မှော်ဘီ
..မရမ်းတလင်းခြံက ပြန်လာတယ်။
ကျွန်တော်နေတဲ့...သူငယ်ချင်း အိမ်တန်းပြန်တာပေါ့၊
ဟေ့ကောင်တွေ....ငါပြန်လာပြီဟ...
ဟာ...ကုလားကြီး...မင်းအသားအရည်တွေ..
မှော်ဘီကပြန်လာမှ...အရင်ထက်စာရင်...ပိုနက်"လာတယ်ကွ...။.ဟေ့ကောင်တွေ..ရိုရိုသေသေပြောကွ...ငါကဆရာကွ...အေးကွာ..ဆရာဆိုလည်း..
ရောက်တုန်း
ရောက်ခိုက်...ခပ်ပါးပါးလေးချလိုက်ရအောင်...
ဟု..ကျော်ကြီးဆိုသော...ငမိုက်သားမှ...ပြောလေ၏
ဟေ့ကောင်...ဘုရားမကြိုက်တဲ့..အလုပ်ငါမလုပ်ဘူးကွ....ငါကြိုက်တဲ့အလုပ်ပဲ..ငါလုပ်တော့တယ်။အမလေး....ကိုရွှေကုလားနက်ရယ်...မင်းက.အခုမှ စကားကြီး..စကားကျယ် လုပ်နေတယ်။..ငါတို့ကို.. မောနီးပတ်..ချတတ်အောင်..မင်းပဲဖျက်စီးတာ..
ညကြီးသန်းခေါင်တောင်...မရရအောင်ရှာဖွေပြီး
မမူးမူးအောင်..မင်းပဲလုပ်ခဲ့တာလေ...
မရဘူးကွာ.ဟုငမိုက်သားမှ..ပြောပြန်၏
တကယ်ပါကွာ..ငါဗေဒင်ဆရာ.လုပ်တော့မှာဆိုတော့
မသောက်တော့ပါဘူးကွာ...မင်းတို့ချချင်..ချကွာ
ငါလိုက်ထိုင်ပေးမယ်..ဟုပြောရလေ၏၊
နေဦးကုလားရ...မင်းကို.ဆရာမင်းသိင်္ခဆီက.
.ပြန်လာရင်..ဗေဒင်ကြည့်ဖို့ကြွခဲ့ပါလို့...မှာထားတယ်။
ဒီနေ့တော့..ရောက်တုန်း..ရောက်ခိုက်..နားရင်း
ငါတို့နဲ့...အရက်ဆိုင်တော့..လိုက်ခဲ့ဦး..
အေးကွာ...လိုက်ခဲ့မယ်ဟု..ပြောရပြန်၏
အရက်ဆိုင်သို့ရောက်လျှင်..ရောက်ချင်း...ဗျို့..
ကိုကုလား..ဆိပ်ပဲရှိတယ်..ရွှေပတ်အပြားပဲလား...
ဟာ..နေနေ..ကိုသိန်း..ကျွန်တော်..မချတော့ဘူး
ဒီငမိုက်သားကောင်တွေသာ..လုပ်ပေးလိုက်တော့
ကျွန်တော်ကို..အအေးတစ်လုံးနဲ့...စီးကရက်တော်
်ကြီးသာ..ချတော်မူ..မောင်သိန်း"ဟုမိန့်ရလေ၏
....ကြားသားမိုးကြိုး..ကိုရွှေကုလားရယ်...နားရှိလို့
သာ...ကြားတော်မူရသကိုးဗျာ....နှိပ်ဟ
တကယ်ပြောတာ..ကျွန်တော် ဗေဒင်ဆရာလုပ်မှာ
မသောက်တော့ဘူးဗျာ...
ဒါဆိုရင်လည်း..ငါ့လည်းကူညီပါအုံးဟ...ရင်နှီးနေသည့် အလျောက်..အားမနာတမ်းပြောကြလေ၏.
ဒီလိုရှိတယ်...ကိုသိန်းရ..ကျွန်တော်က ခင်ဗျားကို.ခင်နေလို့သာ..ပြောရမှာ..အရက်ဆိုင်တို့...လမ်းဘေးတို့မှာ...မဟောရဘူးဗျ....ခင်ဗျားဆိုင်က..
