ကိုဇော် လင်းအကျိုးပြုဆန်းဗေဒင်ပညာ
10 hrs · Edited ·
တနေ့သ၌ ကျွန်ပ်သည် ကျွန်ပ်နေထိုင်ရာ အင်းစိန်မြို့နယ် ပြည်တော်သာအနီးရှိ ကျွန်ပ်နေထိုင်ရာ အိမ်သို့ အမျိုးသမီးငယ်တစ်ဦး
ရပ်ကွက် အတွင်း မေးမြန်းစုံစမ်းရင်း ရောက်လာလေ၏။ ငှင်းရောက်ရှိလာချိန်၌ ကျွန်ပ်၏
အိမ်၌ ရှိသော တယ်လီဗေးရှင်းအစုတ်ကလေးမှာ power မဝင်တော့သော ကြောင့် ဝက်အူလညှ်ဖြင့် ဖွင့်၏ တီဗွီအခွံ
်အား ခွာပြီး ဟိုနှိုက် ဒီနှိုက်လုပ်ကြည့်၏ သိ၍ နားလည်၍ လုပ်ခြင်း မဟုတ်ပဲ တတ်သယောင် လုပ်ကြည့်၏
ရသလားဆိုတော့ မရ ..နောက်ဆုံး ဆိုင်သာပို့လိုက်ရ၏ ။ ဤကားကျွန်ပ်၏ ကျွမ်းကျင်မှု့အား ပြောပြခြင်း ဖြစ်၏ ။ ကျွန်ပ်အား ယုံကြည်လျှင် အိမ်တိုင်ရာရောက် လာပို့စေလို၏
ကျွန်ပ်အစွမ်းကုန် ကလိပေးမည်ဖြစ်၍ မရလျှင်
ဆိုင်သို့ပို့ပေးမည် ဖြစ်၏.
အဆိုပါမိန်းခလေးငယ် ရောက်လာချိန်၌ အိမ်ဝမှနေ၍
ဗေဒင်ဆရာ ကိုဇော်လင်းတို့အိမ်ပါလားရှင်..ဟုမေးလေရာ
ကျွန်ပ်က ဟုတ်ပါတယ်ဟုဖြေ၏ ။ အနှီ အမျိုးကောင်း သမီးလေးမှ အိမ်အတွင်းသို့ ဝေ့၍ ကြည့်၏ ကျွန်ပ်က လဲ သူကြည့်ရာနေရာသို့ လိုက်၍ ကြည့်၏ အိမ်အတွင်း၌ ဝက်အူလည့် ပလာယာ နှင့် ကျွန်ပ် တစစီ ဖြုတ်ထားသည်များ ပြန့်ကျဲ၍ နေ၏
ထပ်၍ မေး၏ ။ ဆရာ အပြင်များ သွားပါသလားရှင်.ဟုထပ်မေးရာ ..ကျွန်ပ်က မသွားပါဘူးရှိပါတယ်ဟုဖြေ၏။ ဆရာကို ခေါ်ပေးပါဟု ပြောရာ ...ညီမတွေ့ချင်တဲ့ ကိုဇော်လင်း
ဆိုတာ ကျွန်တော်ပါပဲဟု ပြောလိုက်လေရာ...
ရှင်.....ဟုသာ အသံထွက် လာလေ၏
ထိုမိန်းခလေး၏ စိတ်ထဲ၌ ကျွန်ပ်အား တီဗွီပြင်တဲ့
ကုလားဟု ထင်သည်လားမသိ။
ဒီလိုပါဆရာ အောင်ဆန်းက မမိုးလွှတ်လိုက်တာပါ
ဆရာက သိပ်မှန်တယ် ဆိုလို့ပါ။
ဘာပဲဖြစ်ဖြစ် ထိုစကားကို ကျွန်ပ်ကျေနပ်၏
ကိုယ်လုံးတီးချွတ်ထား၍သာ အကယ်၍ အပေါ်အင်္ကျီများ ဝတ်ထားပါက ကော်လံစလေး
ဆွဲထောင် မြောက်သွားအုံးမည် ဖြစ်၏
ကဲ ခဏတော့စောင့်ဗျာ....ခြေလက်ဆေးပြီး
အင်္ကျီလေး ဝတ်လိုက်ပါဦးမယ်။
ပြီးနောက်
် ဘုရားရှင်အား အမွှေးတိုင်ပူဇော်ခြင်း
အဘဆရာကြီး မင်းသိင်္ခအား တိုင်တည်ဆုတောင်းခြင်း များပြုလုပ်ပြီး သကာလ
ကဲမေးဗျာ....ဆိုတော့ ဆရာ မြင်တာဟောပါဆရာတဲ့
အဲ့ဒီအချိန်က ပညာရပ်တစ်ခုကို စွဲစွဲမြဲမြဲ ဘယ်တော့မှ
မတွက် ကြုံသည့် ပညာဖြင့် ကြုံသလိုတွက်၏
တားရော့လဲ ချိုးသည့်အခါချိုး၏ ဧကံသ လဲတွန့်၏
