Thursday, November 19, 2015
ရှင်းလိုက်ရအောင်
Wednesday, May 20, 2015
ကြာသာပတေးနေ့ဖွားတို့ Ko Soekhaing
=============================
သည်တစ်နှစ် ထူးခြားတာကတော့ ကြာသာပတေးနေ့ဖွားများစွာ ဆီက သည်တစ်နှစ်အတွက် ဟောကိန်းဆောင်းပါးကို အစဉ်အတိုင်းမဟုတ်ပဲ ကျော်ပြီးမြန်မြန်ရိုက်ပေးကြဖို့ တောင်းဆိုလာနေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အများစုဆန္ဒအတိုင်း သည်ဆောင်းပါးလေးကို တနင်္လာနေ့ဖွားအတွက် မရေးရသေးမီမှာပဲ … ရေးသားတင်ပြပေးလိုက်ရပါတယ်။
ကြာသာပတေးနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
=========================================
သည်တစ်နှစ်မှာတော့ ကြာသာပတေးနေ့ဖွားများ အဖို့ ပြုပြင်ပြောင်းလဲရေး ကာလကို ရောက်ရှိလာပါပြီ။ အခြေခံအကျဆုံးအဖြစ် ..မိမိရဲ့ တွေးပုံမြင်ပုံ …ကအစ၊ လူပုံစံ ၊ ဆံပင်ပုံစံ၊ နေပုံထိုင်ပုံ စသည်ဖြင့် အလျဉ်းသင့်ရာတို့ကို ပြုပြင်ပြောင်းလဲရမယ့် အခြေအနေတွေ ဆိုက်ရောက်လာတတ်ချိန်ပါ။
ပြုပြင်ပြောင်းလဲမှုသဘောတရားဟာ အင်မတန်အရေးကြီးပါတယ်။ သဘာဝတရားနဲ့ လိုက်လျောညီထွေ ပြောင်းလဲပြုပြင်နိုင်ခြင်းဟာ …သက်တမ်းကို ရှည်စေနိုင်သလို…ကျရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အဓိကအချက်တစ်ရပ်လို့ ဆိုရပါမယ်။ ဒိုင်နိုဆောလို အင်မတန်အင်အားကြီးမားသည့် သတ္တ၀ါမျိုးတွေသော်မှ…သဘာဝတရားနဲ့လျော်ညီစွာ ပြုပြင်ပြောင်းလဲနိုင်မှု မရှိတာကြောင့် ..ဒီကနေ့ခေတ်မှာ မမြင်ရတော့ပါဘူး။ မျိုးတုံးပျောက်ကွယ်ခဲ့ပါပြီ။
ကျွန်တော်တို့လူသားတွေမှာလည်းပဲ … အချိန်အခါအလိုက်..ထိုက်သင့်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ အမှန်တစ်ကယ်လိုအပ်လှပါတယ်။ ဒီနေရာလေးမှာ ဒီလိုလေး လုပ်နေကြဖြစ်ပေမယ့် အဆင်မပြေတော့ဘူးဆိုတဲ့အခါမှာတော့ …နောက်ထပ် ဘယ်လိုပြုပြင်ပြောင်းလဲ ပေးရတော့မလဲ ဆိုတာကို မုချ တွေးတောပြီး ပြောင်းလဲနိုင်အောင် ကြိုးစားရပါတော့မှာပါ။ ဒါကိုမသိကျိုးကျွံပြုပြီး ဇွတ်အတင်း အပြောင်းအလဲတွေကို ငြင်းဆန်ဖို့ ကြိုးစားကြည့်တဲ့အခါ …အကျိုးပျက်ဆီးခြင်းသာ ကြုံရပါတော့တယ်။
ဒါကြောင့် …ကြာသာပတေးနေ့ဖွားတွေအဖို့ …
