Tuesday, April 28, 2015
အဘ မင်းသိင်္ခ
အခုတင်ပြမှာကတော့ ဆရာကြီးရေးခဲ့တဲ့ ဆောင်းပါးတွေထဲက အကြိမ်ကြိမ်ဖတ်ခဲ့တဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ မဖတ်ရသေးတဲ့ သူတွေအတွက် တစ်ခုတစ်ခုတော့ ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အခုလိုမျိုး စာရိုက်လိုက်တဲ့ အတွက် ကျွန်တော့် အတွက်လဲ အလွတ်လောက်နီးနီး မှတ်မိသွားတာမို့ မိတ်ဆွေများ ကောင်းကျိုးကို လိုလားပါသဖြင့် တင်ပြလိုက်ရပါတယ်ဗျာ။
ဆရာကြီးမင်းသိင်္ခ ရေးခဲ့တဲ့ မူရင်းအတိုင်း ပြန်လည် တင်ပြလိုက်ရပါတယ်။
တညင်းသီးနဲ့ ဝက်နို့အုံသား
တနေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံသူတစ်ဦးဖြစ်၏။ ကျွန်ပ်နေထိုင်ခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းအား အရူးပီတာဟုခေါ်ကြကုန်၏။ ကျွန်ပ်ကမူ မခေါ်ရက်ပါ၊ သူသည်ကျွန်ပ်ကို လွန်စွာမှခင်မင်၏။ ကျွန်ပ်ရှိရာ အရပ်သို့ ရောက်လာတတ်မြဲ ဖြစ်၏။ ကျွန်ပ်ကို မြင်လျှင် မြင်ချင်း……….
ဟေ့ ဖိုးအောင်ထွန်း၊ ဂွတ်မောနင်း…..ဂွတ်ဒ်နိုက်ဟု သူ၏ထုံးစံအတိုင်း ကိုးရို့ကားယား နှုတ်ဆက်လေ၏။ ကျွန်ပ်သည် ၎င်းအားကျွန်ပ်၏ ခြံမှဖျော်သော မနောမယ လက်ဖက်ရည် တခွက် တိုက်လိုက်၏။ ၎င်းက မသောက်မီ ကျွန်ပ်အား……..ဘာလဲဟုမေးလေ၏။ ထိုအခါ ကျွန်ပ်က……." သောကရတတ် မပွေရအောင် …မနောမယလက်ဖက်ရည် တိုက်တာ..ဟုပြောလိုက်လျှင်..သူသည် ကျွန်ပ်တိုက်ကျွေးသော လက်ဖက်ရည်ကို သောက်ပြီးနောက်….ဘဲရီးဂွတ်ဒ်….ဘဲရီးဘက်ဒ်…ဟုပြောလေ၏။
နေစမ်းပါအုံး ကိုပီတာကြီးရယ်…ဘာတွေဂွတ်ဒ်ပြီး…..ဘာတွေဘက်ဒ် နေပြန်တာတုံး……ဟုကျွန်ပ်က မေးလိုက်ရင် ၎င်းက……သောကရတတ်မပွေရအောင်….မနောမယ လက်ဖက်ရည်ဆိုတာကောင်းတယ်.. ဒါပေမဲ့ လက်ဖက်ရည်က ခါးတယ်၊ ဒါ့ကြောင် သောကရတတ်ပွားတဲ့ လက်ဖက်ရည်ခါးလို့ ပြောရင် ကောင်းတယ်။ ဟုပြောကာ ရယ်မောလေတော့၏။ ထို့ကြောင့် ကျွန်ပ်က ကိုပီိတာကြီးမှာ အားနာတယ်ဆိုတာမရှိဘူးနော်.. ပြောချလိုက်တာ……ဟုပြောလိုက်ရာ…ကိုပီတာကြီးက….အားနာတယ်ဆိုတာ ဘာဖြစ်တာလဲသိလား၊ ပြောချင်ပါလျက်…အပြောရခက်နေတာကို..အားနားတယ်လို့ခေါ်တာကွ….ငါကဘယ်တော့မှ အပြောရမခက်ဘူး၊ အဲ့ဒါကြေင့် ငါမှာအားနာတယ်ဆိုတာ မရှိဘူး၊ ဘာဖြစ်လို့ အပြောရခက်မှာလဲကွာ၊ မကြိုက်တာကို မကြိုက်ဘူးလို့ပြောမယ်၊ ကြိုက်တာကို ကြိုက်တယ်လို့ပြောမယ်၊ ဘယ်ကိစ္စမဆို ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ပဲ မှတ်ကျောက်တင်မယ်၊ သူများကြိုက်လို့ ကိုယ်ကလိုက်ပြီး ကြိုက်စရာ မလိုပါဘူး၊ ဟုပြောလေ၏။
…နေစမ်းပါအုံး ကိုပိတာကြီးရယ်..ကိုယ်ကမကြိုက်ဘဲနဲ့ သူများကြိုက်တာနဲ့ လိုက်ပြီး ကြိုက်တဲ့ ကိစ္စမျိုးရှိကြလို့လား…ဟုမေးလိုက်ရာ…
ရှိတယ်ကွ..စာအုပ်တစ်အုပ်ဆိုပါတော့ကွာ..ပညာတတ် အသိုင်းအဝိုင်းနဲ့ တတ်သိနားလည်တဲ့ သူတွေက အရမ်း ကြိုက်ကြတယ်… ငါ့အိမ်နားက ဂွတိုဆိုတဲ့ကောင်က သူလဲဘာမှနားမလည်ပဲ ဒီစာအုပ်ကို အရမ်းကြိုက်ပြနေတယ်။ ငါသိပါတယ်ကွာ၊ အဲ့ဒါကို မကြိုက်ဘူးဆိုရင် သူ့ကို လူတွေက အထင်သေးသွားလိမ့်မယ် ထင်ပြီး သူကခပ်သည်းသည်းလေး ကြိုက်ပြနေတာ…အဲ့ဒီလိုပဲကွ၊ ဟန်ဘာဂါဆိုတဲ့ ပေါင်မုန့် အသားညှပ်မုန့်တွေ ပေါ်ကာစမှာ ဂွတိုက သူလည်း တကယ်မကြိုက်ပဲနဲ့ ဟန်ဘာဂါကို နေ့တိုင်း ဝယ်စားပြနေတယ်။ နောက်တော့ ပီဇာဆိုတဲ့ မုန့်တစ်မျိုးပေါ်ပြန်ရော၊ အဲ့ဒီအခါမှာလည်း သူဟာ ပီဇာမုန့်ကို တကယ်မကြိုက်ပဲနဲ့ ဝယ်စားပြနေရရှာတယ်။ အဲ့ဒီလို လူစားမျိုးတွေ ရှိတယ် ငါလူ၊ ငါကတော့ အဲ့ဒီအထဲဘယ်တော့မှ မပါဘူး…ငါတကယ်ကြိုက်တာကိုမှ..ကြိုက်တယ်လို့ပြောတာ…ငါမကြိုက်တာရှိရင် ဘယ်သူနဲ့တူအောင်ဆိုပြီး တစ်ခါမှ လိုက်ပြီး မကြိုက်ဖူးဘူး၊ ဟု ကိုပီတာကြီးမှ ပြောလေ၏။
ကဲပါဗျာ…ဒါတွေထားလိုက်ပါတော့..ဒီနေ့ မနက်စာ ခင်ဗျားကြိုက်တာကိုပဲ ပြောပါ၊ ကျုပ်ချက်ကျွေး စမ်းပါ့မယ်…ဟုကျွန်ပ်ကပြောလိုက်လျှင် ကိုပီတာကြီးက…
ဈေးထဲမှာ တညင်းသီးတွေပေါ်နေပြီကွ…တညင်းသီးကြီးကြီးကို နှစ်ခြမ်းခွာ..ဝက်နို့အုံသားကို..အဲ့ဒီ တညင်းသီးနှစ်ခြမ်းထဲမှာထည့် …ပြုပ်ပြီး မထွက်သွားအောင် နှီးနဲ့တုတ်၊ ပြီးတော့ ဝက်သားကော တညင်းသီးပါ နူးအိနေအောင် ဆီပြန်ချက်စမ်းပါကွာ…အဲ့ဒါကဟင်းကို ပြောတာ..ဟင်းချိုကတော့ သခွားသီး ဟင်းချိုလေး ချက်ပါကွာ…ငါးပိရည်ကိုတော့ ခပ်စပ်စပ်ကလေးဖျော်ကွ…အဲ့ဒီငါးပိရည်ထဲမှာ..ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းလဲထောင်းပြီး ထည့်ကွာ..ငါးမီးဖုတ်ကလေး ထည့်လိုက်ရင် ပိုတောင် ကောင်းသေးတယ်၊ တို့စရာကတော့ များများမလုပ်ပါနဲ့ကွာ…ပဲတီချဉ်လောက်ဆို တော်ပါပြီ..ပြီးတော့ ငါမင်းကိုပြောရအုံးမယ်..ငါ့ဘဝက သူများကျွေးမှ စားရတဲ့ ဘဝကွ..ဖွယ်ဖွယ်ရာရာ မပြောတတ်ပါဘူး၊ ထမင်းစာပြီးရင် အချိုတည်းဖို့ ကတော့ ဘုံသီလို့ခေါ်တဲ့ ကုလားအချိုမုန့် အလုံးလေးတွေနဲ့ ရေနွေးကြမ်းကောင်းကောင်း လောက်ဆို လုံလောက်ပါပြီ..အဲဒါတွေ စားပြီးရင်တော့ ဆေးလိပ် ကလေးလဲ တိုက်အုံးမှကွ…သိပ်လည်း အစားအသောက်ပေါ်မှာ ဇီဇာမကြောင် ပါဘူးကွာ…ဒီလောက်ဆို တော်ပါပြီ…..ဟုဖြည်းညင်းစွာ ပြောလေ၏။
ကိုပီတာကြီး ခင်ဗျားကတော့ တကယ်ကိုပါပဲဗျာ..အားကို မနာတတ်ဘူး…စိတ်ထဲရှိတာ အကုန် ပြောတော့တာပဲ..ဟုကျွန်ပ်ကပြောလေရာ..ဟကောင်ရငါတို့ကရိုးတယ်ကွ..တွေးရင်လဲ အဖြောင့်ပဲတွေးတယ် ..ပြောစရာရှိလည်း အဖြောင့်ပဲပြောတယ်…ငါ့မှာ အားနာတာတွေ ဘာတွေမရှိပါဘူး.ကွာ၊ အားနာတယ်ဆိုတဲ့ အရည်အချင်း ငါ့မှာ ရှိကိုမရှိဘူးဟု ဘွင်းဘွင်းကြီး ပြောလေတော့၏။ ကျုပ်ဖြင့်ဗျာ..ကိုပီတာကြီး နေပုံ၊ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံ၊ ကိုအားကျလိုက်တာ၊ ဘယ်လောက်များ ရိုးသားသလဲ၊ ဘယ်လောက်များ ပွင့်လင်းပါသလဲ၊ တကယ်ပါဗျာ…တကယ်ကိုအားကျတာ၊ ဟုကျွန်ပ်က လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပြော ဆိုလေ၏။ ထိုအခါ၌ ကိုပီတာကြီးက…….
တစ်ခါကတောအုပ်ကြီး တစ်ခုအတွင်းကို…လူနှစ်ယောက် ဖြတ်သန်းခရီးနှင်ခဲ့ဖူးတယ်၊ တစ်ယောက်က အတွေး အခေါ်သမား၊ တစ်ယောက်က ဘာမှ မတွေးတတ်ရှာပါဘူး၊ သူကလုပ်စရာရှိတာကို ချက်ချင်းလုပ်မယ်ဆိုတဲ့ လူစား၊ ဘာမှကို မစဉ်းစားတတ်ဘူး၊တောနက်ထဲလည်း ရောက်ရော…လေကြီး မိုးကြီးကျပြီး..နှစ်ယောက်စလုံး လမ်းပျောက်သွားကြတယ်ကွဲ့၊ အဲ့ဒီလို လမ်းပျောက် သွားပေမယ့် လျှပ်စီးက ဖြန်းကနဲ….ဖြန်းကနဲ….လက်တာပေါ့ကွယ်..အဲဒီလို လျှပ်စီးလက်တဲ့ အခါမှာ အတွေးအခေါ်သမားက ကောင်းကင်ကို မော့ကြည့်ပြီး..လျှပ်စီး ဘာကြောင့် လက်တယ်…လျှက်စီးလက်တဲ့အခါမှာ..ဘယ်လောက် လင်းသွားတယ်….လျှက်စီးတစ်ကြိမ်လက်တာနဲ့…နောက်တစ်ကြိမ်လက်တာ…အချိန်ဘယ်လောက်ကြာတယ် ဆိုတာကို…တွက်ချက်ပြီး..စဉ်းစားတယ်ကွယ့်…..ရှေ့ဆက်ပြီး.. မလျှောက်ဖူး..လက်တွေ့ လုပ်တတ်တဲ့ သူကတော့ လျှပ်စီးလက်တဲ့ အခါတိုင်းမှာ လမ်းကိုရှာပြီး..လမ်းမြင်တာနဲ့ အတင်းပြေးသွား တော့တာပဲ…သူကတော့ လျှပ်စီးတစ်ခါ လက်တိုင်း လမ်းကိုတွေ့တယ်၊တွေ့တဲ့ လမ်းအတိုင်း…ပြေးသွားတယ်၊ အတွေးအခေါ်သမား ကတော့ ရပ်နေတယ်ကွဲ့။လျှပ်စီးလက်တဲ့ အခါမှာ လျှပ်စီးအကြောင်းကို တွေးခေါ်နေတယ်၊ အဲ့ဒီတော့ကွာ လျှပ်စီးလက်လို့ လမ်းကိုမြင်တာနဲ့ အဲ့ဒီလမ်းအတိုင်း ပြေးသွားတဲ့သူက တောအုပ်ကြီးထဲက ထွက်သွားနိုင်တာပေါ့ …လျှပ်စီးလက်တာကို သဘောကျပြီး..လျှပ်စီး လက်တဲ့ အလင်းရောင်ကို ကျေနပ်နေတဲ့ အတွေးအခေါ် သမားကတော့ တောကြီးမျက်မည်းထဲမှာ မထွက်နိုင်ရှာဘူး…..အဲဒီလိုပဲကွ…ဒီကမ္ဘာကြီးမှာ…
အားကျစရာကောင်းတဲ့ ဆရာ သခင်တွေက လျှပ်စီးပေါင်းများစွာ လက်ပြပြီးပါပြီကွာ…ဥပမာ - လောင်ဇူးတို့၊ ချောင်ဇူးတို့၊ ကွန်ဖြူးရှပ်စ်တို့ စတဲ့ ပုဂ္ဂိုလ်ကြီးတွေက ကမ္ဘာလောကကြီးကို အလင်းရောင်တွေ ပေးခဲ့ပါတယ်၊ ဒါပေမယ့် အချိန်ကာလဆိုတဲ့ အရာနဲ့ ကြည့်လိုက်မယ်ဆိုရင်.သိပ်ပြီးတိုတောင်းလွန်းပါတယ်၊ ကမ္ဘာလောကကြီးကို လျှပ်စီးလက်သလို အလင်းရောင် လှစ်ပြခဲ့တဲ့ ပုဂ္ဂိုလ်ထူးကြီးတွေပါပဲ…အဲ့ဒီ အလင်းရောင် ကိုမြင်တာနဲ့လမ်းတွေ့ပြီဆိုရင်..အလင်းရောင်မှာ ကျေနပ်နေဖို့ မဟုတ်ဘူး၊ သူတို့ပြတဲ့ အလင်းရောင်မှာ တွေ့ရတဲ့ လမ်းအတိုင်း ပြေးသွားရမှာ မဟုတ်လား…အခုတော့ မင်းက အဆိုးဆုံးပဲ..ငါလို အရူးပီတာကြီး လက်ပြတဲ့ မှုန်တိ မှုန်ဝါး အလင်းရောင်ကလေးကို အားကျနေပြန်ပြီ…ငါကတော့ ဘယ်လောက်ကြာကြာ လက်ပြနိုင်မှာတုံး၊ အချိန်ကာလဆိုတဲ့ ကြီးမားတဲ့ အရာနဲ့ နှိုင်းယှဉ်လိုက်ရင် မျက်စိတမှိတ်ပဲ ရှိပါတယ်ကွာ..အဲဒါကြောင့် ပီတာကြီးကို အားမကျပါနဲ့…ပီတာကြီး လက်ပြတဲ့ မဖြစ်စလောက် အလင်းရောင်ကလေးမှာ.. မင်အနေနဲ့ မြင်ရတဲ့ မှုန်တိမှုန်ဝါး လမ်းကလေးမှာ အမြန်ဆုံး ပြေးလျှောက်သွားပါ မောင်အောင်ထွန်း" ဟုဆိုကာ ကျွန်ပ်၏ ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် ဘုန်းကနဲထုကာ…တဟားဟား ရယ်မောရင်း သွက်လက် လွတ်လပ်သော ခြေလှမ်းများဖြင့် ခြံအတွင်းမှ ထွက်သွားလေတော့ သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
မင်းသိင်္ခ
ဒီဆောင်းပါးလေးကို ဖတ်ရင်း လက်ကနဲရတဲ့ အလင်းရောင်လေး အောက်မှာ တွေ့တဲ့ လမ်းကလေးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို ဆန္ဒပြုပါတယ်။….မိတ်ဆွေတို့ရင် ထဲမှာ တစ်ခုခုကျန်ခဲ့မယ်… ဗဟုသုတရသွားမယ် ဆိုရင်… အဘဆရာကြီး ရောက်ရာဘုံဘဝ ကနေ ပြံးပြုံကြီးကြည့်လို့… ကျေနပ်နေလိမ့်မယ်ဆိုတာ…..မြင်ယောင်နေမိပါတော့တယ်ဗျာ……
ကိုဇော်လင်း
၂၈.၄.၂၀၁၅
Like · Comment · · T
Monday, April 27, 2015
မေတ္တာ ဂဗ္မီရနည်းလေး
အားလုံးသော ချစ်မိတ်ဆွေများ မင်္ဂလာပါဗျာ
ကျွန်တော် အခုလိုမျိုးရေးနေတာတွေက ကျွန်တော့် လက်ရှိအချိန်ထိ ကျင်လည်နေရတဲ့ ကာလလေးအတွင်း အတွေ့အကြုံလေးများကို ပြန်လည်မျှဝေရုံသက်သက်ရယ်ပါ၊ ဆရာကြီး မင်းသိင်္ခဆီ ရောက်ခဲ့စဉ်.. အဘက ဂဗ္မီရနည်းလေးတွေ ပြောပြတဲ့ အခါ လှဖေ မြမေ ဇတ်လမ်းလေးနဲ့ ပြောပြလေ့ရှိပါတယ်၊ အဘလာပြီဆို ကျွန်တော်တို့မှာ သိပ်ပျော်ရတာလေ… အဘက စာဖတ်အားကလဲ ကောင်း စကားပြောကလဲကောင်း တဝါးဝါး တဟားဟားနဲ့ ညဉ့်နက်တဲ့ အချိန်ထိ ကျွန်တော်တို့မှာ အိပ်ချင်တယ် ဆိုတာမရှိ၊ လဘ္ကရည်ဆိုတာ ခဏခဏ ကိုသောက်နေရတာဗျ..ပြီးရင်သူကိုယ်တိုင်လဲ 555 စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ်သောက်သလို ကျွန်တော်တို့ သင်တန်းသားတွေကိုလဲ ဆေးလိပ်တိုက်ပြန်တယ်၊ မနက်ဆိုလဲ အစောကြီးထ မျက်နှာသစ်ပြီး လွတ်လပ်ပျော်ရွှင်စွာပဲ ခန်းမထဲနေရာယူ အဘကိုမျှော်ရတာပေါ့…ကျွန်တော် မှော်ဘီ မရမ်းတလင်းခြံကို ရောက်တိုင်း အဘဆေးရုံတတ်နေရတဲ့ အချိန်နဲ့ပဲတိုးခဲ့ရပါတယ်၊ ဒါပေမယ့် အဘကသင်တန်းစဖွင့် တဲ့ရက်ဆို ဆရာဝန်ကြီးဆီ ခွင့်တောင်းပြီး ဆေးရုံဆင်းလာတာများတယ်လေ…၊ တစ်ခါတစ်လေများ အောက်ဆီဂျင်ပိုက်ကြီး တန်းလန်းနဲ့ပါဗျာ…အဘကြီးကျေးဇူးတွေ တကယ်ကို အပုံကြီးရှိနေခဲ့ရတာပါ .. သင်တန်းကဆင်းလာတော့လဲ ….နိုင်ငံကျော် စာရေးဆရာ ဗေဒင်ဆရာကြီး မင်းသိင်္ခဆီက ပြန်လာတာဟေ့ ဆိုရင် လူတွေက နေရင်းကို အထင်ကြီးနေတော့တာ ….ထားပါတော့ အခုပြောပြမှာက… အဘမကြာခဏ ပြောနေကြ…မေတ္တာ ဂဗ္မီရနည်းလေး တစ်ခုပါ…အကြိမ်ကြိမ်လုပ်ပေးခဲ့လို့ အောင်မြင်သွားတဲ့ သူတွေ အပုံကြီးရှိနေခဲ့ပါတယ်……လိုချင်ကြလားဗျာ……
