Saturday, March 28, 2015

အ​တွေ့အကြုံ့များ

ယခင် ရက်ကကျွန်ပ်သည် ဟင်္သာမြို့နယ် တောရွာလေး တစ်ရွာရှိ ကျွန်ပ်နေထိုင်ရာ ကုန်သွယ်လယ်ယာ သိုရုံနှင့် မနီးမဝေး လယ်ကွင်းပြင် တွင် တည်ထားသော စေတီလေး တစ်ဆူ၌ နေ့စဉ် ပုတီးသွားရောက် စိတ်ခြင်း ကုသိုလ်ကောင်းမူ့များ ပြုလုပ်ခဲ့သည်ကို ရေးသားပြီး
ဖြစ်လေ၏ ။ ဤကဲ့သို့ post များကို အခါအားလျော်စွာ
ရေးနေခြင်းမှာ နာမည်ကြီးလို၍ လဲမဟုတ်။ ကျွန်ပ်ရေးသော စာများကို ဖတ်ရသူတို့အတွက် အပျင်းပြေ သဘောသက်သက်သာ ရေးခြင်း ဖြစ်၏
ရေးစရာ ရှိသည်ကို ရင်ထဲကပေါ်လာသည့်အတိုင်း
ရေးချလိုက်သည်သာ..............
ကျွန်ပ်သည့် နေ့စဉ်ညနေ နေအေးသည့်အချိန်၌ အိမ်မှ စထွက်၏ ကျွန်ပ်၏ လွယ်အိပ်ကလေး အတွင်း၌ တင်ပလင်ခွေ၍ ထိုင်လျင် အနေတော် ရှိသော ၁၀၈လုံးပုတီးကြီး တစ်ကုံး၊ ရေဆာလျင် သောက်ရန်အတွက် ရေဘူးတစ်ဘူး၊ ကျွန်ပ်၏ အမနေ့စဉ်ဝယ်ပေးသော ဆင်မင်းဆေးပေါ့လိပ်
ဖယောင်းတိုင်နှင့်အမွှေးတိုင် မီးခြစ်ကအစ ကြိုတင်စီမံပြီး အဆင်သင့်ထည့်ထားရလေ၏
စေတီလေးသို့ရောက်သည်နှင့် ဦးစွာ စေတီပတ်ပတ်လည် ၌ တံမြတ်လှည့်သန့်ရှင်းရေးလုပ်၏ ။ ထိုစေတီလေး၏ မနီးမဝေးတွင် ထန်းတောကြီး တစ်ခုရှိပြီး ထိုအချိန်၌
ရွာထဲရှိ ကာလသားကြီး ငယ် လတ်တို့သည် ထန်းတော၌ မီးမွှေး ၍ အိမ်ကယူဆောင်လာသောငါးခြောက်ဖုတ်သူကဖုတ်
အသင့်ယူဆောင်လာသော အမြည်းများဖြင့် ထန်းရည်များ ဆော်နေကြပြီဖြစ်၏.
မမှောင်လွန်းသော အချိန်၌ GTC ကျောင်းမှ အတွဲလေးများ သည်လဲ ဟိုနေရာ ဒီနေရာတို့ကို
စူးစမ်းရှာဖွေနေပြီ ဖြစ်၏၊ တချို့အတွဲသည် စက်ဘီးသာ တွေ့ရပြီး လူကပျောက်နေ၏
တချို့အတွဲများသည် နောင်သားရေး သမီးရေး
ဆွေးနွေးနေကြသည့် အလား စကားတွေ ဖောင်ဖွဲအောင် ပြောနေကြ၏။
တော်သေး၏ စေတီလေးပေါ်သို့ မည်သူမျ တတ်မလာ သည်ကိုက ကျွန်ပ်အတွက် သိန်းဆုကြီး
ပေါက်သကဲ့သို့ အလွန်ကျေနပ်၏.
ထိုကာလ၌ ကျွန်ပ်သည် ရန်ကင်း ဦးတင်အောင်ရေးသားသော မဟာဘုတ်ဗေဒင်စာအုပ် ကိုစတင်လေ့လာပြီး
မူ ကော သက် နဝင်း မဟာဘုတ်ကလေးချ
စတင်၍ ဗေဒင်ဟောပြောနေပြီ ဖြစ်၏
ထိုစေတီလေးအား တည်ထားသူမှာ ရပ်ရွာရှိ ရှေ့မှီ
နောက်မှီ လူကြီးများ ဆရာတော်ကြီးများ ကပြောသည်မှာ ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး
စစ်သူကြီး တစ်ဦး ပြေးရင်း လွှားရင်း ငှင်းနေရာအရပ်၌ တည်ထားခဲ့သည်ဟု အဆိုရှိ၏
မည်သူက မည်သို့တည်ခဲ့သည်ဖြစ်စေ ကျွန်ပ် စိတ်မဝင်စား ၊ ကျွန်ပ်စိတ်ဝင်စားသည်မှာ အေးအေးချမ်းချမ်း နှင့် ကုသိုလ်များ ပြုလုပ်နိုင်ရေးသာ အဓိကဖြစ်၏