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) ကျရောက်လာသော ပြောင်းလဲရန် အခြေအနေများကို သတိဖြင့် စောင့်ကြည့်ပါ။
(ခ) ဥာဏ်ကိုသုံးပါ။ မိမိအခြေအနေကို လှေနံဓါးထစ်ထားပြီး မဆုံးဖြတ်ပါနဲ့။ အရာအားလုံးသည် သည်တစ်နှစ်အတွင်းမှာ ဘာမဆို ပြောင်းလဲသွားနိုင်တယ်ဆိုတာ …သတိကပ်ပါ။
(ဂ) သင့်ရဲ့ ရပ်တည်မှုကို …သင်ပြန် ဆန်းစစ်ပါ။ သင့်တွေးခေါ်မှု လမ်းကြောင်းတွေကိုလည်း ..ပုံစံပြောင်း တွေးခေါ်ကြည့်ပါလေဦး။ သင်က အဖြူရောင် ဖြစ်နေပါစေဦး …သည်တစ်နှစ်မှာတော့ အမဲရောင်ဆိုတာရဲ့ အကြောင်းကိုလည်း သင်သိနားလည်နိုင်ဖို့ ကြိုးစားရပါတော့မယ်။
ဆန့်ကျင်ဘက်အခြေအနေတွေကို တွေးတောပုံဖော်နားလည်ထားပြီး….ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ပေါ်မှာ …လိုက်လျောညီထွေ ပြောင်းလဲရပ်တည်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်နေဖို့ အင်မတန်အရေးကြီးလှတဲ့နှစ်ပါပဲ။
ဒီအချက်ကို နားမလည်နိုင်သူများအဖို့ကတော့ တစ်နှစ်လုံးလိုလို မိမိကိုယ်မိမိ စိတ်တိုင်းမကျ ဖြစ်ရခြင်း၊ ကိုယ့်ကိုယ်ကို ပင် ဒေါသထွက်နေမိတတ်ခြင်းများ ကြုံနေကြရပါလိမ့်မယ်။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ စိတ်နှစ်ခွ ဖြစ်စရာတွေ၊ မပြတ်မသား ချီတုံချတုံ ဖြစ်စရာတွေ၊ လမ်းနှစ်သွယ် ရွေးခြယ်ရခက်စရာတွေ၊ ဒွိဟ ဖြစ်စရာတွေ အရမ်းများပြားတတ်ပါတယ်။ ရမလို မရမလို …ကိစ္စတွေလည်း အများအပြားကြုံပါမယ်။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်သည် စီးပွားရေးမှာ အနဲငယ် အားပျော့သွားစေတတ်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ခါတိုင်းလို ထက်ထက်သန်သန် မရှိလှပဲ … (အရောင်းအ၀ယ်စကားနဲ့ပြောရရင်တော့..) အရောင်းအ၀ယ် အေးသွားတတ်တဲ့ကာလပါ။ ကုန်သိုလှောင်မှု လုပ်ငန်းလုပ်ကိုင်သူတွေမှာတော့ ….အကျိုးအတန်အသင့်ရနိုင်ချိန် ဖြစ်ပြီး…၊ ဟော်တယ်နဲ့ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်သူများအဖို့ …စီးပွားရေး မဆိုးလှတဲ့ကာလလို့ သတ်မှတ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် …မိမိတို့ စီးပွားရေးနဲ့ အသက်မွေးမှုအ၀၀ အတွက် ယတြာပြုလိုသူများအနေနဲ့တော့ ….အနဲဆုံး တစ်ပတ်တစ်ခါ မျှ ဆိုသလို….