ကိုဇော် လင်းအကျိုးပြုဆန်းဗေဒင်ပညာ
March 19 at 10:33pm · Edited ·
ယနေ့ ည၌ ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ဦးနှင့် အတန်ကြာအောင် ဖုန်းဖြင့်စကားပြောမိသော အခါ၌
ကျွန်ပ်ယခင်နှစ်အနည်းငယ် သောကာလ၌ုတွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံလေး အားပြောပြချင်သောကြောင့် သာရေးလိုက်ရပါတော့၏။ ကျွန်ပ်၏ အရေးအသားသည် ဗေဒင်ပညာနှင့် ဆက်နွယ်သည်ဟု ယူဆပါကလဲ ယူဆနိုင်၏
ဗေဒင်ပညာနှင့် လားလားမျှ မသက်ဆိုင်ဟု ထင်ကောင်းလဲ ထင်နိုင်၏
ရေးစရာရှိသည်ကို ရေးချလိုက်ခြင်းသည်သာ........
ယခင် post များ၌ ကျွန်၏ ဘဝသင်င်္ခန်းစာ အတွေ့အကြုံများအား အရိပ်အမြွက်လောက် တော့တင်ပြခဲ့ပြီးဖြစ်၏
ကျွန်ပ် သည်မိခင်ဝမ်းမှ မွေးဖွားသည့် အချိန်
အင်္ဂါနေ့ နံက်၁၀နာရီ ၃၅မိနစ် အတိအကျဖြစ်ပါ၏
ကျွန်ပ်၏ အဘွားဖြစ်သူမှ ငါမြေးကလေး တခြားကလေးများ မွေးသည်မှာ မိခင်ကို ညကြီး
အချိန်မတော် ဒုက္ခပေးသည်ကြီးပင်။...
ဒီမြေးလေး တစ်ဦးပဲ ဘယ်သူကိုမှလဲ ဒုက္ခမပေး
မနက် လင်းလင်းချင်းချင်း မွေးသည်ဟု ဆိုကာ
အမိဝမ်းမှ ထွက်သည့်နှင့် ရေမိုးချိုး သန့်စင်ပြီး သကာလ ကျွန်ပ်အား မောင်ဇော်လင်း ဟု
တန်း၍ အမည်သညာ မှည့်လေတော့၏
မိခင်ဘက်မှ အဘွားဖြစ်သူက ဝပြီးချစ်စရာလေးဟု
ဆို၍ ဘိုတုံဟုခေါ်၏
ဘိုတုံဟု ခေါ်လဲ ကျွန်ပ်က ထူး၏
မောင်ဇော်လင်း ဟုခေါ်လဲ ကျွန်ပ်ကို ခေါ်သည်ဖြစ်၍
ထူး၏။ ဤသို့ဖြင့် ဘိုတုံတလဲ မောင်ဇော်လင်း တလဲ
ဖြင့် ကြီးပျင်းခဲရလေတော့၏
အရွယ်ရောက် လာသောအခါ၌ မောင်ဇော်လင်းဟု
ခေါ်သော ကျွန်ပ်၏ အသားအရည်မှာ လမိုက်ညတွင်
ကပ္ပလီတစ်ဦး မီးသွေးအိပ် အားထမ်းလာသကဲ့သို့
မည်းမှောင်လေတော့၏
မောင်နှမ ဆယ်ဦးအနက် ကျွန်ပ်က အမည်းဆုံးသော
ရွှေတံဆိပ်ဆုကြီး အားပိုင်ဆိုင်လေတော့၏
ပညာရေးတွင် တနှစ်တတန်းမှန်မှန်အောင်ပါသော်လဲ
တက္ကသိုလ်ဝင်တန်း စတတ်သည့်နှစ်တွင် စာမေးပွဲ တကြိမ်ကျ၏ ၄ နှစ်ခန့်ဆက်မဖြေတော့သည့် အချိန်၌ ငယ်သူငယ်ချင်းများ သည်ဘွဲ့များရကုန်ပြီ ဖြစ်၏
ကျွန်ပ်လဲ မခံချင်စိတ်ဖြင့် မည်သည့်ကျူရှင်မျှ မတတ်
ယခင်သင်ဘူးသည့် စာများအား ပြန်လည်လေ့လာရင်း ပြင်ပဖြေဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ အမှတ်အသင့်အတင့်ဖြင့် အောင်ခဲ့လေတော့၏။ တက္ကသိုလ်တတ်သည့်အချိန်၌
လည်း မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသည့်
အချိန်၌လဲ ဖြေလိုက်မဖြေလိုက်ဖြင့် နောက်ဆုံး
ဘာမှလုပ်မရသည့် မြန်မာစာဘွဲ့တစ်ခုသာ အဖတ်တင်လေတော့၏
သိတတ်သည့်အချိန်၌ အမည်၏ အကျိုးအပြစ်များကို
လေ့လာမိသောအခါ အသားအရောင်တွင် အမည်နှင့်