ဒီနည်းလေးကို သားသမီးနဲ့ မိဘ မပြေလည်လို့…အထက်လူကြီး အောက်လူနဲ့ အဆင်မပြေလို့..မိတ်ဆွေအချင်းချင်း…မိသားစုချင်း….ချစ်သူနှစ်ဦး မပြေလည်တဲ့ ကိစ္စတွေမှာ အသုံးပြုလို့ရပါတယ်..ဘာမှမခက်ပါဘူး…..ညဘက်တိတ်ဆိတ်တဲ့ အချိန်လေးမှာ လင်ပန်းအနေတော်လေး တစ်ချပ်ထဲ သဲသန့်သန့်လေးထည့်ပါ…အဲဒီသဲက သူများအိမ်နောက်ဖေးကသဲ မဖြစ်ရပါဘူး၊ သဲပေါ်မှာ မိမိလက်ညှိုးလေးနဲ့ မိမိနဲ့ အဆင်မပြေသူ…ချစ်သူရဲ့ အမည်လေးကို ရေးရတယ်..ပြီးရင်အဲဒီရေးထားတဲ့ အပေါ်က နှင်းဆီပန်းလေး ၃ ပွင့်ကို လှဲပြီးတင်လိုက်.. အဲဒီအပေါ်က ရေခဲတုန်း အနေတော်လေးကို ဖိထားလိုက်ဗျာ၊ မောင်…..ဘယ်သူရဲ့ မေတ္တာတွေ…..မ……..ရဲ့အပေါ်ကို ဟောဒီရေခဲတုံးလေး အရည်ပျော် တစိမ့်စိမ့် စီးဝင်သွားသလို ငါ့ရဲမေတ္တာတွေ စီးဝင်သွားပါစေလို့ ဆုတောင်းရပါတယ်…. အနည်းဆုံး ၃ ရက် ဆက်တိုက်… ၅ရက်ဆက်တိုက် လုပ်ကြည့်လိုက်ပါ…ပြုလုပ်တဲ့သူရဲ့စေတနာကတော့ ရှေ့ကသွားပေါ့ဗျာ. ပန်းလေးညှိုးသွားရင် လဲပေးပေါ့ …ပြီးရင် သဲကိုစွန့်ပြစ်ပြီး..လင်ပန်းကို ပြန်သိမ်းထားလိုက်ပေါ့…နောက် အဆင်မပြေခဲ့ရင် ထပ်ပြီး အိုက်လိုလုပ်ပေါ့….ဒီနည်းနဲ့ အဆင်ပြေသွားတဲ့ ချစ်သူတွေ ညားကျလို့ ကလေးတောင်ရနေကြပါပြီ…အလုပ်ထဲမပြေလည်တဲ့ သူများလဲ ပြေလည်နေကြပါပြီ..အဘမင်းသိင်္ခ ပြောပြခဲ့တဲ့ မေတ္တာဂဗ္မီရနည်းလေးကို အလျဉ်းသင့်၍ ဖော်ပြပေးလိုက်ရပါကြောင်း …တင်ပြလိုက်ရပါတယ်… နောက်ပိုင်းတွေမှာ.. အဘကြီး ပြောပြခဲ့တဲ့ ဂဗ္မီရနည်းလေးတွေ… အဓိဌန်များကို ဆက်လက်ပြောပြပေးသွားပါမယ်….သိချင်တဲ့ သူများရှိနေကြလားဗျာ….
နောက်ပိုင်းတင်ဆက်ရန်……
• အလှုမင်္ဂလာပွဲများမှာ ဘာနဲ့ပဲ ဧည့်ခံ ဧည်ခံ..အရမ်းကောင်းတာပဲလို့ ပြောသွားရမယ့်နည်းများ
• လင်မယားချင်း အဆင်မပြေလို့ အနှိပ်သည်ဘုလေးနဲ့ စီရင်နည်း
• အပ်ချ မတ်ချ ယတြာ
• လုပ်သမျှ အရာထင် ဤဓါတ်ကိုဆင်
• အလုပ်အမြန်ရစေဖို့
• နိုင်ငံရပ်ခြားမှာ အလုပ်အဆင်ပြေအောင်
• ဘာပဲရောင်းရောင်း အမြန်ထွက်စေရန်
• စသဖြင့် …..လာပါမည်….မကြာမှီမျှော်…..
လေးစားစွာဖြင့်
ကိုဇော်လင်း
၂၆.၄.၂၀၁၅
ကိုဇော် လင်း's photo.
Like · Comment · Share · Translate
ကိုဇော် လင်း's photo.
Add caption
Sunday, April 26, 2015
၁၃၇၇ ခုနှစ် အကြောင်းသိကောင်းစရာ (၁) Ko Soekhine
2 hrs ·
၁၃၇၇ ခုနှစ် အကြောင်း သိကောင်းစရာ (၁)
=============================
နှစ်သစ်တစ်ခုဖြစ်သည့် ၁၃၇၇ခုနှစ်ကတော့ …ရောက်ရှိလို့ဖြင့်လာပါလေပြီ။
ကျွန်တော် စာမရေးနိုင်ဖြစ်နေခဲ့သည်မှာကြာမြင့်ခဲ့ပါပြီ။ ဒီတစ်နှစ်တော့ စာကြွေးများ ၊ ဟောစာတမ်းကြွေးများ ကျားကုတ်ကျားခဲ ကျွန်တော်ပြန်ဆပ်ရပါမည်။ ယခု …………နှစ်သစ်ဖြစ်သည့် ၁၃၇၇ခုနှစ် အကြောင်း မဟာဘုတ်ရှုထောင့်အမြင်မှ တင်ပြပေးသွားပါမည်။
==============================
သည်တစ်နှစ်မှာ တော့ တနင်္ဂနွေဂြိုဟ် (နေမင်း) ဟာ မရဏဌာနမှာ ရောက်ရှိလို့လာပါတယ်။ ဒီအနေအထားသည် …ကမ္ဘာပေါ်မှာ သယံဇာတ ပြုန်းတီးမှု ပြဿနာအချို့ ထင်ထင်ရှားရှား ပေါ်ပေါက်လာစေနိုင်သည့် အနေအထားကို ဖော်ပြပါတယ်။ ကမ္ဘာ့နိုင်ငံအချို့ ..စီးပွားရေးအရ ကြီးမားစွာ ထိခိုက်မှု ရှိလာနိုင်သည့် အနေအထားတစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးအနေအထားမှာလည်း…မကြုံစဖူး ထူးခြား ဖြစ်စဉ်တွေနဲ့ သမာရိုးကျ ပုံမှန် စီးပွားရေး ကဏ္ဍအချို့ ဆက်လက်လုပ်ဆောင်မရတော့ပဲ ရပ်ဆိုင်းပစ်ရမယ့် အနေအထားတွေ ပေါ်ပေါက်လာပါမယ်။
လူသားတွေဟာ သည်တစ်နှစ်မှာ …ပုံမှန်လုပ်ဆောင်လာရသော လုပ်ရိုးလုပ်စဉ်တွေကို မုန်းတီးငြီးငွေ့လာကြပြီး ၊ လမ်းကြောင်းသစ်တွေ ၊ နည်းပညာသစ်တွေ ၊ စနစ်သစ်တွေကို တောင့်တလာကြပါမယ်။ အလွန်အရေးကြီးလှတဲ့ သည့်အချက်ကြောင့်ပဲ နိုင်ငံများစွာမှာ …………………….
စီးပွားရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ …နည်းလမ်းသစ်များ ပေါ်ပေါက်လာပါမယ်။ နဂိုသွားနေကြ ပုံမှန်လမ်းကြောင်း ကနေ သွားလို့ ဘယ်လိုမှ မရတော့တဲ့အခြေအနေတွေကိုလည်း ရင်ဆိုင်လာကြရပါလိမ့်မယ်။ လူတွေမှာ ကိုယ်ဆီနာမည်ရှိကြသလို…ထိုနာမည်အလိုက် အကျိုးအပြစ်တွေလည်း ကွာခြားကြပါတယ်။
ထို့နည်းတူစွာပင် …နိုင်ငံများစွာမှာလည်း …နိုင်ငံအမည်ကိုယ်ဆီရှိကြပြီး ထိုနိုင်ငံအမည်အများအလိုက် ကောဇာနှစ်အပြောင်းအလဲမှာ …ထူးခြားသောအပြောင်းအလဲများ ထပ်တူလိုက်ပါလာကြပါတယ်။
ဥပမာအားဖြင့် သည်တစ်နှစ်မှာ အမေရိကန် နိုင်ငံလို ကမ္ဘာ့အင်အားကြီးနိုင်ငံမျိုး ရဲ့အမည်ဟာ မဟာဘုတ်ပက္ခလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး ….တနင်္ဂနွေဂြိုဟ်အထူးအားနဲသော နိုင်ငံအမည်အဖြစ်တွေ့ကြရပါမယ်။ နိုင်ငံရေးဗေဒင်ကို … ခုနှစ်ခုစား မဟာဘုတ်ပညာနဲ့ ဟောလို့ရပါ့မလားလို့ သံသယ ရှိစရာကောင်းပေမယ့် …ကျွန်တော့်အမြင်အရတော့ ….သည်တစ်နှစ်မှာ အမေရိကန်လို နိုင်ငံမျိုးဟာ …တနင်္ဂနွေအားနဲမှုကို မုချရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ …သဘာဝစွမ်းအင်နဲ့ သယံဇာတ ဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ပိုမိုကျရောက်လာပါမယ်။ ထိပ်ပိုင်းအဆင့် ခေါင်းဆောင်အချို့ …နှုတ်ထွက် ရခြင်း၊ အနားယူရခြင်းတွေ ပေါ်ပေါက်လာနိုင်ပြီး၊ သဘာဝဘေးအန္တရယ်များစွာကိုလည်း အမေရိကန် နိုင်ငံအဖို့ ရင်ဆိုင်ရဖို့ အလားအလာတွေ ရှိနေတာကိုတွေ့ရပါတယ်။
ထို့နည်းတူစွာ မြန်မာနိုင်ငံသည်လည်း ဘင်္ဂ+ဘင်္ဂ ပက္ခလမ်းကြောင်းပေါ်မှာ ရပ်တည်လာရချိန်ဖြစ်ပါတယ်။ ဒီအချက်ကတော့ လက်ရှိခုနှစ်အတွင်း မြန်မာနိုင်ငံအဖို့ …ငွေကြေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပြီး၊ နိုင်ငံမှာ ပညာရှင်လိုအပ်ချက်တွေ အများအပြား ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် …ဒီတစ်နှစ်မှာ မြန်မာနိုင်ငံအတွင်းကို ပြည်ပက ပညာရှင်တွေပါ အများအပြား ဖိတ်ခေါ်လာရနိုင်တယ်လို့ ယူဆမိပါတယ်။ ထို့အတူ ကြီးမားတဲ့ ပညာရေးရာ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာပေါ်ပေါက်လာနိုင်တဲ့ နှစ်တစ်နှစ်ပါပဲ။ (လက်ရှိလဲ တာစူနေပြီဖြစ်တဲ့အချက်ဖြစ်တာကြောင့် …အသေးစိတ်မရေးလိုတော့ပါ။)
တနင်္ဂနွေဂြိုဟ် မရဏဌာန မှာရပ်တည်နေသော ယခုလို ကောဇာနှစ်မျိုးဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိတဲ့ အကြီးအကဲများ ခေါင်းဆောင်များကို အနားယူရတတ်စေသော၊ နှုတ်ထွက်ရတတ်စေသော၊ သေဆုံးရစေတတ်သော နှစ်မျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ကတော့ ရွက်ဟောင်းတွေ ကြွေချိန်ပါ။ နိုင်ငံများစွာမှာ ဥပဒေရေးရာ အပြောင်းအလဲတွေ၊ ဥပဒေအချို့ ပယ်ဖျက်ရုတ်သိမ်းရခြင်းတွေ ဖြစ်ပေါ်လာပါမယ်။ ဒါကြောင့် ….တော်လှန်ပြောင်းလဲလိုသူတွေအတွက်တော့ ….အခွင့်သာတဲ့ နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။
သမားတု သမားယောင်တွေ ပေါများတတ်ချိန်မျိုးဖြစ်သလို…ဆေးဝါးအတုများ ၊ ဥပဒေနှင့်မလွတ်ကင်းသော ဆေးဝါးများ လည်း ကမ္ဘာနဲ့အ၀ှမ်းမှာ …ပိုမိုကျယ်ပြန့်လာပါမယ်။ ဒါကြောင့် မိဘများစွာမှနေပြီး မိမိတို့သားသမီးများ အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုကို စိုးရိမ်ပူပန်ရဖို့ အလားအလာရှိတဲ့ နှစ်တစ်နှစ်ပါပဲ။ ရေးသလောက်ကျယ်ပြန့်မယ့်ကိစ္စဖြစ်တာကြောင့် တနင်္ဂနွေဂြိုဟ်အနေအထားအရ ကံဇာတာကို သည်မျှနဲ့ရပ်ပြီး …တနင်္လာဂြိုဟ်အနေအထားကို ဆက်လက်လေ့လာကြပါစို့..။
တနင်္လာဂြိုဟ် (လမင်း) ကတော့ သည်တစ်နှစ်မှာ အဓိပတိဌာနမှာ ရပ်တည်လို့ဖြင့်လာပါတယ်။ တနင်္လာဂြိုဟ် အဓိပတိဌာနမှာ ရပ်တည်လာသည့် အင်အားကတော့ ………သည်တစ်နှစ်မှာ ..ပညာသင်ကြားရေးဆိုင်ရာ တော်လှန်ပြောင်းလဲမှုများစွာ မုချပေါ်ပေါက်လာတော့မယ်ဆိုတာကို ညွှန်ပြလို့ဖြင့်နေပါတော့တယ်။ ကျောင်းတွေ၊ သင်တန်းတွေ အပြိုင်အဆိုင် မှိုလိုပေါက်လာပါမယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း၊ သင်တန်းတစ်ခုနဲ့ တစ်ခု အားပြိုင်မှုတွေ များပြားလာပါမယ်။ အသင်းအဖွဲ့တွေ၊ ပါတီတွေ ဟာ မိုးဦးကျမှိုတွေလိုပဲ…အလျှိုလျှို ပေါ်ပေါက်လာမှာဖြစ်ပြီး…တစ်ခုနဲ့တစ်ခုလည်း အားပြိုင်အနိုင်လုလာကြတတ်ချိန်ပါ။
လူငယ်တွေကြားမှာတော့ တနင်္လာဂြိုဟ်ရဲ့သည်အနေအထားဟာ…ယဉ်ကား ပြိုင်ပွဲများ၊ စတန့်ထွင်မောင်းနှင်မှုများ အလွန်များပြားလာစေမယ့် ဂြိုဟ်နေတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သူမိဘများ အနေနဲ့ မိမိတို့သားသမီးကို ယဉ်ကားမောင်းနှင်ရာမှာ မျက်နှာလွှဲခဲပစ်လွှတ်ပေးထားလို့ မရနိုင်တဲ့ နှစ်မျိုးပါ။ စက်ဘီးစီးနိုင်တဲ့ ကလေးငယ်တွေတောင် စက်ဘီးပြိုင်နင်းဖို့ …အားပြိုင်လိုစိတ်ဝင်လာစေတတ်သော သည်တစ်နှစ်မှာ ယဉ်အန္တယ် ကဏ္ဍတွေလည်း တစ်ကမ္ဘာလုံးမှာ ထူထပ်ပေါများလာပါလိမ့်မယ်။
တနင်္လာဂြိုဟ်ဟာ ရေပြင်ကို အစိုးရသည့်ဂြိုဟ်လည်းဖြစ်တာကြောင့်….သည်တစ်နှစ်ထူးခြားချက်ကတော့ ကမ္ဘာ့နိုင်ငံအချို့အနေနဲ့ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ မုချရင်ဆိုင်လာကြရပါမယ်။ ပဲခူးဆားလို နေရာတစ်ကာပါတတ်တဲ့ …မောင်အမေရိကန်ကြီးလည်း ..ဒီကံထဲမှာ ကြားညှပ်ပါနေဦးမှာ မြင်နေရပါတယ်။
တနင်္လာဂြိုဟ်ဟာ ရင်းနှီးသူများနဲ့ ဆွေမျိုးသွေးသားများကို ညွှန်းဆိုဖော်ပြသော ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒါကြောင့်….မိမိတို့ချစ်လှပါပြီဆိုတဲ့ သူများ၊ တမိုးအောက်အတူနေသူများ၊ တစ်အူတုံဆင်းသွေးချင်းများ အချင်းချင်း …ရန်ပြုအားပြိုင်ရတတ်သော ကာလကို ဖော်ပြပါဆိုရင်ဖြင့် သည်ယခုလိုနှစ်မျိုး ဖြစ်တဲ့ …၁၃၇၇ခုနှစ်ကို ဖော်ပြရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် …. ဆွေမျိုးစုအတွင်း ဆိုင်ရာ အမွေလုပွဲများ၊ အားပြိုင်မှုများ၊ ရန်ပွဲများ ဖြစ်စေနိုင်သော သည်လိုနှစ်မျိုးမှာ မေတ္တာတရားကို ခါတိုင်းထက်…ပိုမိုထားနိုင်ပါမှသာ …အေးချမ်းကြပါလိမ့်မယ်။
ကမ္ဘာအရပ်ရပ်မှာ …..ပုခက်လွှဲသောလက်များ ပိုမိုကြီးစိုးလာကြမယ့် သည်တစ်နှစ် ၁၃၇၇ခုနှစ် ဖြစ်ပါတယ်။ အမျိုးသမီးအကြီးအကဲများစွာ ပိုမိုပေါ်ထွက်လာပါမယ်။ ဒါကြောင့် လေဒီတွေထွန်းပေါက်အောင်မြင်နိုင်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ပုရိသတွေ တစ်ဖြုတ်ဖြုတ်ကြွေတတ်ပြီး…. သုံးတောင်ဝတ်မိန်းမသားတွေ အစွမ်းပြလာတတ်သည့်နှစ်မျိုးဖြစ်တာကြောင့် .. အိမ်သူချစ်ဇနီးသော်မှ …မာမာပြောမိရင် …မကြုံစဖူး ခွန်းတုံ့ပြန်ရဖို့ကိန်း ရှိပါတယ် ဆိုတဲ့အကြောင်းတင်ပြရင်း……………………….
