ကိုဇော် လင်းအကျိုးပြုဆန်းဗေဒင်ပညာ
19 hrs · Edited ·
တနေ့သ၌ ကျွန်ပ်သည် ကျွန်ပ်နေထိုင်ရာ အင်းစိန်မြို့နယ် ပြည်တော်သာအနီးရှိ ယခုနေထိုင်ရာ
နေရာသို့ ပြောင်းရွှေ့လာပြီး မကြာခင်အချိန်က ဖြစ်၏.
လအနည်းငယ်လောက် ကြာသောအခါ တရပ်ကွက်လုံးရှိ သူများနှင့် ရင်းနှီးသွားပြီ ဖြစ်၏
သာရေး နာရေးက အစ ကျွန်ပ်တတ်နိုင်သမျှ ပါဝင်သောကြောင့် မသိသူမရှိသလောက်ပင်။
တစ်ခုသော အလုပ်ပိတ်ရက်တရက်၌ အိမ်နီးနားခြင်း
ခင်မင်ရင်းနှီးသူ အမျိုးသမီး တစ်ဦး ကျွန်ပ်အား လာရောက်အကူညီတောင်းလေ တော့၏ အဆိုပါ အမျိုးသမီးသည် အထည်ချုပ်၌ လုပ်ပြီး ယောင်္ကျား နှင့်ကလေး အား ရှာဖွေကျွေးမွေးနေသူဖြစ်၏
ငှင်းအမျိုးသားသည် အလုပ်ဟူ၍ မယ်မယ်ရရမလုပ်
ဘာမှလဲ ခိုင်းမရ ဟိုယောင်ယောင် ဒီယောင်နှင့်
ယောင်စစ်စတီးဟူသော ဘွဲ့အားပိုင်ဆိုင်ထားသူ
ဖြစ်၏ တခုကောင်းသည်က အရက်တော့ မသောက်
လောင်းကစားတော့လုပ်၏
တခါတရံ ရှုံးသည့်အခါ၌ ငှင်း၏ အထည်ချုပ်လစာကလေး ပြောင်သွားပြီး
အကြွေးများ ပတ်လည်ဝိုင်းလေတော့၏
ဆရာရယ် ဆရာတို့ပညာမှာ ယောင်္ကျား အလုပ်လုပ်အောင် လုပ်လို့ရတဲ့ နည်းရှိရင် ပေးပါဆရာ ။ သမီးတစ်လနဲ့ တစ်လ အပတ်မလည်အောင် ဒုက္ခတွေ များလွန်းလို့ပါ
ကူညီပါ ဆိုတော့ ကျွန်ပ်စဉ်းစားရလေတော့၏
အေးဟာ ကူညီရတာပေါ့...ခဏစောင့် ငါစဉ်းစားလိုက်အုံးမယ်ဟုဆိုကာ အဘမင်းသိင်္ခ ပြောခဲ့သော ဂဗ္ဗီရနည်းလေးအား သွားသတိရလေတော့၏
ဒီလိုလုပ် မ......ရယ်....
နင်စာကလေးတွေ လွှတ်ဖူးလား...
ဟုတ်ကဲ့ လွှတ်ဖူးပါတယ်ဟု ပြော၏
အေး....အဲ့ဒီစာကလေး ငှက်လေးတွေ လွှတ်တဲ့ အခါ
အမွှေးလေးတွေ ကျွတ်ကျကျန်နေတတ်တယ်။
အဲဒီ ငှက်မွှေးလေး ယူလာခဲ့ နင့်ယောင်္ကျား မသိအောင် အိပ်ကပ်ထဲ ဒါမှမဟုတ် ပိုက်ဆံအိပ်ထဲ.ထည့်ပေးထားလိုက်
ထည့်တဲ့အခါ ဒီလိုပြောရတယ်ဟ...
လိုက်ဆို.....
မြန်မြန်လုပ်ပါ ထမင်းရှင်
ကျွန်မ ချစ်တဲ့လင်
လို့ စိတ်ထဲကလဲတွေး ပါးစပ်ကလဲပြောရတယ်ဟ
ပြီးရင် ထည့်ပေးထားလိုက်"
နင့်ယောင်္ကျား အလုပ် မနားတမ်းလုပ်လွန်းလို့
နားပါဦး ကိုကိုရယ်လို့တောင် ပြောရလိမ့်မယ်။
လုပ်ကြည့်......လုပ်ကြည့်
ဟိုဟာလုပ်ခိုင်းတာတော့ မဟုတ်ဘူးနော်။
ဟုပြောလိုက်ရလေတော့ ၏။
ဖော်ပြပါ ယတြာပေးသည့် အချိန်မှ စ၍ပြောသည့်အတိုင်းပြုလုပ်လေရာ
ငှင်း၏ ယောင်္ကျားသည် နေ့ခင်းဘက်၌ ဆိုက်ကားနင်းခြင်း ညဘက်၌ သူငယ်ချင်ဖြစ်သူနှင့်
Taxi မောင်းရာ၌ အဖော်လိုက်မောင်းပေးခြင်းတို့ အပြင် ။ မနက်မိုးမလင်းခင် အိမ်ပြန်ရောက်သည့် အချိန်၌လဲ မနားတမ်း.....
ထိုယတြာချေပြီးချိန်မှ စ၍ အဆိုပါ မ.....သည်
အလုပ်သွားချိန် နောက်ကျလာခြင်းလူကလဲ တဖြည်းဖြည်း အုန်းသီးဆီစွတ်ပြီး အလုံးလိုက် မျိုထားသကဲ့ သို့ ဝလာလေတော့သတည်း
No comments:
Post a Comment