ဆန်းကျင်နေသည်ကို သိလာရလေတော့၏
ထိုသိလိုက်သည့်အချိန်မှာပင် ဖခင်ကြီး တာဝန်ကျရာ
ဝန်ထမ်းလိုင်းခန်းနှင့် မနီးမဝေးအရပ်ရှိ စေတီတစ်ဆူသို့သွား ပြီးနေ့စဉ် မီးများလှုလေတော့၏.လှုဒါန်းရန် ဖယောင်းတိုင်
အမွှေးတိုင်အား ကျွန်ပ်၏ အမဖြစ်သူမှဝယ်ပေးလေ၏
အလွန်ပင် ဆိပ်ငြိမ်အေးချမ်းသော ဟင်္သာတမြို့နယ်
နတ်မှော်ရွာ၏ ဘုရားလေးတစ်ဆူဖြစ်ပါ၏
နေ့စဉ် ဆီမီးလှုခြင်း။ မေတ္တာသုတ်တော်အား ဂြိုလ်သက်အလိုက်ပူဇော်ခြင်း များပြုလုပ်၏ ကိုယ်စောင့်နတ်နှင့်တကွ စေတီလေးအားစောင့်ရှောက်ကြကုန်သော မြင်အပ်
မမြင်အပ်သော ပုဂ္ဂိုလ် များအား အမျှပေးဝေ၏
အဓိဌန်ဝင်သလို မဟုတ်ပဲ နေ့စဉ်ရက်ဆက်ပြုလုပ်သောအခါ၌ စတင်အကျိုးပေးလာသည်ဟု ပြောရမည်ဖြစ်၏
တောရပ်တောရွာတွင် နေ့စဉ်ဝင်ငွေတစ်ထောင်ရဖို့ရန် အလွန်ခဲယဉ်းသော
အချိန်ကာလ ဖြစ်၏
အထက်ပါဖြစ်စဉ်များ ပြုလုပ်ပြီးသကာလ
တခုသောနေ့လည်ခင်းအချိန်၌ နေ့ခင်အလွန်ပူပြင်း၍
အိမ်ရှေ့ဖျာလေးခင်းပြီး မှေးကနဲအိပ်ပျော်သွားသော
အချိန်၌ အနားမှာ လာကပ်ပြီး ပြောသလိုလို တကယ်ပဲ စကားလာပြောသလိုလို ကရင်သံဝဲဝဲဖြင့်
မင်းလှုဖို့တန်းဖို့ပိုက်ဆံလိုချင်ရင် ဒီဂဏန်းကို
ထိုးလိုက်ကွာ ဟုပြောလေရာ...
ကျွန်ပ်လန့်နိုးသွားလေ၏ မယုံတဝက် ယုံတဝက်
ပိုက်ဆံကလဲလိုချင် စေတီလေးအားလဲ ထုံးသင်္ဃန်းလေး ကပ်ချင်သည်နှင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး အမဆီမှ ပိုက်ဆံတောင်း တစ်ရွာလုံးတွင် ရှိသမျှဒိုင် ၃ခုအား အကြွေးရော လက်ငင်းပါ
ထိုးချလိုက်လေရာ ၄၄၇ဆိုသော ချဲထီအား
ပေါက်လေတော့သတည်း။
ငှင်းငွေလေးဖြင့် စေတီလေးအား သန့်ရှင်းရေလုပ်ခြင်း ထုံးသင်္ဃန်းကပ်လှုခြင်းများပြုလုပ်ခြင်း အပြင် နေ့စဉ်
ဝတ်မပျက်ပြုလုပ်မြဲတိုင်းပြုလုပ်လေရာ ကျွန်ပ်၏
နှုတ်မှပြောလိုက်သော ဂဏန်းမှန်သမျှ အကုန်ထွက်နေတော့ သဖြင့် တရွာလုံးရှိဒိုင်များ
ကျွန်ပ်၏ ဂဏန်းအားမရောင်းရဲပဲ ပိတ်ထားရသည်အထိ ဖြစ်သွားလေတော့၏
၂၀၀၅ ခုနှစ်အဘ မင်းသိင်္ခ ၏ တပည့်ရင်းဖြစ်သည့်
အချိန်မှစ၍ ငှင်းဂဏန်းပေးခြင်း ဟိုပုဂ္ဂိုလ်လိုလို
အကြားအမြင်လိုလိုများ ကိုကျွန်ပ်လုံးဝ မလုပ်တော့ပါကြောင်း သစ္စာ ပြုရဲပါ၏.
အဘက ဆေးလိပ်မီးနှင့် ထိုးမည်ကို ကြောက်သောကြောင့်သာ........
ပြောချင်သည်မှာ မိမိအမည်နှင့် ကိုက်ညီသော
ကုသိုလ်ကောင်းမှု တစ်ခုခုကို နေ့စဉ်ဝတ်မပျက်
ပြုလုပ်နိုင်ပါလျင် ကျွန်ပ်ကဲ့သို့သော.ကောင်းကျိုးများ
ရရှိစေနိုင်ပါသည်ဟု အကြုံပြုရင်း.........
ကိုဇော်လင်း (၁၉.၃.၂၀၁၅)'
ု
ှိ
်
္က
Like
Comment
Share
No comments:
Post a Comment