ဆောင်းပါးရှည်ပြီမို့…………
၁၃၇၇ခုနှစ်အကြောင်း သိကောင်းစရာ (၂) မှာမှ ကျန်သည့်ဂြိုဟ်အနေအထားများနဲ့ ဟောကိန်းများကို ဆက်လက်တင်ပြဆွေးနွေးပေးသွားပါတော့မည်ခင်ဗျား။
စာဖတ်သူအားလုံးကို
လေးစားမြတ်နိုးလှစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးခိုင် phone 09 318 17287
Like
အားလုံးသော မိတ်ဆွေများ မင်္ဂလာညချမ်းလေးပါ...
ကိုယ်စိတ်နှစ်လုံးရွှင်ပြုံးချမ်းသာကြပါစေသတည်း။
အကျိုးပြုဆန်းဗေဒင် အဖွဲ့ကြီးမှာ တာဝန်ကိုယ်စီယူကြလို့....မိမိတို့ရဲ့ ကျွမ်းကျင်ရာ လိမ္မာရာ..လေ့လာမိသလောက်လေးတွေကို ..တတ်နိုင်သမျှ..ပြန်လည်ဝေမျှပေးကြတာ..တွေ့ရလို့
တကယ့်ကိုယ် ဝမ်းသာပီတီဖြစ်ရပါတယ်။
စာဖတ်သူတို့ရဲ့ Like ကလေးတစ်ချက်ဟာ..ကိုကတော့ နှိပ်လိုက်တာ ဘယ်လို အကြောင်းနဲ့ပဲဖြစ်စေ...ခင်မင်လို့ပဲဖြစ်ဖြစ်
တကယ်ဖတ်ကြတာပဲဖြစ်ဖြစ်...အဲ့ဒီ like ကလေးတစ်ချက်ဟာ.စာရေးသူတို့အတွက် ..တကယ့်ကိုခွန်အား
ဖြစ်စေပါတယ်။ တနည်းအားဖြင့် စာရေးတဲ့သူကို အသိအမှတ်ပြုလိုက်တဲ့ သဘောသက်ရောက်သွားပါတယ်။ အဲ့ဒီကံ ကလေးက နယ်နယ်ရရတော့ မဟုတ်ပါဘူးမိတ်ဆွေ
တို့ရေ....အသိအမှတ်ပြုခြင်း၊ အလေးအမြတ်ထားခြင်း
ဓလေ့ထုံးစံ၊ ဘုန်းတန်ခိုး၊ နိုင်ငံသားတိုင်း အလေးအမြတ်ထားခြင်း လိုက်နာကျင့်သုံးရတဲ့ ဥပဒေ
ကျေးဇူးတရား ၊ အဖိုးတန်ကျောက်မြတ်ရတနာများ
ဘုန်းတန်ခိုး၊ အသက်ရှည်ခြင်း၊ စတဲ့ ဂြိုလ်ပရိယာယ်များကို ကိုယ်စားပြုတဲ့ တနင်္ဂနွေဂြိုလ်
င်္်လေး အားကောင်းလာစေပါတယ်။ မိမိတို့ရဲ့ လက်ဖုဝါးပြင်မှာဆိုရင်လက်သူကြွယ်အောက်တည့်တည့်က ဂြိုလ်ခုံလေးဟာ တနင်္ဂနွေဂြိုလ်ပိုင်ဆိုင်တဲ့.နယ်မြေလေးပါ။.
လူတစ်ယောက်ကို ဇာတာခွင်ချပြီးတော့ပဲ တွက်တွက်...လက်ရိုးပဲဖြစ်ဖြစ်...လက်ဆန်းပဲဖြစ်ဖြစ်.လက္ခဏာကို သုံးသပ်လို့ပဲဖြစ်ဖြစ် ...တနင်္ဂနွေ ဂြိုလ်နဲ့
တနင်္လာ ဂြိုလ်လေး နှစ်ချက်ကို သုံးသပ်လိုက်တာနဲ့တင်...အဲ့ဒီသူရဲ့ ဘဝဖြစ်စဉ်
တော်တော်များများကို ပုံဖော်လို့ရနိုင်တယ်လို့
လေ့လာမိပါတယ်၊
အဲ့ဒီတော့ပြောချင်တာက ကိုယ့်မှာ အဲ့ဒီတနင်္ဂနွေဂြိုလ်လေးအားနည်းနေတဲ့ အချိန်လေးမှာ အသက်မွေးမှုဆိုင်ရာများ ခက်ခဲလာခြင်း၊ ဥပဒေဖြင့် မတရားညဉ်းဆဲခံရခြင်း
အလုပ်အကိုင်အဆင်မပြေလာခြင်း၊ အင်္ဂါသားသမီးများဆိုရင်တော့ မူလကထဲက သူရဲ့
ဌာနဂြိုလ်ကဖြစ်နေပြန်တော့ ပိုလို့ဆိုးတော့တာပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ် အဲ့ဒီဂြိုလ်လေးကောင်းနေတဲ့သူကလဲ
ကောင်းသထက်ကောင်းသွားရအောင်
ညံနေတဲ့သူကလဲ ပြန်ကောင်းသွားအောင်
ကာကွယ်ထားကြပါဆို့လားဗျာ........
ကျေးဇူးတရားနဲ့ ဆိုင်တဲ့ဂြိုလ်ဖြစ်လို့ နေ့စဉ်ပဌန်းပူဇော်ခြင်း...ကို့အပေါ်ကျေးဇူးရှိသူများကို
တတ်စွမ်းနိုင်သမျှကျေးဇူးဆပ်ခြင်း၊ ဘုရားရှင်ကို
ဆွမ်းဦး ဆွမ်းဖျား အာရုံဆွမ်းများ ကပ်လှုခြင်း
မိဘများကို တရားဘာဝနာအားထုတ်ခွင့်ရအောင်
ဆောင်ရွက်ပေးခြင်းများ...စတဲ့ ကုသိုလ်ကံလေးတွေကို အတတ်နိုင်ဆုံးဆောင်ရွက်ကြည့်ကြပါလို့.သာ....
လေးစားစွာဖြင့်
ကိုဇော်လင်း
၂၅.၄.၂၀၁၅
Saturday, April 25, 2015
သို့
#‎အားလုံးသော‬ ချစ်မိတ်ဆွေများ မင်္ဂလာညချမ်းလေးပါဗျာ
ကျွန်တော်တို့ Group လေးမှာ အဖွဲ့ဝင် အချင်းချင်း ညီညွတ်တာရယ် တစ်ဦးနှင့် တစ်ဦးချစ်ချစ်ခင်ခင် ရင်နှီးစွာ တွေ့ရတော့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့တွေမှာလဲ နေ့စဉ်နဲ့အမျှ အများ အကျိုးပြု စာပေလေးတွေ ဗေဒင်ပညာရပ်နဲ့ ပတ်သက်တာလေးတွေ ဘယ်သူကဘယ်အပိုင်းလေးကို တာဝန်ယူပေးပါ၊ ဘယ်သူကတော့ ဘာလေးတွေ တာဝန်ယူပြီးတင်ပေးပါဆိုပြီး အမြဲတမ်းဆွေးနွေးနေ ကြရတာပါ။ ဘာပဲဖြစ်ဖြစ် တနေ့ထက် တနေ့ အဖွဲ့ဝင် အင်အားကလဲ တဖြည်းဖြည်းနဲ့များ လာပါပြီ။ ကိုယ်ထက် အတွေ့ကြုံလဲရှိ ဝါရင့် ဆရာသမားများထံမှာလဲ အခါအားလျော်စွာ တိုင်ပင်ခြင်း ဆရာသမားတွေရဲ့ လမ်းညွှန်မှု့တွေကို နာခံရင်းနဲ့ ထိမ်းသိမ်းလာခဲ့တာ အခုဆိုရင် အတိုင်းအတာ တစ်ခုထိတော့ ခရီးရောက်နေပြီလို့ ဆိုရမှာပေါ့နော်။ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာလဲ ဆရာသမားတွေလဲ ရှိကြမယ်ထင်ပါတယ်၊ ဆရာတို့ အနေနဲ့လဲ ဆရာတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ပညာရပ်ပိုင်းဆိုင်ရာ တွေလဲတင်ပေးကြပါ ဝိုင်းဝန်းဆွေးနွေး ပေးကြပါလို့လဲ ကျွန်တော်များ အဖွဲ့မှ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။ အခုဆိုရင် တစ်ချို့သော မဟာဘုတ်ပညာရပ် ဆိုင်ရာ အယူအဆများဟာ ဆိုရင် ဘယ်ကျမ်း ဘယ်စာအုပ်မှာမှ ရှာမရနိုင်လောက်တဲ့ အယူအဆမျိုးတွေ ပါပါတယ်။ ဆရာဖြစ်သူဟာ ဘဝအတွေ့အကြုံများစွာ လက်တွေ့သုတေသနပေါင်း များစွာနဲ့ ရှာဖွေထားတာတွေ တင်ဆက်နေတာလေးတွေလဲ မိတ်ဆွေတို့ အမြင်ပဲဖြစ်ပါတယ်။ တစ်ချို့ အယူအဆတွေ ဟာ Online လိုနေရာမျိုးမှာ ချပြလို့မရတဲ့ အပိုင်းတွေလဲ ရှိနေပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ လူအမျိုးမျိုး စိတ်အမျိုးမျိုးမှာ မသမာတဲ့ နည်းတွေနဲ့ အသုံးချသွားမှာ စိုးရိမ်တဲ့ အတွက်ကြောင့် မြန်မာ့ရိုးရာ လက်ဆန်းပညာဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနေသလိုမျိုး ရင်ထဲမှာ တကယ်ခံစားရပါတယ်။ မှန်သော သစ္စာစကားပါဗျာ။ တစ်ချို့ဆိုရင် အယူအဆအမှားကြီးတွေကို တသက်လုံး လက်ကိုင်ထားလို့ ဒိုးကနဲ ဒေါက်ကနဲဟောလိုက်လို့ မှန်တယ်ဆိုရင်ပဲ အတော်ကို ကျေနပ်နေသူများလဲ တော်တော်များများ လေ့လာမိပါတယ်။ တကယ်တမ်းကျတော့ ဗေဒင်ဆရာတွေဟာ တန်ခိုးရှင်တွေ မဟုတ်သလို ဥုံ ဖွ လို့မန်းရုံနဲ့လဲ လူတွေရဲ့ အခက်အခဲကို မဖြေရှင်းနိုင်ပါဘူး၊ အဲဒီလိုဖြေရှင်းနိုင်တဲ့ ဆရာနဲ့တွေခဲ့ ကြုံခဲ့ရင်လဲ မိတ်ဆွေတို့ အနေနဲ့ ရှိတာကုန်ဖို့သာ ပြင်ထားပေတော့လို့ သာ ပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာရိုးရာ လက်ဆန်းဗေဒင်ပညာရပ်မှာ တစ်ချို့က မဟာဘုတ် " မဟုတ်ပါကွာ" လို့ဆိုကြပါတယ်။ အဲဒီသူတွေ အတွက် ကျွန်တော်ကြားထဲကနေ တကယ် စိတ်မကောင်းပါဘူး၊ အခုဆိုရင် မဟာဘုတ်ဆိုင်ရာ အယူအဆတွေ ဟာ အပင်ပန်းခံစရာ မလို ကလစ်ကလေးတစ်ချက် နှိပ်လိုက်ရုံနဲ့ သိခွင့်ရနေတဲ့ ကံဟာ ပေါ်သေးသေးတော့ မဟုတ်ဘူးနော်။ တစ်ချို့သော အယူအဆတွေ့ကျတော့ ဆရာဖြစ်သူနဲ့ အနီးကပ်လေ့လာ သင်ယူမှသာလျင် ပညာရပ်အပေါ် မြင်သွားတဲ့ အပိုင်းတွေရှိနေပါတယ်။ ပညာရပ်ဆိုင်ရာ အမြင်လေးကနေ ထိုးထွင်းသိမြင်ခြင်း ကို့ရဲ ကံလေးကို လက်ရှိမှာကောင်းအောင် ပြုပြင်လို့ရနိုင်သလို နောင်သံသရာမှာလဲ ကောင်းအောင် လုပ်ယူလို့ရပါတယ်။ အဲဒီမှာရင်နာစရာကောင်းတာက တစ်ချို့သောမိဘတွေ ရင်သွေးငယ်လေးတွေကို အမည်လေးလှရင် ပြီးရော အဘွားကတစ်မျိုး အဘိုးကတစ်မျိုး နဲ့ လုပ်ချင်သလိုလုပ်နေကြလို့ ပညတ်နဲ့ဆန်းဝင် ဆိုဆုံးမလို့မရတာတွေ ပြောစကားနားမထောင်တဲ့ ကလေးတွေ ငယ်ရွယ်စဉ်မှာ ကျန်းမာရေးတွေ ဆိုးဆိုးဝါးဝါတွေဖြစ် တစ်ချို့သော ကလေးတွေများကြတော့ ငယ်တုန်းတော့ ငါ့သားလေးက မပီကလာ ပီကလာလေးဆဲပြတာကို အဟုတ်ကြီးထင်ကြ…အဲဒီကလေးက မိဘရဲ့ ဆိုးမွေး ကောင်းမွေ အတုခိုးနေမှန်း မသိ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကြုံတုန်းပြောပြလိုက်ပါဦးမယ်၊ တနင်္လာ အဖျားလုံးနဲ့ မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင် မိမိတို့ရဲ့ရင်သွေးလေးတွေမှာ ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် သင်ယူတတ်ကြတဲ့ ကလေးတွေဖြစ်နေတာ တွေ့ရပါတယ်။
ရပ်ကွက်ထဲမှာ တစ်ယောက်ရှိသေးတယ်…မိဘက ပိုက်ဆံလေးကရှိ အမည်အဖျားလုံးက အင်္ဂါနဲ့ မှည့်ထားတာ…အဖေဖြစ်သူက မူးရူးပြီးသောင်းကျန်း ဟေ့ကောင် ဘယ်သူနဲ့ဘာဖြစ်ဖြစ် မင်းခံလာရရင် မင်းကိုငါဆော်မယ်၊ ကိုယ်ကဦးအောင်လုပ်ခဲ့ ဆိုတာလာသေးတယ်၊ တကယ်လဲ အဲဒီကလေး ငယ်ငယ်လေးနဲ့ကို ဖိုက်တင် Play နေပြီ… လေ့လာကြည့်တော့ အဲ့ဒီကလေး မဟာဘုတ် ၆ ကြွင်း တနင်္လာသားဗျာ… ၃င်္ဂါ အဖျားလုံး ကတကယ့် Fighting ဂြိုလ်..ကသစ်ရထားတာ….တကယ်လို့များ ဒီကလေးကို အင်ဂျင်နီယာ အတတ်ပညာများ၊ လက်တွေ့ဆန်တဲ့ အလုပ်များ ရွေးချယ်ပေးခြင်း၊ စစ်မူထမ်းခြင်း အလုပ်မျိုးတွေ ငယ်ငယ်လေးထဲက မိဘတွေက ကောင်းသော ပုံသွင်းတာလေးများ လုပ်ပေးလိုက်လို့ ကတော့ဗျာ…ဘာပြောကောင်းမလဲ..ကိုယ့်မိသားစုလဲ နောင်ရေးအတွက် စိတ်အေးရ ကလေးအတွက် ကြီးလာသည်အထိ ပူပင်စရာ မလို…
ရေးရင်းနဲ့ စာလဲအတော်ကိုရှည်သွားပြီဗျာ..အခါအခွင့်သင့်တုန်းလေး မိတ်ဆွေတို့ကို ပြောချင်တာက စာများများဖတ်ကြပါ။ မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်ကို လက်တွေ့နဲ့ပေါင်းစပ်ပြီး သုတေသန ပြုကြပါ။ ဆရာသမားတွေဆီ လေ့လာချဉ်းကပ်ပြီး သင်ယူကြပါ၊ မိမိတို့ရဲ့ ကံကို ကောင်းသည်ထက် ကောင်းအောင် မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်များလေ့လာသင်ယူလို့ ပြုပြင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း
ကိုယ်စိတ်နှစ်ဖြာရွှင်လမ်းချမ်းမြေ့ကြပါစေ
ကိုဇော်လင်း
09 420307299. 0997698310
Friday, April 24, 2015
ဂဗ္မီရပညာရှင်များသို့
သို့
‪#‎ဂဗ္မီရပညာရှင်များသို့စာစု‬
ကျွန်တော်တို့ ဗေဒင်ဆရာဆိုတာ အသံနဲ့ အလုပ်လုပ်ကြရတာပါ။ ဆရာဖြစ်တဲ့သူဟာ အရေးကြီးဆုံးက အသံအောင်မြင်နေရပါမယ်။ ဟောချက်နဲ့ မျက်နှာ အမူအရာလဲ ကိုက်နေရပါမယ်။ မျက်လုံးသူငယ်အိမ်ဟာ ငြိမ်နေရပါမယ်။ ဟောချက်နဲ့ မျက်နှာ အမူအရာကိုက်ညီဖို့ဆိုတာက (ဥပမာဆိုကြပါဆို့) ခင်ဗျား ဒီနှစ်ထောင်ကျနိုင်တယ်ဗျို့ ဟဲဟဲ ...ဆိုပြီး ရယ်နေလို့မရပါဘူး။ အလွန်ကို စိတ်မကောင်းဖြစ်နေတဲ့ အသံမျိုးဖြစ်နေရပါမယ်။ ခင်ဗျားကတော့ သေချာပေါက် ဒီနှစ်ထီပေါက်တော့မှာ ဟေ့ဆိုလဲ အလွန်ကိုအောင်မြင်တဲ့ အသံမျိုးဖြစ်နေရပါတယ်။ ကိုအိမ်ရဲ့ခေါင်းရင်းဘက်ခြမ်းလေးမှာ ဒါမှမဟုတ်ရင် ဘုရားခန်းဘက်လေးမှာ သီးသန့် Tample လေးထားရတယ်။ အဲ့ဒါကိုယ်ရဲ့ ဂဗ္မီရစားပွဲလေးပေါ့။ နေ့စဉ်နေ့တိုင်း ဂဗ္မီရစားပွဲလေးကိုကိုင်ပြီး ဒိဝါတပတိဂါထာရွတ် မေတ္တာ ပွားပေးရတယ်။ ဒီနေရာမှာ ဆရာကြီးလမ်းညွှန်ခဲ့တာကတော့အလွန်လျို့ဝှက်ရှားပါးတဲ့သူရသာတီဂါထာလေး ရွတ်ပေးရတယ်။ ကိုယ်ရဲ့ စားပွဲလေးမှာ ယတြာပေးတာတို့ တခြားအင်းစီရင်တာတို့ လုပ်ရတာပေါ့။ အဲ့ဒီစားပွဲမှာ တခြားပစ္စည်းတွေ မတင်ရဘူးဗျ။ ဂဗ္ဗီရ နဲ့ ပက်သတ်တဲ့ ပစ္စည်းလေးတွေ တင်ခွင့်ရှိတယ်။ ကိုယ်ရဲ့ စားပွဲလေးကို ကျောက်သင်ပုန်းရောင် သင်္ဘောဆေးလေးသုတ်ပေါ့။ ပြီးတော့ ကိုယ်လေးစားရတဲ့ ဘိုးတော် မယ်တော်ပုံလေးထား ကိုယ့် ဆရာသမားရဲ့ ပုံတွေဘာတွေတင်ခွင့်ရှိတယ်။ ပန်းအိုးလေးတစ်လုံးမှာ ကို့ရဲ့ အမြစ်အညွန့်ပန်းလေး ထိုးထား လိုက်ပေါ့။ ကို အမြဲသောက်တဲ့ သောက်ရေခွက် ရေမန်းခွက်ကလေးတွေ ပိရမစ်ပုံလေးတွေ ထားရတယ်ဗျ။ အသံသြဇာ ကောင်းဖို့က နေ့စဉ် ဥုမ် ပုတီးတပတ်လောက်စိတ်ကြည့်။ ဒါမှမဟုတ်ရင် အ..အာ.....အိ.......အီ....အု.....အူ......အေ.....အဲ......အောဆိုတာလေး ပါးစပ်ကလေးပိတ်ပြီးရွတ် နေ့စဉ်လေ့ကျင့်ပေးရတယ်။ ကိုရဲ့ မိတ်ကိုယ်ဓါတ်အုပ်တဲ့ အသား ဒါမှမဟုတ် အမြစ်အညွန့်သား(သို့) မဟာဘုတ်နဲ့ အင်္ဂါဝိဇ္ဇာတိုင်အရ အကျိုးအပြစ်အလွတ်ဆုံး အသန့်ရှင်းဆုံးဂြိုလ်ရဲ့ အသားလေးနဲ့ ပုတီးလေးလုပ်ထား နေ့စဉ် ပုတီးစိတ်ပေါ့ဗျာ၊ နောက်တစ်ခုက မြန်မာပြည်ရဲ့ အမြင့်ဆုံးပိုက်ဆံလေး တစ်ရွက်ကို မှန်လေးအောက်မှာထား အလွန်အားကောင်းတဲ့ သံလိုက်တုံးလေး တစ်တုံးနဲ့ ဖိထားပေါ့ ၊မနက်မိုးလင်းလို့ ဟောခန်းဖွင့်တာနဲ့ E..A..EA..O..EA..EA........O အသံရှည်လေးရွတ်.ရွတ်နေတဲ့ အချိန် ဖယောင်းတိုင်လေးတစ်တိုင်ထွန်းထား....သံစဉ်လေးရွတ်ပြီးတဲ့ အခါ လက်ဝါးလေးနှစ်ဖက်ကို ဖြောင်းကနဲ့ ရိုက်မီးငြိမ်းသက်လိုက်တဲ့ အခါ တနေ့တာ ဗေဒင်ဆိုင်ခန်းဖွင့် တဲ့လုပ်ငန်းလေး စတင်နိုင်ပါပြီဗျာ။ လောကမှာ ကိုယ်ထက်အောင်မြင်နေတဲ့ သူတွေက အများကြီးပါ ။ဆိုကြပါစို့ အလွန်မာကျောတဲ့ သစ်တုံးတစ်တုံးကို သံချောင်းတစ်ချောင်း ဒိုင်းကနဲ အားကုန်ရိုက်လိုက်တဲ့အခါ အဲ့ဒီသစ်တုံးဟာ သံချောင်းတစ်ချောင်းစာ နေရဖယ်ပေးရတော့တာဗျို့၊