၊ ကြာသာပတေးနေ့တိုင်းမှာ …ဘုရားစေတီပုထိုးများရှိ တနင်္လာထောင့်တွင် သောကြာနံ အရွက်အညွန့် တို့ကို (၂၁ညွန့်) ကပ်လှုပူဇော်ပြီး…ရေသပ္ပါယ်ခြင်းအားဖြင့် …စီးပွားရေးကောင်းမွန်စေဖို့ ဆုမွန်ကောင်း တောင်းယူနိုင်ကြပါမယ်။ သိသာတိုးတက်နိုင်ပါတယ်။ ပုံမှန် တစ်ပတ်တစ်ခါ နှစ်လ သုံးလခန့် လုပ်ကြည့်ပြီး…မှတ်တမ်းတင်ထားကြည့်သင့်ပါတယ်။
(၂) လူမှုရေး
=======
အနဲငယ် အရှုပ်အထွေးရှိတတ်တဲ့ကာလဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့တွေမှာ ပိုမိုပြီး အခြေအတင်ကိစ္စလေးတွေ ရှိလာတတ်ပါတယ်။ သူတစ်ပါးကိစ္စတွေကို အလွယ်တစ်ကူ ၀င်ရောက်အာမခံမိခြင်းမျိုးတွေ ဟာ …ပြဿနာရဲ့ မူလဇစ်မြစ်တွေ ဖြစ်နေတတ်တာမို့ သတိပြုရပါမယ်။ အထက်တန်းလွှာအသိုင်းအ၀ိုင်း နဲ့ ပိုမိုနီးစပ်လွယ်သော ကာလဖြစ်ပြီး..၊ လူမှုရေးရာ ကျယ်ပြန့်မှုတော့ ရှိလာနိုင်တဲ့ကာလဖြစ်ပါတယ်။
(၃) အချစ်ရေး
========
ကံကောင်းစေနိုင်သော နှစ် မုချဖြစ်ပါတယ်။ အများစုသော ကြာသာပတေးနေ့ဖွားတွေအဖို့ …အချစ်ရေးဆန္ဒတွေ ပြည့်ဝပြီး ….သုခဖြစ်စရာကြုံရတတ်သော နှစ်မျိုးပါပဲ။ ချွင်းချက်အနေနဲ့ကတော့ နာမည်အဖျားစာလုံး ( နာမည်တစ်ခုရဲ့ အဆုံးစာလုံးကို) စနေနံ (တ၊ထ၊ဓ၊ဒ၊န) နဲ့ မှည့်ခေါ်ခဲ့ရင်သာ (ဥပမာအားဖြင့် မျိုးထွန်း၊ မြင့်မြင့်နွယ်၊ မိုးမခနိုင်၊ စသည်) …မေတ္တာရေး မှာ ထင်သလိုကံမကောင်းပဲ ….ခုတ်ရာတစ်ခြား ၊ ရှရာတစ်လွဲ ဖြစ်ရပြီး နောင်တရစရာအချို့ကြုံရတတ်ပါတယ်။
နာမည်အဖျားစာလုံး ကို အင်္ဂါနံ ( စ၊ဆ၊ဇ၊ဈ၊ည) နဲ့ မှည့်ခေါ်ထားသူများ အတွက်ကတော့(ဥပမာအားဖြင့် … မြင့်မြင့်စိုး၊ နွယ်နီဇော်၊ မင်းကိုကိုဇင်၊ သင်းသင်းဆွေ..စသည်ဖြင့် မှည့်ခေါ်ထားသူများ အတွက်ကတော့) …အခြားသော ကြာသာပတေးနေ့ဖွားများစွာထက် အချစ်ရေးမှာသာ မက…ကဏ္ဍတော်တော်များများမှာ …Happy Lucky Year သဖွယ် ဖြစ်နေမယ့် ကာလပါပဲ။
ထူးဆန်းတာကလည်း ဒီတစ်နှစ် အချစ်ရေးမှာ ကံကောင်းစေလိုသူများ အဖို့ ….သေနတ်ပုံ သော့ချိတ် သို့မဟုတ် ဓါးပုံ သော့ချိတ် ကလေးဖြစ်စေ..(ဟုတ်ကဲ့ ..လက်ပစ်ဗုန်းလဲ ရပါတယ်။) ဆောင်ထားခြင်းဖြင့် ကံကောင်းစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားမှာဆုတောင်းချင်ရင်တော့…တနင်္ဂနွေထောင့်မှာ …အင်္ဂါနံ အညွန့်အခက် တို့ကိုလှုဒါန်းပူဇော်ပြီး …ရေသပ္ပါယ်ပါ။ မေတ္တာသုတ်တော်ကို ဖြေးဖြေးမှန်မှန်နဲ့ အာရုံညွတ်ပြီး …၈ခေါက်တိတိရွတ်ဖတ်ပူဇော်ပါ။ ပြီးလျှင် အမျှသေချာပေးဝေ ခဲ့ပါ။