SuperStar..ဆိုတာ..အဓိပ္ပယ်က...တအားကိုကြီးနေတာဆိုင်းဘုတ်နဲ့..ဆိုင်အနေထားနဲ့...ဟက်နေအောင်လုပ်ဗျာ....မီးတွေ..ထွန်းဗျာ...Good.လာလိမ့်မယ်။
ယခုငှင်းဆိုင်...အတော်ကို..အခြေနေကောင်းသွားပြီ
ဖြစ်၏.......
ဒါက..ပထမဆုံး..အတွေ့အကြုံ
နောက်နေ့ကျတော့...ကျော်ကြီးဆိုတဲ့ကောင်က..လည်ကတုံးနဲ့...ယောပုဆိုးထုတ်ပေးတယ်။.
လာကွာ...ကုလား...ရော့ဝတ်...မနေ့ကမင်းလာမယ်လို့..ငါပြောထားတယ်၊.အိုက်ကျမှ ထမင်းစားတဲ့
ဘာပဲ့ဖြစ်ဖြစ်....ထမင်းလဲ ရောက်မှ...စားဖို့ဖိတ်ထားတယ်ကွ...
ဟုပြောရင်း...နှစ်ယောက်သားချီတတ်သွား...ရလေ၏
ထိုအိမ်သို့..ရောက်ရောက်ခြင်းပင်..အိမ်ပေါ်သို့တတ်သည်နှင့်.....အိမ်ရှင်..အမကြီးမှ......ဆရာလေးကြွလာ
ပြီဟေ့ဟု.....အော်လိုက်လေရာ...အိမ်အနီးအနား.
ဝန်းကျင်မှ...အလျိုအလျိုရောက်လာကြလေတော့၏
ကျွန်ပ်လည်း...နေရင်းထိုင်ရင်း...သီလရှင်ဖြစ်သွားရ
လေ၏။....ဆရာလေး...ထမင်းအရင်..စားပါလာရှင်ဟု
ပြောရာ....ဟာ...မဟုတ်တာ...အမရယ်...
မဟုတ်တာကို....ဟုအားနားစွာ...ပြောရတော့၏
အဲ့ဒီ....မဟုတ်တာ.....မဟုတ်တာ"ဟုသော စကားဖြင့်
ကျွန်ပ်၏ သူငယ်ချင်းများ...လဘက်ရည်ဝိုင်းတွင်ငှင်း
အရက်ဆိုင်တွင်ငှင်း...အခြားသောပိုက်ဆံရှင်းရမည့်
နေရာတော်တော်...များများတွင်...လူလည်
လုပ်ခဲ့သည်ချည်းပင်....ကျွန်ပ်၏..သူငယ်ချင်းမှာ...
အကြောင်းသိမို့...ပြုံးစိစိ...အမူအရာ...
ငှင်းစိတ်ထဲတွင်....ဒီကုလားတော့..လူလည်လုပ်နေပြီ
ဟုထင်မည်မှာမလွဲနိုင်.....ပေတကား...
ကျွန်ပ်လည်း....ဆရာဆိုဒ်ဂိုက်ကတော့...အသားမည်းပင်...မည်းလင့်ကစား" လည်ကတုံးအင်္ကျီကို...ကော်လံ.ကြယ်သီး...အပြည့်တတ်ထားရ၏...ထမင်းဝိုင်းပြင်ပြီးသော အခါ
ဟင်းပွဲအား...ဝေ့၍ကြည့်လိုက်ရာ...ကျွန်ပ် အလွန်ကြိုက်သော...ဝက်သားဟင်း...ပဲကုလားဟင်း
ငါပိရည်...တို့စရာ..အစုံအလင်....