ဒီဂဗ္မီရနည်းလေးဟာ ဗေဒင်ဆရာ တွေမှ မဟုတ်ပါဘူး၊ ဂဗ္မီရပညာကို စိတ်ဝင်စားသူ မည်သူမဆို လုပ်လို့ရပါတယ်ဆိုတာ...တင်ပြရင်း
လောကီ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးများ
ရရှိနိုင်ကြပါစေလို့.....ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
ဆက်လက်တင်ပြပါဦးမည်။
ကိုဇော်လင်း
၂၃.၄.၂၀၁၅
Tuesday, April 21, 2015
ရတနာ
ရတနာ …
=======
ကျွန်တော် တို့ ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးကန်တော့ကြတဲ့အခါ….ရတနာမြတ်သုံးပါး ဆိုတာ မကြာခဏ ရွတ်ဆိုမိကြတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီ့လို နေ့စဉ်ရွတ်ဆိုနေမိလောက်တဲ့ ရတနာ ဆိုသည်အကြောင်း ကို ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ဒီကနေ့ နဲနဲ လေ့လာကြည့်ကြပါစို့..။
ရတနာ ..သို့မဟုတ် အမြတ်တနိုး တန်ဖိုးထားရာ ဆိုသည်ကို လောကသဘာဝ ဂြဟကာရက ရှုထောင့်အရ ဘယ်ဂြိုဟ်က ပိုင်ဆိုင်ကာရက ပြုထားပါသလဲ….။ ဒီမေးခွန်းလေးကို စတင်တွေးကြည့်ကြပါ။
ကျောက်မျက်ရတနာတွေနဲ့ ပတ်သက်တဲ့ ဟောကွက်တွေမှာဆို …ဗေဒင်ပညာရှင်အများအပြား ..တနင်္လာဆို ပုလဲ ၊ အင်္ဂါဆို ကျောက်စိမ်း ၊ သန္တာ…စသည်ဖြင့် ဘာညာ လက်ရိုးလက်ဆန်း …နည်းလမ်းမျိုးစုံ အသုံးပြုနေကြတာပါပဲ။ ထားတော့ …ကျောက်မျက်ရတနာတွေကို ဘယ်ကျောက်မျက်ကို ဘယ်ဂြိုဟ် လွှမ်းမိုးထားတယ်ဆိုတာ နောက်မှ ၀ိဝါဒ ကွဲကြ ပါဦး ..။ ကနဦးအားဖြင့် …ခြုံငုံလို့ ရတနာအားလုံးကို ဘယ်ဂြိုဟ်က ကာရကပြုလွှမ်းမိုးထားတယ် ဆိုတာလေး …. ကနဦး သိထားဖို့လိုပါလိမ့်မယ်။ လက်ဆန်းဗေဒင်လောကမှာကတော့ ကျောက်ဟေ့ ဆိုတာနဲ့ ….တနင်္လာပဲ ကောက်ယူလိုက်ကြတာများပါတယ်။ ဒါလည်းသေချာတွေးကြည့်ရင် လမ်းအကျကြီး မဟုတ်သေးပါ။
ပညတ်အရ ကောက်ယူမှု ဟာ ….မှန်ကန်တာလေးတွေ အများကြီးရှိသည့်တိုင်အောင် ….လမ်းပေါ်က ကျောက် လည်း တနင်္လာ ၊ မှန်ကောင်တာထဲက …ရတနာကျောက်လည်း တနင်္လာ…၊ ကလေးကစားတဲ့ဖန်ဂေါ်လီကျောက်လည်း တနင်္လာ …လုပ်ရမယ့် အနေအထား မျိုး။ တစ်ကယ့်အနှစ်သာရ သည်းချေထိ ဘ၀မကျနိုင်စရာတော့ အမှန် ..။
ကဲ….ဒီလိုလေး-ကျွန်တော်တို့တွေးကြည့်ကြရအောင် …။
တနင်္ဂနွေဂြိုဟ်ရဲ့ ဂြဟကာရကကို ….ပြန်အစကောက်ကြည့်ကြပါစို့..။
တနင်္ဂနွေဂြိုဟ်သည် နေမိသားစု မှာ ကနဦးအစဂြိုဟ် ။ ဖခင် ၊ အကြီးအကဲ ၊ အဓိက အရေးအပါဆုံး ပုဂ္ဂိုလ်၊ နေရာတိုင်းမှာ …အရေးပါအရာရောက် အဓိကကျ…အလေးထားရ …မယ့် အချင်းအရာတွေ ပေါ် လွှမ်းမိုးတဲ့ဂြိုဟ်။ နေမရှိရင် …မဖြစ်ဘူး ၊ အားလုံးသေကြေပျက်ဆီးသွားနိုင်သလို …. တနင်္ဂနွေဂြိုဟ် (နေမင်း) သည်…. မရှိမဖြစ်လိုအပ်နေသော အရာများ ….၊ အရေးပါသော တန်ဖိုးထားရမည့် အရာများအပေါ် လွှမ်းမိုးထားပါတယ်။ ဒါကြောင့်လည်း ….တနင်္ဂနွေဂြိုဟ်ဟာ …တိုင်းပြည်တစ်ပြည်မှာ …ရှင်ဘုရင် ၊ ရပ်ကွက်တစ်ခုမှာ ဥက္ကဌ ၊ မိသားစုတစ်စု မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် …စသည်ဖြင့်သော အရေးအပါဆုံးသော သူတွေအပေါ် ဂြဟကာရကပြုလွှမ်းမိုးထားတာဖြစ်ပါတယ်။
တစ်ကယ်တော့ .. လောကမှာ မရှိမဖြစ် လိုအပ်သော ၊ တန်ဖိုးထားရသော ၊ အလေးထားရသော အရာ ….တနည်းအားဖြင့် ရတနာ ဆိုတာ ….တနင်္ဂနွေဂြိုဟ်က ကာရကပြုထားတာ ပါပဲ ။ ရတနာ ဟူသည် ကကို….အမြတ်တနိုး တန်ဖိုးထားရာ ကို ညွှန်းဆိုတာ မဟုတ်ဘူးလားခင်ဗျာ ။
ဒီနေရာမှာ ရတနာ ဆိုတာနဲ့ ကျောက်မျက်ရတနာတွေကိုချည်း ပြေးမမြင်ကြစေလိုပါ။ စာပေသမားတစ်ယောက်အတွက် တော့ သူ့ရဲ့ ရတနာဆိုတာက … စာအုပ်တွေ စာဖိုင်တွေပါပဲ။ စစ်သားတစ်ယောက် အတွက် ကတော့ သူ့ရဲ့ရတနာ ဆိုတာက သူ့ရဲ့ သေနတ်နဲ့ကျည်ဆံ ဖြစ်ပါမယ်။ (စကားစပ်လို့ သုတပြောပြရရင်.. အဲဒီ့တနင်္ဂနွေ အင်အားပျက်နေချိန်မှာ… လက်နက်ပျောက်ဆုံးမှုနဲ့ အရေးယူခံရတဲ့ စစ်မှုထမ်း၊ ရဲအမှုထမ်း ဇာတာရှင်တွေ တွေ့ရနိုင်ပါသဗျာ ) ။ ထားပါတော့ …. ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် …ထိုသူ တန်ဖိုးထား အလေးထား မြတ်နိုးရမယ့် အရာ (၀ါ) ရတနာ ဟူသည်ကို တနင်္ဂနွေဂြိုဟ်က လွှမ်းမိုးထားပါတယ်။ ဒီအချက်ကလေး ကို စတင် သဘောပိုက်ထားပြီးရင် …တစ်ခြားတစ်ဖက်ကို ဆက်ကြပါဦးစို့ ..။
တနင်္ဂနွေသည် … ဂြဟကာရက သဘောအရ ….အဖိုးထိုက်တန်သော အရာများ အပေါ် လွှမ်းမိုးထားသည် ဆိုသည့်အတိုင်း …၊ ဒီကမ္ဘာပေါ်က တွင်းထွက်ကျောက်မျက်ရတနာတွေ၊ သဘာဝသယံဇာတတွေ ..အားလုံးအပေါ်မှာ လွှမ်းမိုးထားပါတယ်။ စကားဖြတ်လို့….တစ်ခု ပြောရရင် …စင်္ကာပူမှာတုန်းက …ရေနံတူးဖော်ရေးဌာနတစ်ခုမှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ ပုဂ္ဂိုလ်ကြီးက စကားစပ်တုန်း …ကျွန်တော့်ဇာတာ နဲ့ နာမည်မှာကျတော့ ရေနံနဲ့ ပတ်သက်ပြီး အကျိုးပေးတာ မျိုး ဆရာတို့ တွေ့ရသလားခင်ဗျ လို့ ရယ်ရွှန်းရွှန်းနဲ့ မေးဖူးပါတယ်။
သူ့နာမည် က ( ကြာသာပတေးနံ အစပြုပြီး + တနင်္ဂနွေနံ ) အဆုံးသတ်ထားတဲ့ ….အမည်ပိုင်ရှင် ဗုဒ္ဓဟူးနေ့ဖွားပါ။ မူလ မဟာဘုတ်ဇာတာက …ငါးခုကြွင်းဖွား ဇာတာရှင်ပါ။ ဆိုတော့ နာမည်အဖျားစာလုံးက မရဏမှာရပ်တည်နေသော ဗုဒ္ဓဟူးနေ့ဖွား ဆိုပါတော့။
တစ်ကယ်တော့ …သူမှည့်ခေါ်ထားတဲ့ အမည်က အမည်အဖျားစာလုံး ..တနင်္ဂနွေကကို …သဘာဝသယံဇာတတွေနဲ့ သက်ဆိုင်တဲ့ဂြိုဟ်လေး ဖြစ်ပြီး..၊..တူးဖော်ရေး လုပ်ငန်းတွေ၊ သတ္တုတွင်း မိုင်းတွင်း လုပ်ငန်းတွေ၊ ကိုလွှမ်းမိုးထားသော မရဏဌာနမှာရပ်တည်ထားတာပါ။ သူ့အတွက်က ရယ်ရွှန်းရွှန်း မေးခဲ့တာဖြစ်ပေမယ့် ..၊ ကျွန်တော့်အတွက်ကတော့ လေ့လာသုတေသနပြုနေတဲ့ မှတ်တမ်းမှာ အကျိုးရှိတဲ့ မှတ်စုတစ်ခုတိုးခဲ့တာပါပဲ။
ဒီတော့ အစပြန်ကောက်ရရင်….မည်သည့် ရတနာ အကျိုးမျိုးကို မဆို တနင်္ဂနွေဂြိုဟ်ရဲ့ ဂြဟကာရက နဲ့ ဦးစွာ ကောက်ယူ ချင့်ချိန်ကြသင့်ပါတယ်။ မဟာဘုတ်အကြွင်းဖွားတွေထဲမှာတော့ (တနင်္ဂနွေဂြိုဟ်ကသစ်မူနေသော) …သုံးခုကြွင်းဖွားတွေဟာ ရတနာတွေနဲ့ အကျိုးအပေးတတ်ဆုံး …၊ အကျိုးပေးအား အသန်ဆုံး အကြွင်းဖွားတွေလို့ ဆိုနိုင်ပါတယ်။
လက်တွေ့ပိုင်းမှာလည်း ကျောက်မျက်ရတနာ လုပ်ငန်းတွေ ၊ သဘာဝ သယံဇာတလုပ်ငန်းတွေနဲ့ အကြီးအကျယ်အောင်မြင်နေကြသော သုံးခုကြွင်းဖွား များစွာကို ပြင်ပလောကမှာ တွေ့မြင်ရနိုင်ပါတယ်။
ဂြဟကာရက လေ့လာမှု ခရီးတစ်လျှောက်မှာ ကျွန်တော် ကြိမ်ဖန်များစွာ သတိပြုမိတာလေးတစ်ခုကတော့ …တနင်္ဂနွေဂြိုဟ်ဟာ ….တစ်ကယ့် အသက်သွေးကြော ပင်မအချင်းအရာတွေအပေါ် …လွှမ်းမိုးထားတာပဲ ဖြစ်ပြီး…၊ ဇာတာဟူသမျှမှာလည်း ..အလွန်အင်မတန်အရေးကြီး ၊ အရေးပါတဲ့ ဂြိုဟ်ကလေးပါပဲ။ အတိသောမတွေ ဘယ်လောက်ကောင်းကျိုးပြုနေနေ…တနင်္ဂနွေဂြိုဟ်အင်အား နိမ့်ပါးနေတဲ့ … မူလဇာတာရှင်တွေဟာ အပြစ်ကို မနဲဖုံးနေရ ချုပ်တီးနေရ ..ချိုးနှိမ်နေရတဲ့ ..အနေအထားတွေ နဲ့ ဘ၀ကို ဖြတ်သန်းကြရပါတယ်။
အဲဒီ့လိုပါပဲ….အဆိုပါတနင်္ဂနွေ ဂြိုဟ်ကို အင်အားပျက်ပြားစေမယ့် အမည်မျိုး မှည့်ခေါ်မိနေရင်လည်း ….ဘ၀မှာ …အရေးအပါဆုံး အဓိကအထားဆုံး ၊ တန်ဖိုးအထားဆုံးအကြောင်းအရာတွေနဲ့ ပတ်သက်ရင် ကံဆိုးမိုးမှောင်ကျမှုတွေ ပေါ်ပေါက်လာစေနိုင်တာ အမှန်ပါ။ ကုန်ကုန်ပြောရရင်…တနင်္ဂနွေ အပျက်ဆုံးအနေအထားဟာ ဗုဒ္ဓဘာသာဝင်များ အဖို့တော့ ဘုရားတရားသံဃာ ..ကွယ်သွားတဲ့ အခြေအနေပါပဲ ။ အင်မတန်ကြောက်စရာကောင်းလှပါတယ်။
ကဲ…နောက်ဆက်မယ့် ဆောင်းပါးအချို့မှာ ….တနင်္ဂနွေဂြိုဟ် အင်အားကောင်းမွန်အောင် ပြုကျင့်အပ်သော အချက်ကလေးတွေကို …ကျွန်တော်ဆက်လက်တင်ပြပေးပါဦးမယ်ခင်ဗျား။ အားလုံးပဲ……….ရတနာဖြင့် ပြီးပြည့်စုံနိုင်ကြပါစေ…။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
09 318 17 287
၁၃၇၇ အတွက် ရင်သွေးငယ်လေးများ
သည်နှစ်မွေးသည့်ရင်သွေးငယ်တွေ (၁၃၇၇ ခုနှစ် )
=================================
သည်နှစ်မွေးသည့် ရင်သွေးငယ်တွေ ဆောင်းပါးများဟာ … မြန်မာ့ရိုးရာဗေဒင်ဘလော့ (www.mahabote.org) မှာ ကျွန်တော် နှစ်စဉ် ရေးသားခဲ့သော ဆောင်းပါးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက .. မိဘလောင်းလျာများ ၊ သားသမီးရတနာထွန်းကားတော့မယ့် ..မိဘများအတွက် ဒီဆောင်းပါးလေးတွေဟာ နှစ်စဉ်လူဖတ်များပြီး ….မကြာခဏ တောင်းဆိုခြင်းလည်း ခံခဲ့ရသော ဆောင်းပါးတစ်မျိုးပဲ ဖြစ်ပါတယ်။
ကျီးပေါင်းရောဂါ အပါအ၀င် နှလုံးယောင်ခြင်း၊ အာရုံကြောအားနဲခြင်းများဖြင့် .. ဒီနှစ်နှစ်ကာလခန့်အတွင်းမှာ ဂဂျီဂဂျောင်နိုင်လှတဲ့ ကျွန်တော့်ကျန်းမာရေးအခြေအနေဟာ စာရိုက်ဖို့ စာရေးဖို့ အင်မတန် ခက်ခဲစေခဲ့တာကြောင့် နှစ်စဉ်ရေးနေကြဖြစ်တဲ့ သည်ဆောင်းပါးစဉ်ဆက်တွေကို မနှစ်က လုံးဝ မရေးနိုင်ခဲ့တော့ပါ။
သည်တစ်နှစ်တော့ … ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဆောင်းပါးလေးတွေ ဖြစ်နိုင်သလောက် ဖြစ်ညှစ်ရိုက်မယ်…၊ အတတ်နိုင်ဆုံး ခေါင်းကြည်အောင် အာရုံကြောအားဆေးတွေလည်း ပုံမှန်သောက်ပြီး …ဒီဆောင်းပါးလေးတွေကို ချရေးပေးလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကြိုးစားအားထုတ်မှုဟာ ….စာဖတ်သူများ အသင်းသားများအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်စေနိုင်ပြီဆိုရင် ….ကျွန်တော် ကျေနပ်ရုံပါပဲ။
အားလုံးပဲ ချမ်းသာကြပါစေ။
၁၃၇၇ခုနှစ် အတွင်း … ရင်သွေးမွေးရက် ရွေးခြယ်ကြရာဝယ်
========================================
သည်တစ်နှစ်မှာတော့ ….