(၄) အိမ်ထောင်ရေး
=============
အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အိမ်ဖော် အခိုင်းအစေ သို့မဟုတ် စနေနေ့ဖွားတစ်ဦးဦး မိမိနေအိမ်သို့ ရောက်ရှိလာရင်တော့ အိမ်တွင်းရေး အနဲငယ်အနှောက်အယှက် တွဲပါလာတတ်ပါတယ်။ တစ်ကယ်လို့ အလုပ်သမားတစ်ဦးဦးကို မိမိနေအိမ် အတွင်း လက်ခံတာမျိုးလုပ်တော့မယ်ဆိုရင်လည်း ..ဒီတစ်နှစ်အတွက်တော့ ဖြစ်နိုင်သမျှ ဆင်ခြင်ပါ။ လက်ခံတိုင်း ပြဿနာ ဖြစ်မှာ မဟုတ်သော်လည်းဘဲ..၊ လက်ခံမိလို့ ပြဿနာအပေါ်တတ်ဆုံး နှစ်မျိုးကို ပြပါဆိုရင်တော့ သည်လိုနှစ်မျိုးသာ မုချ ဖြစ်ပါတယ်။
ဒီတစ်နှစ်မှာ …နာမည်အဖျားစာလုံး အင်္ဂါသမား များ …ကံကောင်းခြင်း ၊ မေတ္တာရေး အဆင်ပြေနိုင်ခြင်းများ ရှိသော်လည်းပဲ…ခုမှစတင်ပြီး အိမ်ယာထူထောင် အိမ်ထောင်ပြုလိုသူများ၊ မင်္ဂလာအခမ်းအနား စတင်ကျင်းပလိုသူများ အတွက်တော့ အထူးသတိပေးလိုပါတယ်။ အဆိုပါနာမည်အဖျားစာလုံး အင်္ဂါသမား ကြာသာပတေးနေ့ဖွားများအနေနဲ့ …မင်္ဂလာအမှုများ ပြုရာမှာ သီရိဂြိုဟ်ထွင်းဖောက်ခြင်း ခံထားရချိန်ဖြစ်လို့…မင်္ဂလာအခမ်းအနားတိုင်းမှာ …အနှောက်အယှက် အဖျက်မကင်းချိန်လို့ သတိပြုကြပါ။
သတို့သမီးပျောက်သွားလို့…သတို့သားမရောက်လာလို့…စသည်ဖြင့် အများဆုံး ကြုံရတတ်သော ကံမျိုး ကို အထပ်ထပ် သုတေသနပြုတွေ့ရှိရတာကြောင့် ….ဒီတစ်နှစ်တော့ ဖြစ်နိုင်သမျှ သီးခံစောင့်ဆိုင်းကြပါလေဦး။
ကဲ…မအောင့်နိုင်ဘူးဆရာရယ် ဆိုသူများကတော့ …..ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့မယ်ဆိုရင် …ဘုန်းတော်ကြီးကျောင်းမှာ အရင်ဆုံး …မင်္ဂလာဆွမ်းကျွေးပါ။ တနင်္ဂနွေနေ့ တစ်နေ့နေ့မှာ …ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှု အရင်ဆုံးပြုပါ။ ပြီးမှသာ….ဆီဒိုးနားပဲ တက်တက် ၊ စင်္ကာပူ ထိပဲ တက်ပြီး မင်္ဂလာဆောင်ဆောင် ….ကြိုက်တာသာ လုပ်ကြပေတော့ဗျာတို့..။
နေဦး….ဘိုးဘွားရိပ်သာမှာ ဆေးဝါးလှုဒါန်းမှုပြုသည့်အခါမှာ………
မိမိတို့၏ အိမ်ထောင်ဦးတွင် ….
