Saturday, March 28, 2015

ကို​ဇော်​လင်း


ကိုဇော် လင်း‎အကျိုးပြုဆန်းဗေဒင်ပညာ
February 22 at 9:14pm · Edited ·
ဘယ်သူအကြောင်းမှ မရေးဘူးနော်
ကို့အကြောင်းပဲကိုရေးတာ.............
ကျွန်တော်ဆီ ၂၀၀၇ လောက်ကထဲက အမြဲတမ်း
ဗေဒင်လာမေးတဲ့ မိတ်ဆွေ တစ်ယောက်ရှိတယ်
အခုထက်ထိလဲ တပတ်တခါလောက်တော့ အနည်းဆုံးလာတယ်ဗျ....
ပြီးခဲ့တဲ့ New year မှာ ကျွန်တော်ခရီးတခုထွက်တော့
ကျွန်တော်မရှိတယ့် အချိန်မှာ ကျွန်မ အရေးကြီးကိစ္စတခုပေါ်လာလို့ ကျွန်တော်နေတဲ့ ရပ်ကွက်က ဗေဒင်ဆရာတစ်ယောက်ဆီမှာ ဗေဒင်မေးဖြစ်တယ်ဆရာ.....အဲ့ဒီဆရာက ဘာမလဲမပြောဘူး...ခင်ဗျားကိစ္စက အမြင့်ဆုံး ယတြာချေမှရမယ်...မနက်ဖြန် လင်ပန်းတချပ် ဆန်၉လုံးနဲ့ ပိုက်ဆံ ၂၇၀၀၀ ယူလာခဲ့ ။ အဲ့ဒီလင်ပန်းထဲမှာ ခင်ဗျားငွေပွားချင်ရင် ထပ်ထည့်ပေါ့ဗျာ။ အဲ့ဒီပိုက်ဆံ ကျုပ်မယူဘူး
ခင်ဗျားဘာသာ လာပြန်ယူလို့ပြောတာနဲ့
ယုံကြည်စွာထည့်လိုက်မိတယ်ဆရာ ရယ်။
ဘယ်လောက်တောင်လဲ ဆိုတော့ ၂၇၀၀၀ ရယ် နောက်ထပ်ထည့်တဲ့၅၀၀၀၀ရယ့်
ဗေဒင်ဟောခ ကသက်သက် ၅၀၀၀ပေးလိုက်ရတယ်။
ပေါင်း ၈၂၀၀၀ ကျပ်ပေါ့ဆရာ ။
အမက ဘာကိစ္စကြောင့် အရေးကြီးသွားရတာတုန်းဆိုတော့ အကြွေးမရလို့ပါဆရာ
အဲ့တော့ ရသလားဆိုတော့ မရပါဘူးရှင်....
နောက်၃ ရက်နေတော့ လင်ပန်းသွားယူပါတယ်။
အဲ့ဒီဆရာ က ခင်ဗျားနဲ့ ကျုပ်ကံစပ်နေတယ်
အလုပ်တခုလုပ်ရအောင် ငွေ၃သိန်း လောက်ထည့်ခဲ့ပါ။
ယုံကြည်ရင်ပေါ့ ဆိုပြီး ......
လင်ပန်းထဲ ထည့်တဲ့ပိုက်ဆံတောင် ပြန်မရတာ
ကျွန်မ မထည့်ရဲတော့ဘူး ဆရာ....
ဆရာဇော်လင်း ဟောတာမှန်တယ် ဆရာ
၇ အစ ၄အဆုံးအမည်ရှင်တွေ သတိထား
အလိမ်ခံရမယ်ဆိုတာလေ....
ပြောချင်တာက တချို့များ သိပ်ခက်တယ်ဗျ....
online ပေါ်မှာ ဟောရတာ လူကိုမြင်ရတာ မဟုတ်ဘူး
မွေးသက္ကရာဇ် အမည်လေးကို ခန့်မှန်းပြီး အကောင်းဆုံး
ချိန်ဆ ဟောပေးနေရတာ...လူကိုယ်တိုင်လာကြည့်လို့
ဒေါက်ကနဲ့ ဟောရတာက နိမိတ်တွေ ဘာတွေ
သူရဲ့ အကြောင်းတရားတွေဟာ ဆရာဖြစ်သူရဲ့.အကျင့်သီလ စေတနာ ကောင်းရင်
ကောင်းသလောက် ဟောရတာ သိပ်ပြီး အရသာ ရှိတာကလားဗျ....
ဒီအထဲက ဆရာတွေလဲ ကြုံဖူးကြမှာပါ
စေတနာပါပါတွက်ပေးတာကို အော်ရောင်းတဲ့
ဟောစာတမ်းလောက် တောင်တန်ဘိုးထားကြတာမဟုတ်ဘူးဗျ....
အခုခတ်ကိုက ဟိတ်နဲ့ ဟန်နဲ့ များများတောင်းတဲ့
ဆရာမှ အထင်တွေစွတ်ကြီး တကယ်လဲ ဘာမှမဟုတ်
တဲ့သူကများနေတယ်၊
တကယ်စေတနာပါပါနဲ့ အဆင်မပြေဘူး အခက်အခဲတကယ်ဖြစ်လာရင် ကိုယ်နဲ့ထပ်တူခံစား
အတတ်နိုင်ဆုံး သက်သာရာ ရပါစေဆိုတဲ့ စေတနာအပြည့်နဲ့ ဆရာတွေကြ တော့လည်း
ဘာမ မဟုတ်လောက်ပါဘူးရယ်ဆိုတဲ့ အထင်တွေ
အပြည့်.....မေးလားတဲ့ပရိတ်သတ်ကို ကူညီတယ်
ဟောတယ်ဆိုတာ စီးနေတယ့် မြောင်းထဲ ပိတ်ဆို့နေတဲ့
အမှိုက်စလေး ကို ဆရာဖြစ်သူက ဘယ်လိုလေးလုပ်ပြီး
ဖယ်ရှားလိုက်ဖို့ နည်းလမ်းလေးပေးတာပါ။
တကယ် အဆင်မပြေဘူး မတတ်နိုင်ဘူးဆိုရင်
လာခဲ့စမ်းပါ။ ထမင်းလဲကျွေး လက္ဘရည်ပါတိုက်ပြီး
လမ်းစရိတ်ပါပေးပြီး ပြန်လွှတ်လိုက်မယ်။.
ဇော်လင်း အပြောမဟုတ်ဘူး..လက်တွေ့သမားဗျ
ရွှင်လန်းချမ်းမြေ့ပါစေ
Like
Comment
Share

No comments:

Post a Comment