တနင်္ဂနွေနေ့မှာ ဖွားမြင်သော ရင်သွေးငယ်များသည် မရဏဖွားဇာတာရှင်များ
တနင်္လာနေ့မှာ ဖွားမြင်သော ရင်သွေးငယ်များသည် အဓိပတိဖွားဇာတာရှင်များ
အင်္ဂါနေ့မှာ ဖွားမြင်သော ရင်သွေးငယ်များသည် ရာဇဖွားဇာတာရှင်များ
ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်သော ကလေးငယ်များသည် အထွန်းဖွား ဇာတာရှင်များ
ကြာသာပတေးနေ့မှာ ဖွားမြင်သော ကလေးငယ်များသည် ဘင်္ဂဖွား ဇာတာရှင်များ
သောကြာနေ့မှာ ဖွားမြင်သော ကလေးငယ်များသည် … ပုတိဖွား ဇာတာရှင်များ
စနေနေ့မှာ ဖွားမြင်သော ကလေးငယ်များသည် သိုက်ဖွားဇာတာရှင်များ
ဖြစ်လာကြပါလိမ့်မယ်။
တနင်္ဂနွေနေ့ဖွား (မရဏဖွား) ဇာတာရှင် ရင်သွေးငယ်များ …
------------------------------------------------------------------
လူဝင်စားလို့ ခေါ်ဆိုထိုက်သော ကလေးငယ်များပါပဲ။ မိမိတို့ ဆွေမျိုးနီးစပ်၊ သွေးသားများထဲက တစ်ကျော့ပြန်လည်ကာ လူ့ဘ၀ကို ပြန်လည်တံခါးဖွင့်ဝင်ရောက်လာသော ကလေးငယ်မျိုးပါပဲ။ ဘ၀မှာ အလွန်ဝေးလံသော အရပ်ဒေသမျိုးမှာ …ဥစ္စာပစ္စည်း ပိုင်ဆိုင်ကြွယ်ဝစေတတ်သော အတိတ်ကံအကျိုးပေးမျိုးလည်း ပါရှိလာပါတယ်။ နေရာကောင်းအလွယ်တစ်ကူရလွယ်သော ကံအကျိုးပေးမျိုးရှိပြီး …ညနေပိုင်းမှာ ဖွားမြင်ခဲ့ရင်တော့ ….ဒီကံအကျိုးပေးဟာ ပိုမိုသေချာတဲ့အပြင် ၊ သူဘာလုပ်လုပ် ဒိုင်းသဖွယ်ကာကွယ်ပေးနေမယ့် သူတွေ ကိုလည်း ….ဘ၀မှာ ရရှိလာမှာ သေချာပါတယ်။
တနင်္လာနေ့ဖွား အဓိပတိဖွား ဇာတာရှင် ကလေးငယ်များ ….
----------------------------------------------------------------
ထက်မြက်ခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ စိတ်အလွန်ကောက်တတ်ခြင်း များ နဲ့ ကျော့ကျော့မော့မော နေတတ်ခြင်းများ ဒွန်တွဲနေမယ့် ကလေးမျိုးလို့ ဆိုနိုင်ပါတယ်။ အလိုရှိရာကို ပြတ်သားစွာ ရည်ရွယ်ချက်ထားတတ်ပြီး လက်တွေ့အကောင်အထည်ဖော်တတ်သော သဘာဝစရိုက်ပါရှိလာတဲ့ကလေးငယ် မျိုးတွေဖြစ်တာကြောင့် အနာဂတ်အတွက် ထူးကဲစွာ ပူစရာမလိုတဲ့ ကလေးငယ်မျိုး လို့ ပြောနိုင်ပါတယ်။ နာမည်ပေးသာ မတိမ်းစောင်းခဲ့ဘူးဆိုရင် တစ်မိပေါက်တစ်ယောက်ထွန်း ဆိုသလို …မိသားစုရဲ့ လူနေမှုဘ၀ကို ပါ တိုးတက်မြင့်မားသွားအောင် …ရှေ့ဆောင် ဖောက်ထွက် လုပ်ကိုင်မယ့် ရင်သွေးငယ်မျိုးဖြစ်လာပါလိမ့်မယ်။
မေတ္တာရေးအနေအထားဂြိုဟ်များပါ …အရပ်အတည်သင့်တာကြောင့် ကလေးငယ် (ကျား/မ) မရွေး …ဒီရက်ကို ရွေးခြယ်လို့ သင့်လျော်ပါတယ်။ သို့သော် သီရိဂြိုဟ် အင်အားနဲတာကြောင့် မိန်းကလေးရင်သွေးငယ်အတွက် ဒီတနင်္လာနေ့ကို ရွေးခြယ်ခဲ့မယ်ဆိုရင်တော့ ….နာမည်ပေးရာမှာ တနင်္ဂနွေ နဲ့ စနေကို အင်အားမပျက်ယွင်းအောင် (၀ါ) မထိခိုက်အောင် ပေးနိုင်ဖို့ အဓိက လိုအပ်ပါမယ်။
အင်္ဂါနေ့ဖွား ရာဇဖွား ဇာတာရှင်ကလေးငယ်များ
------------------------------------------------------
အလွန်ထက်မြက်ပြီး …လူများစွာကို ရှေ့ဆောင်အုပ်ချုပ် …စီမံကွပ်ကဲနိုင်မယ့် ကလေးငယ်မျိုးပါပဲ။ တစ်ခု ..အထူးသတိပေးချင်တာကတော့ ...မိမိတို့ရင်သွေးငယ်ဟာ မိန်းကလေးလို့ ကြိုသိနေမယ်ဆိုရင်တော့ …ဒီနေ့ကို မရွေးခြယ်ပါနဲ့။ အိမ်ထောင်ရေး ကောင်းနိုင်ဖို့ အလွန်အင်အားနဲလို့ပါပဲ။ ယောကျာ်းလေး ဖြစ်မယ်ဆိုရင်တော့ ရဲရဲသာရွေးခြယ်လိုက်ပါ။ အနာဂတ်အရေးအတွက် ဘာမှ ပူပန်နေစရာမလိုတဲ့ ကလေးငယ်မျိုးတွေလို့ ဆိုနိုင်ပါတယ်။ (နာမည်ပေးပုံပေါ်တော့ မူတည်ပြီး …ကောင်းကျိုးအတိုင်းအဆ ကွာခြားပါလိမ့်မယ်)။
ဗုဒ္ဓဟူးနေ့ဖွား အထွန်းဖွား ဇာတာရှင်ကလေးငယ်များ
------------------------------------------------------------
ဘ၀မှာ နေရာကောင်း အလွန်ရလွယ်သော ကလေးများဖြစ်ပြီး…..ပညာရေးမှာလည်း …အထောက်အပံ့ကောင်းများ ရလွယ်သော ရင်သွေးငယ်များပဲ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အောင်မြင်လွယ်သော ကံ ပါလာသူများဖြစ်ပြီး….နာမည်ပေးမှားယွင်းခဲ့ရင်တော့ …ကျားမမရွေး အိမ်ထောင်ရေး ကံ အားနဲရန်လွယ်ကူစေပါတယ်။ ဒါကြောင့် ဒီကလေးငယ်မျိုး ဖွားမြင်ခဲ့မယ်ဆိုရင်တော့ အဖြစ်နိုင်ဆုံး နီးစပ်သင့်လျော်သော ပညာရှင်များနဲ့ တိုင်ပင်ပြီး မေတ္တာရေး အိမ်ထောင်ရေး မထိခိုက်အောင် နာမည်ကို ဦးစားပေးမှည့်ခေါ်ပါလို့ တစ်လက်စတည်း အကြံထည့်ပေးလိုက်ရပါတယ်။
ကြာသာပတေးနေ့ဖွား ..ဘင်္ဂဖွား ဇာတာရှင် ရင်သွေးငယ်များ
----------------------------------------------------------------------
အိမ်ထောင်ရေး ကံကောင်းစေလိုသော မိဘများအဖို့ တော့ …မိမိတို့ရင်သွေးငယ်သည် ကျား/ဖြစ်စေ … မ/ ဖြစ်စေ …စိတ်ပြတ်သားစွာ ရွေးခြယ်နိုင်ကြပါတယ်။ ဒီနေ့ဖွားကလေးငယ်တွေဟာ နာမည်ပေးသာ အလွန်အမင်းမတိမ်းစောင်းခဲ့ဘူး ဆိုရင် အိမ်ထောင်ရေး ရင်အေးရတဲ့ ကလေးငယ်မျိုးတွေပါပဲ။ နေရာထိုင်ခင်း ကောင်း နဲ့ နေထိုင်ရတတ်သော ကံပါလာကြသူများ ဖြစ်ကြသလို…. ပညာရေးကံမှာလည်း …အများစုတက်ရောက်သင်ကြားလိုသော စူပါ့စူပါ ကျောင်းမျိုးတွေ ၊ သင်တန်းမျိုးတွေကို တက်ရောက်သင်ယူခွင့် ရရှိတတ်ကြသော ကလေးငယ်မျိုးတွေ ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာတော့ ကြာသာပတေးနေ့ဖွားကလေးငယ်တွေဟာ ဘင်္ဂဖွား ဖြစ်သည့်တိုင်အောင် … အနာဂတ် ပညာရေး၊ စီးပွားရေး ၊ အိမ်ထောင်ရေးရာများမှာ …. အားရလောက်စရာအချက်အလက်များစွာ ပါရှိလာကြသူများ ဖြစ်တာကြောင့် ဒီရက်ကို ရွေးခြယ်မယ်ဆိုရင် ရင်သွေးကျားမမရွေး အတွက် ထောက်ခံအားပေးလိုက်ရပါတယ်။
သောကြာနေ့ဖွား ..ပုတိဖွား ရင်သွေးငယ်များ
---------------------------------------------------
ကျန်းမာရေး ဂရုစိုက်ရမယ့် ကလေးငယ်တွေပါ။ အရွယ်သုံးပါးစလုံးမှာ ..ကျန်းမာရေးအတွက် အနဲနဲ့အများဆိုသလို သာမန်ထက်ပိုမိုဂရုပြုရမယ့် ရင်သွေးငယ်မျိုးတွေဖြစ်ပြီး၊ ကောင်းသော အချက်ကတော့ ဘ၀မှာ မမျှော်လင့်သော တစ်ဟုန်ထိုး တိုးတက်မြင့်မားသွားနိုင်မှုကံ ပါလာခြင်းပဲ ဖြစ်ပါတယ်။ ဆွေမျိုးသွေးသားများနဲ့ ဘ၀မှာ ရန်သူသဖွယ် ရပ်တည်ရတတ်သော ကံလည်း ပါရှိတာမို့…ဖြစ်နိုင်ရင်တော့ ဒီရက်ကို ရွေးခြယ်မယ်ဆိုရင် ဒါလေးတွေတော့ ကြိုတင်သတိပြုထားကြဖို့ လိုအပ်ပါလိမ့်မယ်။
စနေနေ့ဖွား …သိုက်ဖွား ရင်သွေးငယ်များ
-----------------------------------------------
အိမ်ထောင်ရေးကံ အားနဲချက်ပါလာသော ကလေးများဖြစ်တာကြောင့် ( အထူးသဖြင့် မိန်းကလေးဇာတာရှင်များအတွက်) …နာမည်ပေးမမှားယွင်းဖို့ အထူးလိုအပ်ပါလိမ့်မယ်။ ဒီနေ့ဒီရက်ကိုမှ မဖြစ်မနေရွေးခြယ်ရတော့မယ်ဆိုရင်လည်း ….အရမ်းကြီးစိတ်ပူဖို့တော့မလိုပါ။ လောကုတ္တရာအကျိုးစီးပွားကို အလွန်ရလွယ်သော ကံတစ်မျိုးပါလာသော ကလေးငယ်များမို့….သံသရာအရေးအတွက် စိတ်အေးရမယ့် ကလေးငယ်လေးတွေပါ။ နိုင်ငံရပ်ခြားမှာ အကျိုးစီးပွား ရှာဖွေရရှိလွယ်သောကံလည်း ပါလာသူကလေးငယ်မျိုးတွေမို့…..အိမ်ထောင်ရေးတစ်ချက်သာ ထိမ်းချုပ်ထိမ်းကွပ်ပေးနိုင်ခဲ့မယ်ဆိုရင် …Welcome လုပ်ဖို့ သင့်ပါပြီခင်ဗျား။
နိဂုံး
===
ဘယ်နေ့မွေးမွေး ကိုယ့်ရင်သွေးပါပဲ။
သို့သော်…..
ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ ဖေဖေ မေမေတို့ကလည်း သားသမီးငယ်လေးတွေကို ဘယ်ရက်ဘယ်အချိန်မှာ ၀င်လာခဲ့ပါဆိုပြီး …အချိန်ကိုက်တံခါးဖွင့်ပေးနိုင်လာပြီမို့….(သူ့အတိတ်ကံနဲ့လည်း ကိုက်ညီနေမယ်ဆိုရင် …) ရင်သွေးမွေးရက်ရွေးခြယ်ခြင်းဟာ …အလွန်အမင်း ငြင်းဆန်စရာမလိုတဲ့ …ကဏ္ဍတစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအမြင်ကိုမြင်လာခဲ့ချိန်ကစလို့လည်း …ကျွန်တော်ဒီဆောင်းပါးမျိုးလေးတွေ စတင်ရေးပေးလာခဲ့ပါတယ်။ အကယ်၍ ကိုယ့်ရင်သွေးမွေးရက်ကို ကိုယ်နှစ်သက်ရွေးခြယ်ထားသလိုမရခဲ့ရင်တောင်… နာမည်ပေးမှည့်ခေါ်ရာမှာ လမ်းကြောင်းရွေးခြယ်ပြီး ထိမ်းကွပ်ထားလို့ ရနိုင်တာမို့…ဘာနေ့မှာပဲဖွားမြင်လာသည်ဖြစ်စေ..စိတ်ပျက်စရာအကြောင်းမရှိနိုင်ပါ။ ဘာပဲဖြစ်ဖြစ် အားလုံးသော မိဘများအဖို့ ..ဒီဆောင်းပါးလေးကိုဖတ်ပြီး ….အကျိုးအတန်အသင့်ရခဲ့မယ်ဆိုရင် ..ကျွန်တော် ပင်ပန်းခံရကျိုးနပ်ပါပြီ။
လေးစားစွာဖြင့် /
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
ကိုစိုးခိုင်
09 318 17 287
ပထဝီဓါတ်
မြေဓါတ်ကုသိုလ် ယူစေလို
=================
၁၃၇၇ခုနှစ် .....................
