ရင်သွေးအမည်ပေး လို သူ များစွာအတွက်
============================
နာမည်ပေးခြင်း နဲ့ နာမည်ရွေးခြယ်ခြင်း ဟာ...သာမန်ဗေဒင်မေးခြင်းများစွာထက် အဆရာထောင်မက ..လေးနက်ပြီး ...တန်ဖိုးကြီးမားပါတယ်။ ဒါကို လူပေါင်းများစွာ မသိကြပါ။ မသိတာကိုလည်း အပြစ်မတင်ပါ။ လောကီပညာကို တစ်ကယ်လေ့လာ လာပြီဆိုရင် ....နက်ရှိုင်းစွာလေ့လာထားသလောက် ...နာမည်တစ်ခုရဲ့ အရေးပါပုံကို ..သဘောပေါက်လာကြပါတယ်။ နပိုလီယံကို နာမည်စာလုံးပေါင်းလေးတစ်ခု ပြောင်းလဲ လိုက်ခြင်းရဲ့ ....အကြောင်းတရားအထောက်အပံ့ဟာ ...မင်းဧကရာဇ် အဖြစ်ကို ရရှိသွားစေပါတယ်။ အကြောင်းတရားတွေ ပေါင်းဆုံလာသည့်အခါ အကျိုးတရားဆိုတာ ထင်ရှားလာစမြဲပါပဲ။

ကျွန်တော့်ဆီကို ကလေးနာမည်ပေး ဖရီးမေးနေကြသူတွေ များလှပါတယ်။ အောက်မှာသေချာဖတ်ပါခင်ဗျာ။
အခမဲ့ စေတနာဖြင့် ဗေဒင်ဟောရင်သာ ကျွန်တော်ဟောပေးပါမယ်။
ကလေးနာမည်ပေးကို ...အလကားဟောဆိုပေးခြင်း လုံးဝ...(လုံးဝ) ကျွန်တော် မလုပ်ပါ။
မတတ်နိုင်သူ၊ နွမ်းပါးသူ အမှန်တစ်ကယ် ဖြစ်နေခဲ့ရင် ...ကျွန်တော့် အိမ်ကို လူကိုယ်တိုင် ကလေးငယ်ကိုပါခေါ်ပြီး ....လာခဲ့ပါ။ ကလေးအတွက် စေတနာအပြည့်ထားပြီး ...ဥာဏ်ပူဇော်ခကို ကွမ်းတစ်ယာ မျှ ပူဇော်ရုံဖြင့် ... ကလေးရဲ့ကံဇာတာနဲ့ ဆီလျော်ကိုက်ညီတဲ့ အမည်သညာတစ်ခုကို ရွေးခြယ်ပေးလိုက်ပါရစေ။
ဒီလိုမှ မဟုတ်ပဲ ...အွန်လိုင်းကနေ အလကားရမလား မေးလိုသူများ အားလုံးကိုတော့ တစ်ခါထဲပဲ အပြတ်ပြောထားပါရစေ။
ရင်သွေးအမည်ပေးအတွက် ...ဥာဏ်ပူဇော်ခ ကျပ် သုံးသောင်းတိတိ သတ်မှတ်ထားပါတယ်။ ကိုယ့်ရင်သွေးအတွက် ထိုမျှ ဥာဏ်ပူဇော်ခကို သုံးသင့်ပူဇော်သင့်တယ်လို့မှ မထင်ရင်....လုံးဝ မမေးစေလိုပါ။
နောက်တစ်နှစ်မှာ ...ကျွန်တော် အွန်လိုင်းအလုပ်တွေကို ပိုလျှော့ချပြီး ပြင်ပလူတွေ့ဆွေးနွေးမှုဘက်ကိုပဲ ပိုအားပြုတော့မှာပါ။ ဒါကြောင့် နောက်တစ်နှစ်မှာ ...ကျွန်တော့်အလုပ် နှုန်းထားတွေကို ပြောင်းပါမယ်။
ရင်သွေးအမည်ပေးကို ... ကျပ်တစ်သိန်း နဲ့ အထက် ထိ ...သတ်မှတ်ပါမယ်။
ဒီလောက်သတ်မှတ်လို့ မေးသူရှိပါ့မလားလည်း မပူပါနဲ့။
သူ့အရပ်နဲ့ သူ့ပရိသတ် အမြဲရှိပါတယ်။
( ကိုယ့်ရင်သွေး နာမည်ပေးဖို့တောင် အလကားလိုချင်နေသူများ အဓိကဖတ်ဖို့ပါ။)
စိုးခိုင် ။

ရင့်လှချည်လားးဟ
ReplyDeleteငါးပဲရောင်းစားတော့ ကွယ်
ReplyDelete