တနေ့သောရက်၌ အထက်ပါပြုဖွယ်ကိစ္စများ ပြုလုပ်ပြီး ၊ မေတ္တာ သုတ်တော်ကို ဂြိုလ်သက်အလိုက်ပူဇော်ခြင်း။ ပရိတ်တော်များ ပူဇော်ပြီး။ သရဏဂုံ ပုတီးစိတ်လေတော့၏
ပုတီး ၁၀ပတ်ခန့်ရှိချိန်တွင် လွန်စွာဖော်မပြနိုင်သော
ကြည်နူးခြင်း။ စာနှင့်ရေး၍ ဖော်မပြနိုင်သော ပီတိဖြစ်ခြင်းများ ဖြင့် အလွန်ကြည်းနူးနေချိန်တွင်
ကျန်ပ်၏ မျက်နှာပေါ်သို့ နွေခေါင်ခေါင် လေးတဟူးဟူး တိုက်သည့်ရာသီတွင် မည်သည့်နေရာက လာသည် မသိ ရေစက်များ ဖျန်းကနဲ နှစ်ကြိမ် သုံကြိမ်ခန့် လာစင် လေတော့၏
ဆက်ကနဲ သတိဝင်လာပြီး နဂိုကထဲက သရဲကြောက်တတ်သူမဟုတ်၍ မျက်လုံးကိုဖွင့်ကြည့်လေရာ ကျွန်ပ်ခေါင်းနပန်းများကြီးပြီး နားထင်မွှေးပါ ထောင်သွားလေတော့၏
အလွန်အရပ်အမောင်းကောင်းသော လူကြီးတစ်ဦး
ဓါးရှည်တစ်ချောင်းကို အသင့်ကိုင်ထားပြီး
ကျွန်ပ်အား ပြုံး၍ ကြည့်နေလေတော့၏
ကျွန်ပ်သည်လဲ မှင်သက်ပြီး ငေးကြည့်စဉ် သတိပြန်ဝင်လာချိန်၌ ထိုနေရာ၌ လုံးဝမရှိတော့။
စက္ကန့်အနည်းငယ်လောက်သာ....
ကျွန်ပ်လဲ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်
လွယ်အိပ်ပင်မယူတော့ပဲ သုတ်ခြေတင်လေတော့၏
ဗေဒင်ပညာနှင့် ဆိုင်မည်တော့မဟုတ်
ကျွန်ပ်ကြုံတွေ့ခဲ့ရသည်ကိုသာ ပြောပြသည်ဟုသာထင်စေပါသည်။
ကျွန်ပ်သည် ငယ်စဉ်ကထဲ အကျင့်တစ်ခုရှိ၏ ဘယ်ဆရာတော်က ဘာပုတီးစိတ်နည်း။ ဘယ်ဘိုးတော်က ဘာစိတ်ပြီး ထွက်ရပ်ပေါက်သည်တို့ကို လုံးဝ စိတ်မဝင်စား။
ရတနာသုံးပါးနှင့် မိဘ ဆရာသမားမှ လွဲ၍ ကျွန်ပ်၌
ကိုးကွယ်ရာ မရှိ၊ ကျွန်ပ်၏ မိဘလက်ထက်ကပင်
အိမ်၌ နတ်အုံးသီး လုံးဝမရှိ၊ မိရိုးဖလာ ရိုးရာဆိုတာ
ဝေးရော.....ကျွန်၏ကံကို ကျွန်ပ် အကြွင်းမဲ့ ယုံ၏
ကျွန်ပ်ကောင်းသော ကုသိုလ်ကိုလုပ်လျှင် ကောင်းသောအကျိုး မုချခံစားရမည်ကို ယုံ၏
ဗေဒင်ဆရာရယ်လို့ ဖြစ်လာသောအခါ ဂြိုလ်ပရိယာယ်တို့၏ အင်အား အကြီးအငယ်
တို့ကိုချိန်ဆ ကောင်းမူကုသိုလ် တစ်ခုခုနှင့် ယှဉ်၍
ယတြာကို ပေးလေတော့၏
ကျွန်ပ်ပေးသော ယတြာ မအောင်မြင်ခဲ့လျင်တောင်
ထိုသူ့အတွက် ကောင်းမူ့ ကုသိုလ်တစ်ခုခုတော့ ရသွားမည် ဖြစ်သည့်အတွက် ကျွန်ပ်အတွက် အချည်းနှီး မဖြစ်သလို ထိုသူ့အတွက်လဲ ကောင်းကျိုးတစ်ခုခု ရသွားမှာက မြေကြီး လက်နဲ့
ပုတ်တောင် လွဲချင်လွဲနိုင်သေး၏.
ကျွန်ပ်အယူအဆ လုံးဝ မလွဲနိုင်ရာတည်း။
ဖော်ပြပါ အဖြစ်အပျက်များ ကြုံပြီးချိန်မှစ၍ ထိုစေတီလေးသို့ ပုတီးလုံးဝ သွားမစိတ်တော့ပဲ.ကိုအိမ်လေးမှာပင် ပုံမှန်ပြုလုပ်သွားပါသည် ဟုတင်ပြရင်း

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ

ကိုဇော်လင်း (၂၄.၃.၂၀၁၅)


Like
Comment
Share

No comments:

Post a Comment