ကောဇာနှစ်သစ်ကလည်း ပြောင်းသွားခဲ့ပါပြီ။
ကောဇာနှစ်သစ်နဲ့အတူ ...အက်ဖ်ဘီပေါ်က သတင်းတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ သတိထားမိတဲ့ ဒီကနေ့ဖတ်ရသတင်းလေးတစ်ခုကတော့ (၁+၅) နာမည်တွဲပိုင်ရှင် ဒေါက်တာတစ်ဦး ယူအက်စ်မှာ လူနာမိန်းကလေးတစ်ယောက်ကို မဖွယ်မရာ ပြုမှုနဲ့ အရေးယူခံလိုက်ရတဲ့သတင်းပါပဲ။
ဖြစ်စဉ်ရဲ့ မှန်ခြင်း မှားခြင်းတွေကို ခဏထားဦးတော့ ...ဒီတစ်နှစ် ၁၃၇၇ ခုနှစ်သည် အဆိုပါ (၁+၅) နာမည်ပိုင်ရှင်များကို ...ပထ၀ီဓါတ်ပျက်ယွင်းစေသော နှစ်မျိုးဖြစ်တယ်ဆိုတာလေး ပထမဆုံး ပြေးမြင်မိပါတယ်။
ပထ၀ီ (မြေဓါတ်)
ဓါတ်လေးပါးမှာ သည်ဓါတ်အားကောင်းလာခဲ့ရင်...ထုထည်ခိုင်မာတည်တံ့သော အောင်မြင်မှုနဲ့ ပိုင်ဆိုင်မှုတွေ တိုးတက်ပွားစည်းလာတတ်သလို...........
သည်ဓါတ် အားနဲယိုယွင်းလာခဲ့ရင်တော့ အပြန်အလှန် အားဖြင့် ....ခိုင်မြဲလှပါပြီလို့ထင်ရတဲ့ ...အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေဟာ ...ရေတိုက်စားခံလိုက်ရတဲ့ မြစ်ကမ်းပါးရံလိုပဲ ....တစ်အိအိပြိုဆင်းသွားတတ်ကြစမြဲ။
ပထ၀ီဓါတ်ပျက်ပြားလာပြီဆိုမှဖြင့်........
ဘယ်တော့မှ ...မဆင်းရဘူးထင်ရတဲ့ သီဟသနပလ္လင်လည်း အောက်ခြေက ခြကိုက်လာစမြဲ .....၊
အင်မတန်များပြားပြီး သုံးမကုန်လောက်တဲ့ ဓနတွေလည်း .....ပြုန်းတီးကာမွဲ...၊
ဘယ်တော့မှ မချဘူးဆိုတဲ့ မာန်မာနတွေလည်း ...ယိုင်နဲ့ပြိုလဲ
ဘယ်တော့မှ မခွဲဘူးနော်ဆိုတဲ့ ချစ်ခြင်းတွဲလက်တွေလည်း ....နှုတ်ဆက်လမ်းခွဲ၊
အလွန်ခိုင်မာလှပါပြီဆိုတဲ့ ...တောင့်တင်းအောင်မြင်လှတဲ့ ကမ္ဘာကျော်လုပ်ငန်းကြီးတွေသော်မှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲ သွားတဲ့အထိ ဖြစ်လာစေနိုင်သလို..............................................။
လူသားတစ်ယောက်ရဲ့ ကျန်းမာရေးကဏ္ဍမှာတော့ ပထ၀ီဓါတ်အားနဲလာခြင်းဟာ ..
ကျီးပေါင်းရောဂါ ၊ ကျောက်တည်ခြင်း၊ ခါးအောက်ပိုင်း မသန်စွမ်းခြင်း၊ အထိုင်အထ ခက်ခဲစေခြင်း၊ စသည်ဖြင့် .....ဥပါဒ်ပေးလာတတ်ပါတယ်။
လူသားတွေဟာ တစ်လွဲမာန များတတ်ကြ မှားတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ်နားမလည်တဲ့ဘာသာရပ်တစ်ခု သို့မဟုတ် ကိုယ်နဲ့မနီးစပ်တဲ့ ပညာရပ်နယ်ပယ်တစ်ခုဆိုရင် ...အထင်သေးအမြင်သေး ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ ...ခေတ်ပညာတတ်ဆိုတဲ့ လူတန်းစားတွေထဲမှာ ပိုများပါတယ်။
လောကီပညာရပ်နယ်ပယ်မှာ လွယ်လင့်တစ်ကူ ဖတ်ရသိရနိုင်တဲ့ (ထို့နည်းတူစွာ) တင်ကြိုသတိချပ် ပြုပြင် ကာကွယ်ထားနိုင်တဲ့ နည်းစနစ်တစ်ခု ဖြစ်လင့်ကစား .... ( မသိခြင်း) ဟာ ...ကြီးစွာသော ဆုံးရှုံးမှုတွေကို ဖြစ်ပွားလာစေပါတယ်။
ဒီဆောင်းပါးလေးကို ကုသိုလ်ဖြစ် အနေနဲ့ ...အဆိုပါနာမည်ရှင်များအတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
သည်တစ်နှစ် ၁၃၇၇ခုနှစ်ထဲမှာ ....ယင်းကဲ့သို့သော ...(၁+၅) တွဲနာမည်ရှင်များ ..
ဥပမာအားဖြင့် ... အောင်ကိုမင်း၊ အေးမြမွန်၊ ဥက္ကာဖြိုး၊ အောင်နိုင်မိုး စသည်ဖြင့်ကဲ့သို့သော နာမည်ရှင်များအနေနဲ့ ....ပထ၀ီဓါတ်အားနဲဖောက်ပြန်လာပါမယ်။
ယင်းအားနဲမှုဟာ.......
မိမိတို့ လူ့ဘ၀မှာ ဖြတ်သန်းရင်ဆိုင်နေရတဲ့ ..
လူမှုရေး ၊ စီးပွားရေး၊ အိမ်ထောင်ရေး ၊ ကျန်းမာရေး တစ်ဖက်ဖက်မှာ ယိမ်းယိုင် ယိုင်နဲ့ လဲပြိုစေတတ်ခြင်း ကို ပြုလာစေတတ်ပါတယ်။ (အားလုံး အစိုးရိမ်ကြီးဖို့မလိုပါ။ သည်အင်အားဟာ ကောဇာအင်အားသာဖြစ်ပါတယ်။ မိမိတို့မူလဇာတာ နဲ့ ဖြတ်သန်းနေဆဲဒသာများပါ အင်အား ဆိုးခဲ့မှသာလျှင် ....မုချပျက်ဆီးခြင်းသို့ တိုင်ပါမယ်။ သာမန်အားဖြင့်ကတော့ ကောဇာအင်အားသက်ရောက်လာမှုသည်...အနဲနှင့်အများ ..ဘ၀အခြေအနေ မတည်မငြိမ် ဖြစ်လာစေရုံသာ ဖြစ်ပါတယ်။ )
ဘာပဲဖြစ်ဖြစ် ....ယင်းကဲ့သို့ ပထ၀ီဓါတ်အားနဲလာတတ်ချိန်များတွင် အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ..ဖြစ်သော ကျွန်တော်တို့တွေ အဖို့ ....တင်ကြိုကုသိုလ်ပြုခြင်း ဖြင့် ...ကာတန်သင့်သည်ကိုကာစေ ၊ ကွယ်တန်သင့်သည်ကိုကွယ်စေ နိုင်ပါတယ်။
အောက်မှာ တင်ကြိုကာကွယ်နည်း (၀ါ) ကုသိုလ်ပြုနည်းလေးတွေကို ရေးပေးထားပါတယ်။
မိမိတို့ လက်လှမ်းမီသော ၊ ပြုနိုင်သောကုသိုလ်အမှုလေးတို့ကို ပြုနိုင်ကြပါတယ်။
(၁) တံတားခင်း၊ လမ်းဖောက်၊ လမ်းပြင် စသော လုပ်ငန်းများတွင် လူအား ငွေအား ကုသိုလ်ပါဝင်ခြင်း ....။
(၂) သိမ်၊ ကျောင်း ၊ ဇရပ် ဆောက်လုပ်လှုဒါန်းကုသိုလ်ပြုရာများတွင် ...လှုဒါန်းခြင်း၊
(၃) အောက်ပိုင်းမသန်သူများကို ကုသိုလ်ပြုခြင်း
စသည်ဖြင့်တို့ကို တင်ကြိုပြုခြင်းဖြင့် ပထ၀ီဓါတ်ယိုယွင်းဖောက်ပြန်ခြင်းကို ကနဦးအသိဖြင့် တင်ကြို ... ကာကွယ်နိုင်ကြပါတယ်။
နောက်တစ်ဆင့်တင်ပြပေးမှာကတော့ .............. ဒီဆောင်းပါးလေးကို ဖတ်မိချိန်မှာ ...ထိုသို့ ဖောက်ပြန်လာခြင်းကို မုချရင်ဆိုင်နေရပြီ ... ဖြစ်သည့် ....စာဖတ်သူများအတွက်ဖြစ်ပါတယ်။
အဆိုပါ ပုဂ္ဂိုလ်များအတွက်ကတော့ အောက်ပါအတိုင်း ကုသိုလ်သာ ပြုပါလေတော့..။
(၁) ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံရာတွင် ကုသိုလ်တော်ပါဝင်ခြင်း။
(၂) မိမိနေအိမ်တွင် ၊ အုတ်ခဲခြောက်လုံးကို ယူလာပါ။ ထိုအုတ်ခဲခြောက်ချပ်ကို ...အိမ်၏ အလယ်ဗဟိုတည့်တည့်ခန့်နေရာတွင် ခြောက်ညတိတိ ထားပါ။ ပြီးလျှင် ယင်းအုတ်ခဲတို့ကို ... ဘုရားကျောင်းကန် စေတီပုထိုး စသော သာသန နယ်မြေတို့တွင် ရှိသည့် အဆောက်အဦးဆောက်လုပ်နေသည့် နေရာများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် လှုဒါန်းပါ။ ( မိမိတို့ တတ်အားသလို ထုံး၊ ဘိလပ်မြေ စသည်ဖြင့် အခြား ဆောက်လုပ်ရေးပစ္စည်းများကိုလည်း ထိုအုတ်ခြောက်ချပ်နှင့်အတူ လှုဒါန်းနိုင်ပါသည်။) စေတနာ ကို ရှေ့ကသွားပါ။ လှုဒါန်းရာတွင် အရှည်သဖြင့် တည်တံ့ပါစေသတည်းဟူသော စေတနာကို ကိုင်းညွတ်ပါ။
(၃) မိမိအပေါ် ကျေးဇူးရှိဖူးသည့် ပုဂ္ဂိုလ်တို့၏ နေရေးထိုင်ရေးကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးပါ။
ယုံခြင်း.....
မယုံခြင်း....
လိုက်နာလုပ်ဆောင်ကြည့်ခြင်း...
မလုပ်ဘဲနေမြဲ နေခြင်း........
နှစ်သစ်ရာကို ပြုပါလေတော့ ..........။
( မသိခြင်းကြောင့် ...အကျိုးမဲ့ရ ) .... မဖြစ်ရစေလိုသော စေတနာဖြင့် ....
ဤ ဆောင်းပါးကို ကုသိုလ်ပြုပါသည်။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
ကိုစိုးခိုင်
09 31817287
Monday, April 20, 2015
ကြာသာပတေးနေ့
ကျွန်တော့် အကိုလို ဆရာသမားလို့ လေးစားရတဲ့ဆရာစိုးခိုင် (ခ) ဆရာ ဝေသာလီမောင်ဖုန်းရေးခဲ့တဲ့ ဆောင်းပါးတွေထဲမှာ နေ့ရက်အလိုက် ဆောင်ရွက်ရန် ဆိုတဲ့ အထဲမှာ ကြာသာပတေးနေ့ဆိုတာ ကျန်ခဲ့တာလေး  ရေးလိုက်ရပါတယ်၊ လိုအပ်တာများရှိပါက အကိုညီလေးကို ပြင်ပေးပါလို့ ..........
ဆရာလဲသူခမျာ တစ်ရက်မှ ကောင်းကောင်းမနားရသေးဘူးလေ ပထမတော့ အကို ဒီPost လေးကျန်နေသေးလို့ ရေးပေးပါလို့ ခွင့်တောင်းပါသေးတယ်။ ဆရာမအားလို့ ကျွန်တော်ရေးလိုက်ရတာပါ မိတ်ဆွေတို့ရေ........
ဒီလိုကြာသပတေးနေ့နဲ့ တိုက်ဆိုင်တဲ့ ရက်မျိုးတွေမှာ ပညာသင်ကြားရေး ကိစ္စရပ်များ၊ ရင်သွေးငယ်လေး တွေ ကျောင်းအပ်တာတို့ လုပ်သင်တဲ့ ရက်ကလေးပါ၊ မေတ္တာတရားနဲ့ ပတ်သက်တဲ့ ကျင့်စဉ်များ၊စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြုလုပ်သင်ပါတယ်၊ ဒီလိုနေ့လေးများစတင်ပြီးလုပ်တော့မယ်ဆိုရင်တော့ ဦးစွာမနက်မိုးလင်းလို့ အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ကိုနဲ့ ဒီနေ့ ထိပ်တိုက်တွေ့ရမယ့်သူတွေ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေ အားလုံးသော မိတ်ဆွေများကို ဦးစွာ မေတ္တာလေးပို့ ပြီး တနေ့တာ အကြံအစည် ရည်ရွယ်ချက်များ စတင်သင့်ပါတယ်။ ဘယ်လိုအကြောင်း ကိစ္စရပ်ကလေး တစ်ခုပေါ်လာခဲ့သည် ဖြစ်စေ ခဏတာ ယာယီမျိုးတွေပါပဲ၊ ဒီနေ့လေးမှာ အခိုင်အမာ အုတ်မြစ်ချတဲ့ လုပ်ငန်းမျိုးလုံးဝ မလုပ်သင့်ပါဘူး၊ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းများ၊ ရိုက်ကူးရေးလုပ်ငန်းများ၊ အလုကုန်နှင့် ပတ်သက်သော လုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများ ယာယီသဘောအားဖြင့်လုပ်ကိုင် ဆောင်ရွက် အောင်မြင်နိုင်ပါတယ်၊ ဒီနေ့တွေမှာလျို့ဝှက်သင့်တဲ့ ကိစ္စမျိုးဆို့ စောင့်ပါအုံးလို့ပဲ အကြံပေးချင်ပါတယ်။ ဘာအကြံအစည်လေးပဲ လုပ်လုပ် မေတ္တာတရား လေးလက်ကိုင်ထားလို့ အဖြုရောင် အဝတ်အစားလေးကို ရွယ်ချယ်ဝတ်ဆင်သွားခြင်း၊ အလှကြိုက်တတ်တဲ့ မမ ညီမလေးများဆိုရင်တော့ မှန်အဝိုင်းသေးလေး တစ်ချပ် ပိုက်ဆံအိတ်ထဲထည့် ဆောင်သွားလိုက်ပေတော့ဗျို့
ကိုယ်စိတ်နှစ်ဖြာရွှင်လမ်းချမ်းမြေ့ကြပါစေ
ကိုဇော်လင်း
09 420307299, 09799666357
Monday, April 13, 2015
သတိမူကြစေဖို့
ချစ်ခင်လေးစားရပါသော ပရိတ်သတ်ကြီး မင်္ဂလာပါဗျာ
ပထမတော့ Post ကို ရေးမယ်လုပ်တော့           ဂဗ္မီရပညာရှင်များ အတွက် နေထိုင်ရမယ့် ကျင့်ကြံရမယ့် နည်းလေးတွေ ပြန်ပြီး Sharing လုပ်ပေးမလို့ပါပဲ၊ စာကရိုက်ရင်နဲ့ လမ်းကြောင်းကပြောင်းသွားတာနဲ့ဗျာ၊ PC ဖွင့်ပြီးစာ ရိုက်နေတယ့် အချိန်က စနေအချိန်မို့လို့ လားမသိ ဇော်လင်း ဆိုတဲ့ အမည်က အင်္ဂါဝိဇ္ဇာတိုင်မှာ ပင်းယကြိုး ဇောက်ထိုးကြီးဗျ၊ သူပဲဇောက်ထိုးနိုင်မလား ကိုပဲပြီးအောင်စာရိုက်ရမလား စဉ်းစားနေတာ ဘာပဲဖြစ်ဖြစ်ပြီးအောင် ရိုက်ရမှာပဲ၊ လူအများလဲလေ့လာလို့ ရအောင်တင်ပေးလိုက်ပါပြီ ………
အဘမင်းသိင်္ခမှော်ဘီရမ်းတလင်းအယူတော်မင်္ဂလာခြံမှာရှိနေစဉ်ဧည့်သည်တစ်ယောက် ဗေဒင်လာမေးပါတယ်။ အဘသင်တန်းပေးခဲ့စဉ်ကပြောပြတာပါ အဲဒီသူက အဘကိုမေးပါတယ် ကျွန်တော်ရာထူးတက်ဖို့ရှိလားဗျာပေါ့၊ သူနဲ့ကလေးငယ်လေး တစ်ယောက်အဖော်ပါလာပါတယ်။ အဘက အဲဒီသူကို ခင်းဗျားရာထူးတက်မှာ အသေအချာပဲဗျာပေါ့၊ အဲဒီသူကလဲ ဝန်ခံပါတယ်။ ဟုတ်ပါတယ် ဆရာကြီး ကျွန်တော် ရာထူးတက်ဖို့က အသေအချာပါပဲ၊ ဒီမှာ Order လဲပါလာပါတယ်၊ အိုက်လိုပြောနေစဉ်မှာ ပါလာတဲ့ ကလေးငယ်လေးက အဲဒီသူရဲ့ ခေါင်းကို ဖက်ကနဲ" ရိုက်လိုက်ပါတယ်။ ဆရာကြီးက တကယ်ကိုယ် စရဏအားကလဲကောင်း၊ ကျင့်ကြံထားတဲ့ ကျင့်စဉ်တွေ၊ လေ့လာထားမှု့တွေကနဲမှ မနဲပဲဗျာ၊ ဒီနိမိတ်က သူ့အတွက်ဆိုတာ တန်းသိသိခြင်း ဒီလိုဟော လိုက်ပါတယ်။ ခင်ဗျား အဲဒီ ရာထူးက ပြသာနာတက်ပြီး အလုပ်ပြုတ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။
မကြာပါဘူး အဲဒီသူ အရင်သူတာဝန်ယူခဲ့တဲ့ ကိစ္စ အဟောင်းကပြန်ပေါ်ပြီး အလုပ်ကပြုတ် သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ လာမေးတဲ့သူတွေ အတွက် အဲဒီလို နိမိတ်မျိုး ကမကြုံရလေအောင် ဒီလိုလေးစာရိုက်ပြီး ကပ်ထားလိုက်ပါတော့ တယ်။
"မျောက်ထက်ဆိုးသော ကလေးများ ဟောခန်းထဲသို့ ခေါ်မလာပါနဲ့"
နောက်တစ်ခုက ကျွန်တော်ကိုယ် တိုင်ကြုံခဲ့တာပါ၊ ယခုနေထိုင်ရာ အိမ်လေးကို အမျိုးသမီး နှစ်ဦး ရောက်လာပြီး ဗေဒင်လာမေးပါတယ်။ ကျောင်းသူလေးတွေပါ။ တစ်ဦးကမျက်မှန်တတ် ထားပါတယ်။ ကျွန်တော်လဲ သုံးတန်ပေါ်နိစ်တိုင်တွေပါတွေ ထူပေါ့လေ၊ အလုံးစုံတွက်ချက်ပြီးလို့  မှန်တယ်ဆိုတဲ့ ဓါတ်သဘောလေး အရင်ဆုံးရအောင် အရင်ဆုံးညီမ ဘာနေ့သမီးနော်…. သူက ဟုတ်ပါတယ်၊ ကျွန်တော်က ဆက်မေးတယ်…ညီမမွေးနေ့ သက္ကရာဇ်က ဘယ်နှစ်ခုနှစ် ဘာညာ ဟုတ်ပါသလား….. ဟုတ်ပါတယ်..… OK နေပြီ…. ဆက်ပြီးမေးတယ် ညီမက ဘာဖွားမှလား…… အခုခတ်ကြီးထဲမှာ တော်တော်များများက ကိုယ်မဟာဘုတ် ဘာဖွားဆိုတာ သိကြပြီးသားလေ၊ မသိခဲ့ရင်လဲ သိအောင် လုပ်ထားစေချင်ပါတယ်၊ ကိုယ်က မြန်မာလူမျိုးလေ.. မြန့်မာရိုးရာ မဟာဘုတ်ဗေဒင်ပညာ လက်ဆန်းပညာ ဟာ တကယ်ကို နိုင်ငံတကာနဲ့ ယှဉ်ပြီး တကယ်လေ့လာထားရင် တကယ်ကိုအံသြစရာ ကောင်းတဲ့ ဟောချက်တွေ လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ် အစ အဆုံးကို ပုံဖော်ထားလို့ ရသလို့ ဘယ်ဟာက ကိုယ့်ကို ဆော်မှာလဲ အခြားသော ကုသိုလ်ကောင်းမှု့ ယတြာတွေနဲ့ ကြိုကာကွယ် ထားလို့ရတယ်ဗျ…မယုံမရှိနဲ့ ကျွန်တော်ကိုယ်တိုင် တစ်ချိန်တုန်းက ဗေဒင်ဆရာဆိုတာ အာဖျံကွီးတွေပါ ၊ ပါးစပ်ထဲရှိတာ ရွှီးနေကြတာပါလို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ ထားပါတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့တဲ့ အတိုင်း စနေအချိန်က မကုန်သေးဘူးရယ် လမ်းကြောင်တွေ လွဲကုန်ပြန်ပြီ၊ အိုက်လိုကောင်မလေးကို Intro ဝင်နေတုန်းမှာပဲ ကောင်မလေးက ပါလာတဲ့ တစ်ရူးစကလေးထုတ် မျက်မှန်ကိုချွတ်ပြီး သုပ်လိုက်ပါတယ်။  သူ့ရဲနိမိတ်ကို ကိုယ်ကပြန်ပြီးတည့်မတ်ပေး မလို့ပါပဲ၊ မရတော့ဘူးဗျ သူကံနဲ့သူလာတာ သူသုပ်လိုက်တဲ့ တစ်ရူးက ကုန်သွားတော့ အဖော်မိန်းခလေးဆီက ထပ်တောင်းလိုက်သေးတယ်။ ပါလာတဲ့ အဖော် မိန်းကလေးကလဲ သူ့ရဲတင်ပါကို ရိုက်လိုက်သေးဗျ……..