သူငယ်ချင်းနှစ်ယောက်...ဘာပြောကောင်းလိုက်မလဲ
ဗေဒင်ကတော့...တစ်ကွက်မှ...မဟောရသေး
ထမင်းကတော့...စာပြီးပြီ..ဖြစ်၏
ထမင်းစားပြီးသည်နှင့်....အိမ်အနီးမှ..ဧည့်သည့်တစ်ဦးက...ဆရာကြီး..တပည့်တွေ..ဆေးလိပ်
်သောက်တယ်ဟဲ့...ဆေးလိပ်ကလေး...
ဘာလေးလုပ်အုံးဟု
ပြောရာ.....ကျွန်ပ်ကလည်း....မဟုတ်တာအမရယ်"
ဟုပြောရပြန်၏။
ဘာပဲဖြစ်ဖြစ် London တစ်ဘူးရောက်လာ၏။
ဆင်ဖြူတော်ကို...မှီပြီးကြံစုပ်သလား..ဆင်မည်းကိုမှီ
ကြံစုပ်သလား...မသိ...အဖော်လိုက်လာသော
ကျွန်ပ်၏သူငယ်ချင်းမှာ...ငါ့သူငယ်ချင်း...ဆရာကုလားနဲ့ လိုက်လာရတာ...တယ်လဲနေရာကျသကိုးဟု
ထင်နေမည်မှာ...အမှန်ပင်...
ထမင်းစားခြင်း...ကော်ဖီသောက်ခြင်း...ဆေးလိပ်
နှစ်လိပ်ခန့်သောက်ခြင်း...တို့ကို..ပြုလုပ်ပြီး...သကာလ...ဗေဒင်ဟောပြောရန်...ခေါင်းရင်းသို့.ရောက်သွားပြီ.ဖြစ်၏....
စဟောသော..အတွေ့အကြုံမရှိသေး သဖြင့်
တကယ်နှဖူးတွေ့...ဟောရမည်..ဆိုသောအခါ၌
တခုခုကို..စိုးရွံနေသလိုမျိုး...ခံစားရလေတော့၏
အိမ်ရှင်အမကြီးက..ဧည့်သည်တွေ..အရင်ဟောပေးပါဆရာလေးဟုဆိုရာ...စတွေ့တွေ့ခြင်းဟောရမှာက
တစ်ခါမှ မမြင်ဖူးသည့်..တစိမ်း...
ဟိုက်.......ဟုသာ.စိတ်ထဲက..ကျိတ်ပြီး...တွေးရ၏.
လူသိခံ၍.မဖြစ်....ဟို...အဖော်ပါလာ...သည့်
သကောင့်သားကတော့....ဆေးလိပ်ကလေးဖွာလိုက်
ဝိုင်း၍ ထိုင်နေသူများထဲမှ....ကောင်မလေးကို
တကြည့်ကြည့်....နေဦး....ဒင်းတော့.....
ခေါင်းရင်း...ခန်းတွင်..ထိုင်ပြီး....
တောင်စဉ်ရေမရ....လျောက်ယက်ခတ်နေလေတော့၏။.....
အဘပြော..စကားကိုသွား၍...သတိရသော..အခါ၌
အိုက်လို....စိတ်တွေယောက်ယက်...ခတ်နေရင်
ဘာမှဟောလို့....အဆင်ပြေမှာမဟုတ်ဘူး....
ခင်ဗျားတို့....ဗေဒင်..စဟောတဲ့အခါမှာ...မဟာဘုတ်ကိုတတ်ရင်...မဟာဘုတ်နဲ့ပဲဟောပါ....ဘာနဲ့ပဲဟော
ဟော...တည်ငြိမ်ဖို့လိုတယ်...
အဲဒီလို..ဖြစ်ဖို့...ဒီလိုလေး...လေ့ကျင့်ထားပါ
ဆရာတို့.......ဆရာမတို့......
ငါရုပ်ကြီးငြိမ်နေပြီ....ငါရုပ်ကြီးငြိမ်နေပြီ....
စိတ်ထဲကနေ...ရွတ်လိုက်...ငြိမ်သွားတော့မှ
ဟောပေတော့ဗျာဟု.....ဆရာကြီးပြောထားသည့်အတိုင်း....ရွတ်ရလေတော့၏.....
