Wednesday, April 8, 2015

ဆား


အင်္ဂ၀ိဇ္ဇာဟောခန်း
October 21, 2014 at 3:23pm ·
( ဆား )

အညွန့် ++ သို့မဟုတ် ရှာဖွေရရှိသမျှသော အကျိုးစီးပွားအကြောင်း

အင်္ဂ၀ိဇ္ဇာပညာမှာ အညွန့်ဆိုတာ ရှိပါတယ်။ အဲဒီ့အညွန့်ဆိုတဲ့ဌာနလေးမှာ မေးသူဇာတာရှင်ရဲ့ မွေးနံ ရပ်တည်လာရင် ပုံမှန်အားဖြင့် ကောင်းတယ်ဆိုတဲ့ အဟောကြမ်းကို ထုတ်ကိုထုတ်ယူရပါတယ်။

ဒီနေရာမှာ တစ်ချို့က အယူမှားတတ်ကြတယ်။ ညွန့်မူစီးပွားဆိုတာနဲ့ ငွေကိုချည်းပဲ ပြေးမြင်တတ်ကြသူတွေ ရှိတတ်ကြတယ်။

မဟုတ်ပါ။

မေးသူဟာ ပညာသင်နေတဲ့လူငယ်ဖြစ်နေပြီး ပညာကိုရှာဖွေနေသူ လိုလားနေသူ ဖြစ်ရင် သူရှာနေတဲ့ပညာဆိုတဲ့ အကျိုးစီးပွားကို ရလွယ်တာပေါ့။

မေးသူဟာ ကုန်သည်ဝယ်ရောင်းဖြစ်ခဲ့ရင် သူလိုလားရှာဖွေနေတဲ့ အဆက်အသွယ် သို့မဟုတ် အမြတ်အစွန်းပေါ့

မေးသူဟာ သံဃာ ဖြစ်ခဲ့ရင် လောကုတ္တရာအကျိုးစီးပွားပေါ့ +++ ဗျာတို့ ။

ဒါဆို အညွန့်မှာ မွေးနံ ရပ်နေရင် ကောင်းတာပေါ့နော်လို မေးစရာပါပဲ။ ဟုတ်ပြီ ကောင်းတာပေါ့။

သို့သော် ချွင်းချက်ကလေးတွေဆိုတာကတော့ နေရာတိုင်းမှာ ရှိတတ်ကြစမြဲပါ။

ဥပမာအားဖြင့် +++
မွေးနံ အညွန့်မှာပေါ်ရင် န၀င်းဂြိုဟ်သည် အားနဲတတ်ပါသဗျား။

အဲဒါ ဟိုတစ်နေ့ က မေးတဲ့ လုပ်ငန်းသမား အမျိုးသားတစ်ယောက် မှာ ကြုံလိုက်ရပါသေးတယ်။ သူ့ကို ဘာကြောင့် မေတ္တာပွားခိုင်းရတာလဲ လို့ မေးသွားတာကြောင့် န၀င်းအားနဲချက်ကို ဖြေဖို့ဆိုတာ လေး ရှင်းခဲ့ရသေး ။

တစ်ခါတစ်ခါမှာ အင်္ဂ၀ိဇ္ဇာပညာမှာ

ဟာကွာ ++ မွေးနံကလည်း ကောင်း ၊ နာမည်ကလည်း ကြိုးတွေအမှန်ဖြစ်ပါလျက်နဲ့ ဘာကြောင့် ညံ့နေရတာလဲ မသိဘူး ဆိုတာမျိုးတွေမှာ +++ အဲဒီ့မြုပ်ကွက်ကလေးတွေ ရှိလို့ပါ။

မွေးနံ ရပ်တည်ရာပေါ်မူတည်ပြီး အားသာချက်နဲ့ အားနဲချက်ကလေးတွေ ဆွဲထုတ်လို့ရပါတယ်။

ဦးပေါ်ဦး လိုပေါ့။

ဟဲ့ ပေါ်ဦးရဲ့ သူချည်းပဲလော +++

+++ မှန်လှပါ ဆားလေးနဲ့ပါ ဘုရား ++++ ။ ဆိုသလို ++++

အင်္ဂ၀ိဇ္ဇာ မှာ လည်း ဆားလေးတော့ လိုသကွယ့် ။

စိုးခိုင် ။
Like
Comment
Share
You, ဂါ မဏိ and 29 others like this.
Write a comment...
Post

Aungnaingthu Bizz
ဆရာ
အားကိုးပါတယ် ဗျာ
၂၁ ၂ ၁၉၈၈
နာမည်က
အောင်နိုင်သူ လို့ပေးခဲ့တယ်ဗျာ
နာမည်ကြီး စီးနေလား ကံမကောင်းတာပိုများနေတယ်
Like · Reply · More · Oct 21, 2014
အင်္ဂ၀ိဇ္ဇာဟောခန်း
to Aungnaingthu Bizz ဟဲဟဲ ငါ့ညီထိုးမုန့် အမြည်းစားတာ များပြီလားလို့။ ထားပါတော့ အစ်ကို အနဲငယ် ရှင်းပြပေးပါ့မယ်။ ငါ့ညီနာမည်က ဗျုပ္ပတ် (နာမည်ရဲ့ အနက်အဓိပ္ပါယ်) ကောင်းမွန်တဲ့နာမည်မျိုးပါ။ ခက်တာက +++တို့လူတွေမှာက ကိုယ်မှည့်ထားတဲ့နာမည်နဲ့ ကိုက်ညီအောင် / တနည်းအားဖြင့်နာမည်ရဲ့ ဗျုပ္ပတ်သဘာဝနဲ့ ကိုက်ညီအောင် မနေနိုင်ကြပါ။ အဲသလိုမနေနိုင်တဲ့အခါရောက်တိုင်းမှာ လူက နာမည်သဘာဝနဲ့ ဆန့်ကျင်နေသည့်နည်းတူ ၊ နာမည်ကလည်း လူကို ပြန်ပြီး ဆန့်ကျင်တော့တာပါပဲ။ ခုငါ့ညီလိုနာမည်မျိုးက ဆန့်ကျင်လာပြီဆိုရင် အောင်နိုင်သူ ဆိုတဲ့ ဗျုပ္ပတ်သဘာဝကြောင့်၊ လုပ်သမျှ ကိုင်သမျှ တွေမှာ တော်တော်များများ ရှုံးနိမ့်ရ၊ အရှုံးပေးရ၊ ခေါင်းငုံ့ခံရတော့တာပဲ ငါ့ညီရေ။ အဲဒါ တစ်သက်လုံး ဒီအင်အားကို မဖြေရှင်းနိုင် မထိမ်းညှိနိုင်သမျှ ++ နာမည်ရဲ့ သက်ရောက်မှုကို ခံရပါတယ်။

No comments:

Post a Comment