ညီမစိတ်တော့ မကောင်းပါဘူး ဒီရက်ပိုင်းအတွင်း သတိတော့ ထားပြီးနေပါ နေ့စဉ် ဘုရားတရားလုပ်ဖို့ လိုတယ်။ ညီမ မျက်နှာပျက်စရာကြုံပြီး အရှက်ရခြင်း၊ အိမ်ပေါ်ဆင်းသွား ရတာမျိုးကြုံတတ်ပါတယ်ဟုသာ…………………
နောက်ပိုင်း သူ့သူငယ်ချင်းတွေက တဆင့်ပြန်ကြားသိရတာက ဆရာဆီကပြန်ပြီး မကြာခင် မိဘသဘောမတူတဲ့ ရပ်ကွက်ထဲက ဂျလေဘီတစ်ယောက်နဲ့ လိုက်သွားပါတယ်။ ပြန်ခွဲထားလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရတော့ဘူး ဆရာတဲ့………………..အဲဒီတော့ ဗေဒင်မေးတဲ့ မိန်းခလေးများ တစ်ရှုးစ လေးတွေ မဆောင်တာ အကောင်းဆုံးပဲဗျ…
နောက်ပိုင်း "ဗေဒင်ဟောခန်းအတွင်းသို့ တစ်ယောက်ခြင်း ဝင်မေးခြင်းက သင့်အတွက် အကောင်းဆုံး ဖြစ်ပါသည်"ဟုသာ……………………………
နောက်တစ်ခုက ဆရာဖြစ်တဲ့သူက တွက်ချက်ပေးတဲ့ အခါ သူရဲ့ထိုက်တန်တဲ့ ညဏ်ပူဇော်က ပေးရတယ်၊ နောက်ပြီးသိတတ်ရတယ်ခင်ဗျ.. အဲဒါမှ သူနဲ့ ဆရာနဲ့ကြားမှာ ဘာမှစိတ်ကွက်တာမရှိ လုပ်ပေးသမျှ အဆင်ကိုချောဗျ…. ဘာယတြာပေးလိုက် ပေးလိုက် ဟုတ်ကဲ့လုပ်လိုက်မယ်ဆရာ… ဆရာပြောဗျာ… အခုချက်ချင်းလုပ်ရမယ်ဆို…အခုကိုသွားပြီးတော့ကို လုပ်မယ်ဗျာ…အဲဒီပေးလိုက်တဲ့ ယတြာ ချက်ခြင်း အောင်မြင်တယ် မယုံမရှိနဲ့……ဟိုတနေ့က တစ်ယောက် သူ့ရဲ့ကံကိုယ်တွက်ချိန်မှာ ရာဟု ဒသာထဲဖြတ်နေတာ ကြာသပတေးဂြိုလ်အိပ်၊ ဟေ့ကောင် အခုချက်ခြင်းသွားကွာ မယ်လမု ဘုရားကို …
ရာဟုဂြိုလ်တိုင်မှာ ရှားမီး၁၂တိုင်လှုစမ်းကွာလို့…..ချက်ခြင်းကို ညနေစောင်းသွားတယ်….ပြောတဲ့အတိုင်း လုပ်တယ်….မနေ့က မုန့်အကောင်းစား တစ်ပုံးနဲ့ အချိုရည် လာကန့်တော့သွားတယ်….အမျိုးသမီးက တူလေးရှင်ပြုမှာ ထည့်ပြီးလှုမယ်ဆိုပြီး မသွားလေရဲ့………..အဲ့ဒီအကြောင်းကိုနောက်ပိုင်း ဆက်ရေးပေးပါမယ်။
          ကဲနိဂုံးချုပ်ကြဦးစို့ရဲ့…….ဗေဒင်မေးကြတဲ့ ကိုကို မမများ အလွန်ဆော့တဲ့ ကလေးများ ခေါ်မသွားကြပါနဲ့၊ တစ်ရှုးစတွေ ဖြစ်နိုင်ရင် ဟောခန်းထဲယူပြီး အမှတ်တမဲ့ ဆရာဖြစ်သူရှေ့ မသုတ်မိကြစေနဲ့…ဘာပဲဖြစ်ဖြစ် ဆရာဆိုတဲ့သူများဟာ နောက်တာပျော်ပျော်နေတတ် တာကလွဲလို့ သူတို့မှာ အနည်ဆုံး ကံ ၅ ပါးကိုလုံအောင် ထိမ်းကြရပါတယ်၊ လာမေးတဲ့သူအပေါ်မှာ အနိဌ အဆိုးဟော ချက်များ တက်တက်စင်အောင်လွဲလို့ ကောင်းသောဟောချက်များ ရာနှုန်းပြည့် မှန်ကန်ပါစေလို့ အမြဲတမ်းဆုတောင်းပေးတတ်ကြပါတယ်၊ ပြီးတော့ နေ့စဉ်နဲ့ အမျှလဲ သူတို့တွေမှာ ကျင့်စဉ်တစ်ခုခုပဲ ဖြစ်ဖြစ် ကောင်းမှု့ကံလေးတွေ လုပ်ရင်း အချိန်ကုန်စေတတ်ကြပါတယ်လို့ ဆရာဖြစ်သူများ ကိုယ်စား တင်ပြရင်း……ခေတ္တ နားပါဦးမည်။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Saturday, April 11, 2015
တနှစ်တာလုံးကံကောင်းစေဖို့
မင်္ဂလာ ညနေခင်းလေးပါ မိတ်ဆွေ အပေါင်းတို့
ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းပါတော့ မယ်။ မိတ်ဆွေ တို့ အနေနဲ့ တနှစ်တာ ပတ်လုံး ကံကောင်းစေမယ့် နည်းလေးတွေကို အခါခွင့် သင့်ရင် သင့်သလို့ တင်ပြပေးသွားပါ့မယ်။ အခုတင်ပြမှာကတော့ ....................
နှစ်သစ်ဦးအစမှာ ပဲဖြစ်ဖြစ်၊ နှစ်ဟောင်း မကုန်ခင် တစ်ရက်ရက်မှာပဲ ဖြစ်ဖြစ် ကို့မွေးနေ့ရဲ့ တစ်ရက်ရက်မှာ ဒီကျင့်စဉ်လေး ကိုစတင်လိုက်ပါ။ အသက် ၂၀ ရှိတဲ့သူက ရက် ၂၀ အဓိဌန်ပေါ့ ဗျာ။ မိမိတို့ သက်စေ့ပေါ့
ဘာလုပ်ရမလဲ ဆိုတော့ မြတ်စွာဘုရားရှင်ကို ကိုရဲ့ အညွန့်ဂြိုလ် အရွက်အခက်ကလေးတွေ ပူဇော်လိုက်ပါ
ပြီးရင် စက်ကြီး တဆယ့်သုံးပါးဂါထာကို နေ့စဉ်ဂြိုလ်သက် အလိုက်ပူဇော်ခြင်းတွေ၊ သံဗုဒ္ဓေဂါထာကိုလဲ မိမိတို့ နေ့စဉ်နိုင်သလောက်ကလေး ပူဇော်ပေးပေါ့ဗျာ။ 
ဒီမှာ ဂြိုလ်သက် ကလေးတွေကတော့ ဒိလိုပါဗျာ
တနင်္ဂနွေဂြိုလ်၊          ၊ ၆နှစ်
တနလာင်္ဂြိုလ် ၊          ၊ ၁၅ နှစ်
အင်္ဂါဂြိုလ်၊                ၊ ၈နှစ်
ဗုဒ္ဓဟူးဂြိုလ်၊              ၊၁၇ နှစ်        ညနေပိုင်း ရာဟုဂြိုလ်သက် ၁၂ နှစ်
ကြာသပတေးဂြိုလ်၊     ၊ ၁၉နှစ်
သောကြာဂြိုလ်၊          ၊ ၂၁နှစ်
စနေဂြိုလ်၊                  ၊ ၁၀နှစ် ဖြစ်ပါတယ်။
စက်ကြီး တဆယ့်သုံးပါးဂါထာကို ဂြိုလ်သက်အလိုက် ပူဇော်ရမှာဖြစ်ပြီး၊ သံဗုဒ္ဓေဂါထာကတော့ မိမိတို့နိုင်သလောက်ကလေး လုပ်သင့်ပါတယ်၊ ကျွန်တော်ကတော့ နေ့စဉ် ပုတီးစိတ်ပါတယ်။
ကို့ရဲ့ သက်စေ့ရက်ပြည့်သွားရင်လဲ နောက်တစ်ကြိမ်ပြန်ဝင်ပေါ့၊ တကယ်လုပ်ကြည့်ပါ ၊
ကံ ၅ ပါးလုံရင် လုံသလောက် ကို ထူးထူးခြားခြား အဆင်ပြေလာမယ်ဆိုတာ ကိုယ်တွေ့ကြုံရပါလိမ့်မယ်။
ကျွန်တော်ပြောတဲ့ အတိုင်း တစ်သွေမတိမ်းလုပ်ကြည့်လို့ မထူးပါဘူးဆိုတဲ့ သူများ ကျွန်တော့် လိပ်စာကို အတိအကျပေးပါမယ်။ ပါးသာလာပိတ်ရိုက်လိုက်ကြဗျာ
မွေးနံရဲ့  ရှေ့တစ်ခုက အညွန့်ပန်းနော်
ဥပမာ တနင်္ဂနွေသားသမီးဆိုရင်   တနင်္လာနံ ကံကော်ညွန့်ပေါ့ဗျာ....
မှတ်ချက်။            ။ အမဲသား၊ ကျွဲသား မစားပါနဲ့
တနှစ်တာပတ်လုံး ကံကောင်းပြီး လိုရာ ဆန္ဒပြည့်ဝကြပါစေလို့ 
ကိုဇော်လင်း ( ခရမ်းသားလေး)
Friday, April 10, 2015
အဘမင်းသိင်္ခ၏ ဗလာဟင်းလင်းပြင်ထဲက ယတြာများ
ကျွန်ပ်သည် အယူတော်မင်္ဂလာခြံ အဘမင်းသိင်္ခဆီမှ ပြန်လာပြီးပြီးခြင်း လူပေါင်း ၁၀၈ ဦးပြည့်အောင် ဟောပြောနေချိန်ဖြစ်၏။ ထိုအချိန်က ယခုနေထိုင်ရာ အင်းစိန် ပြည်တော်သာတွင် မနေရသေးပါ။ အောင်ဆန်းရှိ စဉ့်ငူရပ်ကွက်တွင် ကုန်စုံဆိုင်လေးဖွင့် ထားပြီး ဈေးရောင်းရင်း သူငယ်ချင်းများ မိတ်ဆွေများအား စမ်းသပ် ဟောပြောနေချိန်ဖြစ်၏။ ကျွန်ပ်၏ ဆိုင်လေးတွင် ရပ်ကွက်နေ လက်လုပ် လက်စားသမားများ အလွယ်တကူ ဝယ်ယူနိုင်စေရန် အသေးစားချိတ်ကအစ အပ်၊ ဓါတ်ခဲအမျိုးမျိုး၊ ဆရာခိုက အစ ဝယ်ယူနိုင်စေရန် စီစဉ်ထားရ၏။ ကိုယ်ဆိုင်တွင် မရှိပါလျင် တခြားဆိုင် သို့ ရောက်မသွားစေရန်အတွက်သာ...အသေးအမွှားကအစ တင်ထားရလေ၏။
ကျွန်ပ်၏ ဈေးဆိုင်လေးသို့ နေ့စဉ်ဈေးလာဝယ်ရင်း ရင်းနှီးနေသော မိတ်ဆွေတစ်ဦး၏ ကလေးငယ်လေးမှာ ၄ နှစ်သမီးလေးဖြစ်ပြီး ကလေးမှာ ဖွံ့ဖြိုးမှု့မရှိ၊ ဗိုက်ကလေးမှာ ဖောင်းပြီးစူနေလေသည် ကို တွေ့မြင်ရသောအခါ ကျွန်ပ်မှလဲ မနေနိုင် စပ်စုလေရာ....