သုံတန်ပေါ်နိစ် ဖြင့်လဲတွက်၏
ထိုမိန်းခလေး၏ မွေးသက္ကရာဇ် အား နှစ်တစ်ရာဖြင့်
တိုက်ကြည့်ရာ လွဲနေသဖြင့် ဒီမှာမိန်းခလေး မင်းရဲ့
မွေးနေ့ကလွဲနေတယ်။ အဲ့ဒီတော့ ကျုပ်တွက်ချင်ရာနဲ့
တွက်မယ် မှန်ရင် ကျေနပ်လားဟေ့ ဟုခပ်တည်တည်မေး၏
ငှင်းစိတ်ထဲ၌ ဒီမဲမဲသဲသဲ ကုလားလိုငတိ...ကြီးကျယ်သည်ဟု ထင်ကောင်းထင်နိုင်၏...မတတ်နိုင်
ဟောရမည့် အလုပ် က ကို့အလုပ် မှန်တာ မမှန်တာ.အရေးမကြီး ..ဟောစရာရှိတာတော့
ဟောရမှာပဲ...လူပေါင်း သန်းခြောက်ဆယ်မှာ
ဒီတစ်ယောက်ကိုဟောလို့ မမှန်ခဲ့ရင်တောင်
နောက်ထပ် လူသန်းပေါင်း များစွာ ကျန်သေးတယ်။.ကိစ္စမရှိဘူး
ကျွန်ပ်လဲ စိတ်ကိုအတတ်နိုင်ဆုံး အေးချမ်းသွားအောင် သတိလေးကပ်
မေးလာသူကို မေတ္တာ ပို့ပြီးသကာလ
ဧကံသပညာဖြင့် တွန့်လေရာ
ဧကံသ အမှတ် ၁၂ အဆိုးကျ၏ တဖက်တွင် ၅ ဂဏန်း အကောင်းရှိ၏ ငှင်းဂဏန်းလေး များအား
စိုက်ကြည့် စိတ်ထဲမှလဲ ဟိုဖက်လှည့်တွေးလိုက်
ဒီဖက်လည့်တွေးလိုက် လုပ်ပြီးသကာလ
ဒီမှာ မင်းအမျိုးသား အိမ်ပြန်မလာတာ နှစ်ပတ်ရှိပြီ
မင်းလာတာ အိုက် ကိစ္စပဲ။ ဟုတ်လားဆိုတော့
ဟုတ်ပါတယ်ဆရာတဲ့၊ ဗေဒင်ဆရာတွေမှာ ပထမဆုံးဟောလိုက်တဲ့ ဟောချက်က သိပ်အရေးကြီးတယ်ဗျ၊ ကျွန်တော့်အထင်ပြောတာနော်။
အဲ့ဒီတစ်ချက်မှန်ရင် နောက်ဆက်သာဟော
အကုန်မှန်တယ် ။မင်းယောင်္ကျား အလုပ်အနီးနားက ကောင်မလေးတစ်ယောက်နဲ့ ရှုပ်နေတယ်ကွာ။
အဲ့ဒီကောင်မလေးက ထမင်းဆိုင် ဒါမှမဟုတ် လက္ဘရည်ဆိုင်ကကွာ...ဟုတ်ပါတယ်ဆရာ
သမီးလိုက်စုံစမ်းပြီးပါပြီ။ ယောင်္ကျား က အလုပ်မှာ
မြေတူးစက် ဘက်ဖိုးမောင်းတာပါ။
ဆရာဟောတာမှန်ပါတယ်။
သမီးအိမ်ထောင်းရေးအတွက် ကူညီပါဆရာ
ကျွန်ပ်လဲ အဆင်သင့်ဝယ်ထားပြီးသော ပဲခူးပန်းကန်
တချပ်ယူပြီး ချစ်သူနှစ်ဦးစမ အားရေးဆွဲ၍
ဒီမှာ နေ့စဉ် မနက် ၉နာရီ ၉ ရက်ဆက်တိုက် ဟောဒီ
အလယ်တည့်တည့်မှာ မီးထွန်းဆုတောင်းပေတော့
ဘုရားစင်ပေါ်မတင်နဲ့ ခုံလေးတစ်လုံးချပြီး ထွန်း
ညည်းတို့အိမ်ထောင်ရေး အဆင်ပြေလာလိမ့်မယ်။
နောင်တစ်လ ခန့်ကြာသောအခါ ထိုမိန်းခလေးသည်
ကျွန်ပ်အား သစ်သီးများ ငွေသားအနည်းငယ်နှင့်အတူ
လာရောက်ကန်တော့လေတော့သတည်း။
အဆိုပါ စမအင်းအား အလိုရှိပါက ပဲခူးပန်းကန်တစ်ချပ်တော့ဝယ်ခဲ့ပါ ယတြာကြေးတစ်ပြားတစ်ချပ်မှ မယူပဲ ဆွဲပေးပါမည်။
ကိုဇော်လင်း( ၂၈.၃.၂၀၁၅)
ီ
No comments:
Post a Comment