ခက်တာက....ဗေဒင်ကြည့်တဲ့သူက...မျက်လုံးက
အငြိမ်မနေ...ဆရာဘာလုပ်လုပ်...လိုက်ကြည့်တာဗျ...လွယ်အိပ်ထဲက...ဗလာစာအုပ်နဲ့...ဘော့ပင်ထုတ်လည်း...လိုက်ကြည့်...မဟာဘုတ်ခွင်ချ...တောင်ခြစ်
မြောက်ခြစ်လုပ်လည်း....လိုက်ကြည့်...တာဗျာ
ကျွန်တော်လည်း.....စဉ်းစားမိပါတယ်။
သြော်.....သူတို့ကြည့်တာ..မစမ်းပါဘူးလေ...အဲ့ဒီ
အချိန်က...အဘကိုအားကျပြီး...နှုတ်ခမ်းမွှေးစစ
လုပ်ထားတာ...အိမ်ထောင်ကျပြီးမှ....
ကျွန်တော့်မိန်းမ..ပြောတာတော့....ရှင်ကနှုတ်ခမ်းမွှေး
နဲ့ဆိုရင်......ဟိုလေ.....စိုင်းအောင်တင့်နဲ့....တူတယ်ဆိုလား........စဉ်းစားကြည့်ဗျာ
ဒီ..ကြာကူလီ..မင်းသားနဲ့မှတူရသလား....
ဒီလိုနဲ့....တွက်ပြီပေါ့ဗျာ....စလာပြီ....
ခေါင်းကိုငုံ့.....စာအုပ်ကိုပဲကြည့်တယ်....
ပါးစပ်ကလည်း....လျောက်အော်တာပဲ...
အင်း.......ဝင်.....ထွက်....ဝင်.....ထွက်....နာ....သေထွက်....ခင်ဗျား...မရဏဘွားဗျ....#ရှင်ရင်မြေကြီး
သေရင်...ရွှေထီးပဲ......
မေးသူ..အဒေါ်ကြီးမှ......ရှင်....ဟုသာ
ဆက်ပြောတယ်......တနင်္ဂနွေ..တိုင်ထိပ်မှာ...ကောင်းနေတယ်ဗျ.....ဟုတ်ကဲ့ဆရာ....
ခင်ဗျား...တနင်္ဂနွေနံ..ဝင်ဖို့ရှိတယ်ဗျ....ဟုတ်ကဲ့
ဆရာ..အိမ်က...သားအကြီးတနင်္ဂနွေသား....အိမ်က
စိတ်ဆိုးပြီး...ထွက်သွားတာ...နှစ်လလောက်ရှိပြီဆရာ
သူပြန်ရောက်လာတာ....ဝင်တာပဲလား.....
ဟာဒါပေါ့ဗျ......အခြေနေမဆိုး....
အင်္ဂါနံ..ထွက်မယ်နော်....ဟုတ်ကဲ့ဆရာ
စက်ဘီးပျောက်သွားတယ်ဆရာ....ဈေးသွားရင်း
ရပ်ထားတာလေ.....ကျွန်တော်က....ဘာနေနံဆိုတာနဲ့
မေးတဲ့....အဒေါ်ကြီးက....သူဟာသူဖော်သွားတာ
သူနဲ့ကိုနဲ့ကြား.....အတော်ကို...ဟာမိုနီ..ဖြစ်နေတာ
ုဒီလိုနဲ့ပဲ.....ဘာနေ့နံဝင်မယ်..ဘာနေ့နံထွက်မယ်
တွင်တွင်...သုံး၍...တစ်ယောက်ပြီး...တစ်ယောက်
ဟောပြီး...သကာလ....အပြန်တွင်
စာအိပ်တစ်အိပ်....ကန်တော့လေရာတွင်
လမ်းမှာပင်....ဖွင့်ကြည့်သည့်...အချိန်၌
ငွေကျပ်..၅ထောင်..ဖြစ်နေလေတော့...သတည်း။
ကျွန်ပ်၏ အလွဲများအား...ဆက်လက်ဖော်ပြပေး
သွားပါမည်။
ကိုဇော်လင်း
၆.၅.၂၀၁၅
ဲ

No comments:
Post a Comment