သက်တမ်းရှည်စွာနေထိုင်နေရသော အဆိုပါ ပုဂ္ဂိုလ်များ …(၀ါ) သက်ကြီးရွယ်အိုများ အား…
သက်တမ်းရှည်စေသော…အသက်ဇီဝ ဆိုင်ရာ ဤဆေးဝါးတို့ကို ကုသိုလ်ပြု ရသည့်အကျိုးအားကြောင့်…
မိမိတို့ …၏ အိမ်ထောင်ရေး သည် လည်း သာယာချမ်းမြေ့ ကြံ့ခိုင်စွာဖြင့် သက်တမ်းရှည်နိုင်ပါစေသတည်း ။
အဲဒီ့လို ဆန္ဒပြုပြီး လှုဗျ ။
မောပါ့….ရှင်းရချက်..။
(၅) ကျန်းမာရေး
=========
မကြာခဏ လေဆန်တတ်ပါတယ်။ လေကြောင့် ခန္ဓာအိမ်ကို ဥပါဒ်ပေးတတ်သောကာလပါ။ မသန့်ရှင်းသော လက်တည်ချဉ်များနဲ့ … လမ်းဘေးအစားအစာအချို့ကြောင့်သော်လည်းကောင်း …၊ အပုပ်စာ အချဉ်တည်ထားသော အစားအစာများကြောင့်သော်လည်းကောင်း …ကျန်းမာရေး အနဲငယ်ထိခိုက်တတ်ချိန်ပါ။
ကျန်းမာရေး တစ်ခုခု အားနဲလာပြီဆိုတာနဲ့ ..ဆေးခန်းကို တစ်ကြိမ်သွားလို့ မပြီးတတ်သော ကာလဖြစ်ပါတယ်။ မပြီးနိုင်မစီးနိုင်….တစ်ကျော့ပြီးတစ်ကျော့သွားရောက်ကုသနေရတတ်သော ကံအင်အား သက်ရောက်နေချိန်မို့..အားနဲချက် မရှိအောင် တင်ကြိုဂရုစိုက် ထားခြင်းဖြင့် …..ကာကွယ်ကြပါ။
(၆) ပညာရေး
=========
ပညာရေး အပြောင်းအလဲများ ကြုံရတတ်ချိန်ပါ။ သို့သော် ..မိမိတို့ ရည်ရွယ်ထားသော ကျောင်းများ၊ သင်တန်းများ တက်ရောက်သင်ကြားခွင့် ကို မျှော်မှန်းနိုင်ကြချိန်ပါ။ ယျေဘုယျအားဖြင့် ပညာရေး မှာ သင့်အဆင့် အဖြစ် သတ်မှတ်နိုင်ပါတယ်။
အထွေထွေ
========
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ ကြာသာပတေးနေ့ဖွားများစွာအတွက် အပြောင်းအလဲများ ကျရောက်လာတတ်ချိန်ဖြစ်ပြီး ..အထူးသဖြင့် နေရာဌာန အပြောင်းအလဲသည်လည်း ဒီကံထဲမှာ ရောထွေးပါဝင်လာပါတယ်။ အနေအထားပြောင်းလဲခြင်း၊ ၀န်ထမ်းများ ရာထူး သို့မဟုတ်တာဝန်ယူလုပ်ကိုင်ရသည့် ဌာနပြောင်းလဲခြင်းများ …အများအပြားကြုံရတတ်ချိန်ဖြစ်ပါတယ်။
ဒီတစ်နှစ်ထဲမှာ ကြာသာပတေးနေ့ဖွားတွေအဖို့…သူတစ်ပါးအတွက် အာမခံပေးမိခြင်း၊ သူတစ်ပါးကိစ္စ ၀င်ရောက်ဆောင်ရွက်ပေးမိခြင်းမျိုးကနေ တစ်ဆင့်… ဆွေမျိုးစုရဲ့ အပြစ်တင်မှု ၊ ရန်လိုမှုကို ခံရတတ်ပါတယ်။ အတိတ်ကာလတုန်းက …မိမိတို့ပြုခဲ့ဖူးသော ကောင်းမှုကံစေတနာတို့ ၏ အကျိုးဆက်အားဖြင့် …ကောင်းကျိုးအချို့ကိုတော့ ရရှိတတ်ချိန်ကာလဖြစ်ပါတယ်။ အထူးသဖြင့် ..ဒီကံသည် ရပ်ဝေးမြေခြားနဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာတတ်ပါတယ်။
အကောင်းဆုံးအားသာချက်ကတော့ …အင်္ဂါဂြိုဟ်(ဆပွတ်ဂြိုဟ်) ဖြစ်ပါတယ်။ ဒီအချက်လေးကြောင့်ကိုပဲ ကြာသာပတေးနေ့ဖွားများအဖို့….သည်တစ်နှစ်မှာ…ချစ်၍ခင်၍ ကူညီမစမှုများ ခံစားရတတ်ခြင်း ကံကို လက်ခံရရှိကြပါလိမ့်မယ်။ အနာဂတ်ရည်မှန်းချက်တွေကို သူတို့တွေရဲ့အကူအညီနဲ့ပဲ ပိုမိုအကောင်အထည်ဖော်ခွင့်ရရှိပြီး တိုးတက်မြင့်မားခွင့် ရရှိနိုင်ချိန် ဖြစ်ပါတယ်။
မတော်တစ်ဆများ သည်ကံလေးနဲ့ အလှမ်းဝေးနေကြမယ့် ကြာသာပတေးနေ့ဖွားများ အဖို့ကတော့ …….
