တော့ ဦးစွာမနက်မိုးလင်းလို့ အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ကိုနဲ့ ဒီနေ့ ထိပ်တိုက်တွေ့ရမယ့်သူတွေ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေ အားလုံးသော မိတ်ဆွေများကို ဦးစွာ မေတ္တာလေးပို့ ပြီး တနေ့တာ အကြံအစည် ရည်ရွယ်ချက်များ စတင်သင့်ပါတယ်။ ဘယ်လိုအကြောင်း ကိစ္စရပ်ကလေး တစ်ခုပေါ်လာခဲ့သည် ဖြစ်စေ ခဏတာ ယာယီမျိုးတွေပါပဲ၊ ဒီနေ့လေးမှာ အခိုင်အမာ အုတ်မြစ်ချတဲ့ လုပ်ငန်းမျိုးလုံးဝ မလုပ်သင့်ပါဘူး၊ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းများ၊ ရိုက်ကူးရေးလုပ်ငန်းများ၊ အလုကုန်နှင့် ပတ်သက်သော လုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများ ယာယီသဘောအားဖြင့်လုပ်ကိုင် ဆောင်ရွက် အောင်မြင်နိုင်ပါတယ်၊ ဒီနေ့တွေမှာလျို့ဝှက်သင့်တဲ့ ကိစ္စမျိုးဆို့ စောင့်ပါအုံးလို့ပဲ အကြံပေးချင်ပါတယ်။ ဘာအကြံအစည်လေးပဲ လုပ်လုပ် မေတ္တာတရား လေးလက်ကိုင်ထားလို့ အဖြုရောင် အဝတ်အစားလေးကို ရွယ်ချယ်ဝတ်ဆင်သွားခြင်း၊ အလှကြိုက်တတ်တဲ့ မမ ညီမလေးများဆိုရင်တော့ မှန်အဝိုင်းသေးလေး တစ်ချပ် ပိုက်ဆံအိတ်ထဲထည့် ဆောင်သွားလိုက်ပေတော့ဗျို့
ကိုယ်စိတ်နှစ်ဖြာရွှင်လမ်းချမ်းမြေ့ကြပါစေ
ကိုဇော်လင်း
09 420307299, 09799666357

No comments:
Post a Comment