ဒီလိုပါ ကိုဇော်လင်းရယ်+++ ကျွန်တော့် သမီးလေးရဲ့ ဗိုက်ထဲမှာ အလုံးကြီး တစ်လုံးရှိနေလို့ ဟယ်လပင်က ကလေးဆေးရုံကြီးမှာ ရက်ချိန်းအတိုင်း သွားပြနေရတာ ကြာပါပြီ၊ ဆရာဝန်ကြီးက ဒီအလုံးကိုမှ ခွဲစပ်ပြီး မထုတ်ရင် ကလေးသက်ဆိုးမရှည်ဘူးလို့ ပြောပါတယ်၊ ခွဲစိတ်ဖို့ ရက်ချိန်းက ပေးထားတာ လွန်ခဲ့တဲ့ ၃ လလောက်ကပါ။ ကျွန်တော်မှာလဲ  နှီးထိုးပြီးရောင်းရတာကလဲ စားဖို့တောင် မပြည်စုံပါဘူးဗျာဟု ပြောပြလေရာ ကျွန်ပ် အလွန်ပင် စိတ်မကောင်း ဖြစ်ရလေတော့၏။
အဘဆီက သင်တန်းက ဆင်းကာစ ..လက်စွမ်းလေးကလဲပြချင်နေတဲ့ အချိန် ရေကန်အသင့် ကြာအသင့်ပေါ့ဗျာ၊ ကဲလာဗျာ အိမ်ပေါ်တက် ခင်ဗျားကလေးရဲ ကံလေးတစ်ချက်လောက် စစ်ကြည့်ရအောင်ပါ။ အကိုကဗေဒင်ဆရာလား ဆိုတော့ အဘကြီးတပည့်ရင်းပါဟု ပြောလိုက်လေရာ
နေပါအကိုရာ ကျွန်တော်မှာ ညနေဆန်ဝယ်ချက်ဖို့ တောင် အနိုင်နိုင်ရယ်၊ ဗေဒင်လဲကြည့်ချင်တယ် သမီးလေး ဘယ်လောက်နေရမလဲဆိုတာပါ။ တခြားတော့ မဟုတ်ပါဘူး၊ ငှင်းအချိန်တွင် ကျွန်ပ်၏ အမျိုးသမီးတွင် သမီးလေးကိုယ်ဝန်လွယ်ထားသည်မှာ ၃ လခန့်ရှိပြီးဖြစ်၍ ကိုယ်ခြင်းစာသောကြောင့်သာ
ကဲ ကိုယ့်လူ ဘာစကားမှ ထပ်ရှည်မနေနဲ့တော့ ဟုပြောပြီး တားရော့ ချိုးခိုင်းလိုက်လေရာ လောကပါလနတ်မင်းကြီး ခရုသင်းမှုတ်သောအခါ သေပြီးသော သူများပြန်ရှင်လာပြီး
ပျော်ပျော်ပါးပါး ကခုန်နေသော နိမိတ်ပုံဖြစ်၏ ကျွန်ပ် လဲ အလွန်ပင်ဝမ်းမြောက်သော အမှုအရာဖြင့် ကဲနိမိတ်ပုံကတော့ တော်တော်ကောင်းနေပြီ၊ ခင်းဗျားကလေးဘာမှကို မဖြစ်ဘူးဗျာ သူတို့ချိန်းတဲ့ အတိုင်း သွားဖြစ်အောင်သွားလိုက်...သွားရင် ကျွန်တော်ကိုပြော ကျွန်တော်လဲ ချမ်းသာလို့တော့ မဟုတ်ဘူး လမ်းစရိတ်ကလေး လာယူသွားဗျာဟု ပြောရာ မျက်လုံးအိမ်မှ မျက်ရည်များစို့လျက် အလွန်ပင် ဝမ်းနည်းသော အသံဖြင့် ကျွန်တော်ထင်တာ ဗေဒင်ဆရာတွေ မတရားတောင်းတာပဲ ကြားဖူးတယ်။ သြော် ဒီလိုဆရာမျိုးလဲ ရှိသေးပါလာဗျာဟု ပြောရင် ကျွန်ပ်အား ထိုင်ကန်တော့လေတော့၏။
ဟာ...မလုပ်နဲ့ ကိုယ်လူ့ ခင်ဗျားရှိခိုးချင်ရင် အဘကိုသာရှစ်ခိုးဗျာဟုပြောလိုက်လေရာ ဆရာကြီးကိုရော ဒီက ဆရာလေးကိုရော ကန့်တော့တယ်ဗျာဟု ဆိုပြီး ရိုသေစွာကန်တော့လေတော့၏
ခင်ဗျားကို ယတြာပါပေးလိုက်မယ်။ သင်္ဘောသီး အစိမ်းအနေတော် တစ်လုံရှာလိုက် ကြက်လျှာရောင်စုံ ၉ ချောင်းဝယ် ၊ အဲဒီကြက်လျှာမှာ ကလေးရဲ့ အမည် အသက်၊ ဖြစ်နေတဲ့ ရောဂါ ခံစားနေရတဲ့ ဝေဒနာတွေ ကို ဘောပင်လေးနဲ့ရေးဗျာ၊ သင်္ဘောသီး မလိမ့်သွားအောင် ပန်းကန်လုံးလေးခံထား" ကြက်လျှာကို ပတ်ပတ်လည်လေး ဝိုင်းနေအောင်စိုက်" သင်္ဘောသီးအပေါ်က မက်စေ့ တစ်စေ့တင်ပြီး တနေ့ကို မီးတတိုင်နဲ့ ခင်ဗျားမီးထွန်းပြီး ဆုတောင်းဗျာ၊ ကလေးဆေးရုံတက် ခွဲစိပ်တော့ မယ်ဆိုရင်နော်၊ ၅ ရက်ပြည့်ရင် စီးနေတဲ ရေမှာ သွားမျှောလိုက်ဗျာ..ဟုပြောပြီး ဆေးရုံတက်ရမယ်ဆိုလဲ တက်သာတက် ကူညီမယ့်သူတွေ့ လိမ့်မယ် မပူနဲ့ဟု ပိုင်နိုင်စွာပြောချလိုက်လေတော့၏၊
တားရော့ကို ကျွန်ပ်၏ အလွန်ပင်ယုံကြည်သောကြောင့်သာ.....
မနက်ကို သွားမယ်ဗျာဟုဆိုတော့ မိန်းမမသိအောင် ဈေးသေတ္တာလေး အတွင်းမှ ငွေ ၅၀၀၀ လမ်းစရိတ် ကစ်ပေးလိုက်ရလေ၏။
နောင်နှစ်ပတ်လောက် ကြာသောအခါတွင် ကလေးဆေးရုံမှ ဆင်းလာပြီး အိမ်သို့ အကျိုးအကြောင်း လာပြောရာ အကိုပြောတဲ့ အတိုင်းပါပဲဗျာ..ဆေးဘိုးလဲ တစ်ပြားမှ မကုန်ပဲ အလှုရှင်လဲ တွေ့ရတယ်။ မုန့်ဖိုးတွေလဲ ရလာတယ်ဗျာဟုသာ..
နောင် သမီးလေးမွေးဖွားပြီး အလွန်ငို၍ ခေါစာပြစ်ရန် လိုအပ်သော အခါ ငှင်းကိုယ်တိုင်နှီးဖြင့် ရက်လုပ်ထားသော လက်ဆောင် ကလေးမှာ မည်မျှတန်ဘိုးကြီးမားသော လက်ဆောင်နှင့် မလဲနိုင်လောက်အောင် ထိုသူအား ကျေးဇူးတင်လို့ မဆုံးဖြစ်ရလေတော့ သတတည်း။
Thursday, April 9, 2015
အင်္ဂါဝိဇ္ဇာဟောကွက်
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ညနေပိုင်း ၃:၄၀ လောက်မှာ ကျွန်တော် သူငယ်ချင်းတစ်ယောက် အိမ်ပေါ်တတ်လာပါတယ်။ ကျွန်တော်လဲ စာရိုက်နေတဲ့ အချိန်ဆိုတော့ သူတတ်လာတာ မသိလိုက်ဘူး..နောက်ကနေ အသံပေးလို့ ဆက်ကနဲ့
လှည့်ကြည်မိတဲ့ အချိန် .....
ဒီကောင့်မျက်နှာက တော်တော် ဖမ်းရခက်တဲ့ ရုပ်သွင်ပြင်မျိုးဗျ...ကျွန်တော် လိုမျိုး လူရည်သန့်ထဲက
ပေါ့...ခ်ခ်..
အသားက ဖြူတယ် အရပ်အမောင်းလဲ ကောင်းဗျ
ကျွန်တော်က လဲ အချိန်တိုင်က ခေါင်းထဲမှာ အမြဲတမ်းတွေးနေတာ အလေ့အကျင့်တခုလိုဖြစ်နေပြီ...
ဘယ်အချိန်တိုင် ဆို ဘာက နဝင်း..အမြစ်အညွန့်.ဇောက်ထိုး..သာစည်ကြိုး..ပင်းယ ကြိုး..လာတဲ့ နိမိတ် စောလှ..လှေဆန်.ဘယ်ကောင်နဲ့လာရင် ..
ဘယ်နေရာက Weekpoint ကိုတွယ်ရမလဲဆိုတာ အလေ့အကျင့်ရနေပြီဗျ...
ခက်တာက ဒီကောင်ပုံက ရင်နှီးနေတဲ့သူဆိုတော့
....အဲ့ဒီမှာ သွားသတိထားမိတာက လက်ထဲမှာ Taxi
ကားသော့ကို ဝှေ့ရမ်းပြီး အငြိမ်မနေတာ တစ်ချက်
ပြီတော့ လက်ညိုးကလဲ နှာခေါင်းကို စပါယ်ရှယ်ကို
နှိုက်နေတာဗျာ...
သုံးတန်ပေါ်နိစ် ကျမ်း နိမိတ်ဟော အင်္လကာမှာ.
တရပ်နှာတွင် နှိုက်သည်မှန်က အိမ်တွင် ဥပါဒ်
ထိပ်ခက်သည်းထန်..လို့ဆိုထားတော့...
လာပြီ...ယူသွားပုံလေး...
၃င်္ဂါအချိန်တိုင် မှာ ရက်စက်မှု့အပေါင်းသရဖူဆောင်း
တဲ့ စနေက မင်းမှုနေတဲ့ အချိန်....သူနဲ့ မတည့်တဲ့
အကောင် အကုန်ဆော်မဲ့ အကောင့် ...
နိမိတ်က သောကြာနိမိတ်...သောကြာသား..ရပ်နေတဲ့နေရာက စတုရန်း Fighting ဂြိုလ်
သူ့ရဲ့ Weekpoint.က ၅တေး ဌာနဂြိုလ် .
ဟေ့ကောင် မင်းအိမ်ထောင်ရေး ပြသာနာ အကြီး
အကျယ်ရှိနေတယ်။ လက်ရှိနေရာက စွန့်ခွာရမဲ့ အပြင် မင်းဘက်က ကူမယ့်သူ မရှိဘူး ..
စောလှ..လှေဆန်မိနေတာမို့ အလယ်အချာမှာရှိတဲ့
အင်္ဂါရိုက်ဖြုတ်ချလိုက်တာမို့...ရည်ရွယ်ချက်မဲ့..ပန်း တိုင်ပျောက်...အမှုတောင်ရှိနေတယ်...ဟေ့ကောင်
ဟာ..ဗျာ...ကိုကုလားကိုလေးစား တာ အဲ့ဒီအချက်ပဲဗျာ...
ပြောတဲ့အတိုင်းမို့ လန့်သွားတယ်ဗျာ.
### ဖြစ်စဉ်က ဒီလိုပါ...ဒီကောင်လွန်ခဲ့တဲ့ ၇နှစ်လောက် ကအိမ်ထောင်ကျပြီး သမီးလေး တစ်ယောက်ထွန်းကားပါတယ်၊ နောက်ပိုင်း ယောက္ခမတွေနဲ့ မကြည်ဘူး..ဒီကောင်ကလဲ
နဲနဲ့တော့ရှုပ်ချင်တယ်ဗျ...အိုက်မှာ ဘာမှန်းမသိကွဲသွားသလိုမျိုး..အဲ့ဒီ နောက်ပိုင်း သူ့ကားကို အမြဲစီး ကျောင်းပို့/ကြိုလုပ်တဲ့ ချာတိတ်မလေးနဲ့ ညိကုန်ရော... ကောင်မလေး က.တဖြည်းဖြည်း ဝလာတော့ ပြသာနာတတ်ပြီး
လက်စဖျောက်နေတာ လွန်ခဲ့တဲ့ ၇လလောက်က
ဘယ်သူကိုမှ အဆက်အသွယ် မလုပ်ပဲ ရှောင်နေခဲ့တယ်။
ပထမအိမ်ထောင်နဲ့က တရားဝင်မကွာရသေးဘူး
ရဲစခန်းမှာ အမှု့ဖွင့် သူညီတွေကိုရော သူမိသားစု
ပါချိန်းချောက်လိုက်တော့မှ ဒီကောင်ပေါ်လာတာ
ကောင်မလေးကို သူအိမ်ကို အတင်းပြန်ခေါ် သွားကြပြီ... အမှုရင်ဆိုင်နေရတယ်၊
ဒီကောင်ကလဲ သူအပေါ် ယောက္ခမကြီးက
ဘယ်လောက်ပဲ မကောင်းနေနေ..ယောက္ခမကြီး
အပေါ်အတော်လေးသိတတ်ရှာပါတယ်၊
လက်ဆောင်အနေနဲ့ စုဆောင်းထားတဲ့.
ဗိုက်ကလေး တစ်လုံးထည့်ပေးလိုက်ရှာပါတယ်။
ကျွန်တော်ဆီ ကူညီပါဆိုတော့...
တရားဝင်မကွာရှင်းထားတဲ့ အိမ်ထောင်ရေး ကိစ္စ
နေရင်း ထိုင်ရင်း..ကိုယ်ပါ.....အကုသိုလ်တော့.အဖြစ်မခံနိင်ဘူးဗျာ...
Wednesday, April 8, 2015
တနင်္လာ​နေ့
တနလာင်္​နေ့မှာ အကြံအစည်​ ​အောင်​မြင်​ချင်​ရင်
ယုံချင်​ယုံ မယုံရင်​ပုံပြင်​လို့သာမှတ်​​တော့
ကျွန်​​တော့်​ ဆရာသင်​​ပေးထားတာ အိုက်​အတိုင်းပဲ....
ဆား
အင်္ဂ၀ိဇ္ဇာဟောခန်း
October 21, 2014 at 3:23pm ·
( ဆား )
အညွန့် ++ သို့မဟုတ် ရှာဖွေရရှိသမျှသော အကျိုးစီးပွားအကြောင်း
အင်္ဂ၀ိဇ္ဇာပညာမှာ အညွန့်ဆိုတာ ရှိပါတယ်။ အဲဒီ့အညွန့်ဆိုတဲ့ဌာနလေးမှာ မေးသူဇာတာရှင်ရဲ့ မွေးနံ ရပ်တည်လာရင် ပုံမှန်အားဖြင့် ကောင်းတယ်ဆိုတဲ့ အဟောကြမ်းကို ထုတ်ကိုထုတ်ယူရပါတယ်။
ဒီနေရာမှာ တစ်ချို့က အယူမှားတတ်ကြတယ်။ ညွန့်မူစီးပွားဆိုတာနဲ့ ငွေကိုချည်းပဲ ပြေးမြင်တတ်ကြသူတွေ ရှိတတ်ကြတယ်။
မဟုတ်ပါ။
မေးသူဟာ ပညာသင်နေတဲ့လူငယ်ဖြစ်နေပြီး ပညာကိုရှာဖွေနေသူ လိုလားနေသူ ဖြစ်ရင် သူရှာနေတဲ့ပညာဆိုတဲ့ အကျိုးစီးပွားကို ရလွယ်တာပေါ့။
မေးသူဟာ ကုန်သည်ဝယ်ရောင်းဖြစ်ခဲ့ရင် သူလိုလားရှာဖွေနေတဲ့ အဆက်အသွယ် သို့မဟုတ် အမြတ်အစွန်းပေါ့
မေးသူဟာ သံဃာ ဖြစ်ခဲ့ရင် လောကုတ္တရာအကျိုးစီးပွားပေါ့ +++ ဗျာတို့ ။
ဒါဆို အညွန့်မှာ မွေးနံ ရပ်နေရင် ကောင်းတာပေါ့နော်လို မေးစရာပါပဲ။ ဟုတ်ပြီ ကောင်းတာပေါ့။
သို့သော် ချွင်းချက်ကလေးတွေဆိုတာကတော့ နေရာတိုင်းမှာ ရှိတတ်ကြစမြဲပါ။
ဥပမာအားဖြင့် +++
မွေးနံ အညွန့်မှာပေါ်ရင် န၀င်းဂြိုဟ်သည် အားနဲတတ်ပါသဗျား။
အဲဒါ ဟိုတစ်နေ့ က မေးတဲ့ လုပ်ငန်းသမား အမျိုးသားတစ်ယောက် မှာ ကြုံလိုက်ရပါသေးတယ်။ သူ့ကို ဘာကြောင့် မေတ္တာပွားခိုင်းရတာလဲ လို့ မေးသွားတာကြောင့် န၀င်းအားနဲချက်ကို ဖြေဖို့ဆိုတာ လေး ရှင်းခဲ့ရသေး ။
တစ်ခါတစ်ခါမှာ အင်္ဂ၀ိဇ္ဇာပညာမှာ
ဟာကွာ ++ မွေးနံကလည်း ကောင်း ၊ နာမည်ကလည်း ကြိုးတွေအမှန်ဖြစ်ပါလျက်နဲ့ ဘာကြောင့် ညံ့နေရတာလဲ မသိဘူး ဆိုတာမျိုးတွေမှာ +++ အဲဒီ့မြုပ်ကွက်ကလေးတွေ ရှိလို့ပါ။
မွေးနံ ရပ်တည်ရာပေါ်မူတည်ပြီး အားသာချက်နဲ့ အားနဲချက်ကလေးတွေ ဆွဲထုတ်လို့ရပါတယ်။
ဦးပေါ်ဦး လိုပေါ့။
ဟဲ့ ပေါ်ဦးရဲ့ သူချည်းပဲလော +++
+++ မှန်လှပါ ဆားလေးနဲ့ပါ ဘုရား ++++ ။ ဆိုသလို ++++
အင်္ဂ၀ိဇ္ဇာ မှာ လည်း ဆားလေးတော့ လိုသကွယ့် ။
စိုးခိုင် ။
Like
Comment
Share
You, ဂါ မဏိ and 29 others like this.
Write a comment...
Post
Aungnaingthu Bizz
ဆရာ
အားကိုးပါတယ် ဗျာ
၂၁ ၂ ၁၉၈၈
နာမည်က
အောင်နိုင်သူ လို့ပေးခဲ့တယ်ဗျာ
နာမည်ကြီး စီးနေလား ကံမကောင်းတာပိုများနေတယ်
Like · Reply · More · Oct 21, 2014
အင်္ဂ၀ိဇ္ဇာဟောခန်း
to Aungnaingthu Bizz ဟဲဟဲ ငါ့ညီထိုးမုန့် အမြည်းစားတာ များပြီလားလို့။ ထားပါတော့ အစ်ကို အနဲငယ် ရှင်းပြပေးပါ့မယ်။ ငါ့ညီနာမည်က ဗျုပ္ပတ် (နာမည်ရဲ့ အနက်အဓိပ္ပါယ်) ကောင်းမွန်တဲ့နာမည်မျိုးပါ။ ခက်တာက +++တို့လူတွေမှာက ကိုယ်မှည့်ထားတဲ့နာမည်နဲ့ ကိုက်ညီအောင် / တနည်းအားဖြင့်နာမည်ရဲ့ ဗျုပ္ပတ်သဘာဝနဲ့ ကိုက်ညီအောင် မနေနိုင်ကြပါ။ အဲသလိုမနေနိုင်တဲ့အခါရောက်တိုင်းမှာ လူက နာမည်သဘာဝနဲ့ ဆန့်ကျင်နေသည့်နည်းတူ ၊ နာမည်ကလည်း လူကို ပြန်ပြီး ဆန့်ကျင်တော့တာပါပဲ။ ခုငါ့ညီလိုနာမည်မျိုးက ဆန့်ကျင်လာပြီဆိုရင် အောင်နိုင်သူ ဆိုတဲ့ ဗျုပ္ပတ်သဘာဝကြောင့်၊ လုပ်သမျှ ကိုင်သမျှ တွေမှာ တော်တော်များများ ရှုံးနိမ့်ရ၊ အရှုံးပေးရ၊ ခေါင်းငုံ့ခံရတော့တာပဲ ငါ့ညီရေ။ အဲဒါ တစ်သက်လုံး ဒီအင်အားကို မဖြေရှင်းနိုင် မထိမ်းညှိနိုင်သမျှ ++ နာမည်ရဲ့ သက်ရောက်မှုကို ခံရပါတယ်။