အားလုံးသော မိတ်ဆွေများ မင်္ဂလာပါဗျာ...
ဒီ Blogger လေးကို လုပ်လိုက်တာ ကတော့ ကျွန်တော် Group တွေမှာ တင်သမျှ Post တွေ ကို မည်သူမဆို ဝင်ရောက်လေ့လာနိုင်အောင်လို့ပါ ။ ဗေဒင်ပညာနဲ့ ပတ်သက်လို့ ကျွန်တော် လေ့လာထားသမျှ ကျွန်တော့် အတွေ့ အကြုံလေးတွေကို ပြန်ပြီး Sharing လုပ်ချင်တာပါ။ ဆရာကြီးအဆင့် တော့ မဟုတ်ပါဘူး။ နည်းပညာကို ကလိရတာလဲ ဝါသနာပါတာရယ်။ ကျွန်တော်ရဲ့ သင်ဆရာများနဲ့ အဘဆရာကြီး မင်းသိင်္ခ သင်ကြားခဲ့တာတွေ ယတြာပိုင်းတွေ၊ ဘယ်ကျမ်းစာအုပ်ထဲမှာမှ မပါတဲ့ ဗလာဟင်းလင်းပြင်ထဲက အဘရဲ့ ယတြာတွေ အများသူငါ လိုအပ်ရင် အသုံးချရအောင်လို့ပါ။
ဗေဒင်လေ့လာသူများလဲ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ကိုဇော်လင်း (၂၉.၃.၂၀၁၅)
No comments:
Post a Comment