အင်္ဂါထောင့်မှာ မေတ္တာသုတ်တော်ကို မကြာမကြာ သွားရောက်ရွတ်ဖတ်ပြီး….ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အိုများကို ဆေးဝါးလှုဒါန်းခြင်းမျိုး ကို မဖြစ်မနေလုပ်ကြည့်ကြပါစို့။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
ကိုယ်နှင့်မသက်ဆိုင်ဘဲ…ဘာမှ …၀င်မပါပါနဲ့။
ကိုယ်မပိုင်ဘဲနဲ့ အာမ မခံပါနဲ့။
အပြောင်းအလဲတိုင်းကို လက်ခံပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်းဖြင့် ………………………………………………………
ကြာသာပတေးသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287
တနင်္လာနေ့ဖွားတို့ ကံဇာတာ Ko Soekhaing
=========================
သည်တစ်နှစ်မှာ … စစ်သူကြီးအသွင် နဲ့ ..အားမာန်ပြည့် ရဲရင့်နေသော …နေ့နံတစ်ခုကိုပြပါဆိုရင် ..တနင်္လာနေ့မှာဖွားမြင်သော သူများကိုသာ လက်ညှိးညွန်ပြရပါလိမ့်မယ်။
တနင်္လာနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
====================================
သည်တစ်နှစ်မှာတော့ တနင်္လာနေ့ဖွားများ အားလုံးဟာ …အဓိပတိဌာနမှာ ရပ်တည်ရသော ကာလဖြစ်ပါတယ်။ အဓိပတိဌာနဟူသည်မှာ … စစ်မြေပြင်နဲ့ အလားသဏ္ဍန်တူတာကြောင့်….တနင်္လာနေ့ဖွားများအားလုံးသည် တစ်ကယ့်ကိုပဲ ဘ၀ရဲ့ Battle Field ထဲမှာ ရောက်ရှိနေသော ကာလကို ဖြတ်သန်းနေရချိန်ပါပဲ။
ဒါကြောင့်လည်း ..အလွန်ပျင်းရိတတ်သော၊ သို့တည်းမဟုတ် အလွန်အေးဆေးစွာနေထိုင်တတ်သော တနင်္လာနေ့ဖွားများသော်မှ…ဒီတစ်နှစ်အတွင်းမှာ...စိတ်အားတက်ကြွလာနေခြင်း၊ ရဲစိတ်ရဲမာန်များ ၀င်လာနေခြင်း၊ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ပညာမပြည့်ဝသော …အသိဥာဏ်နှင့်ဆင်ခြင်တုံတရား အားနဲသော တနင်္လာနေ့ဖွားအချို့အတွက်တော့ ဒီအခြေအနေဟာ…မိုက်ရူးရဲလုပ်ဆောင်လိုသော စိတ်ကို ဖြစ်လာစေနိုင်ပါတယ်။
သူတစ်ပါးကို ထိုးနှက်တိုက်ခိုက်ဖို့အတွက်ပဲ ဖြစ်စေ၊ သူတစ်ပါးကို ယှဉ်ပြိုင်အနိုင်ကျဲဖို့အတွက်ပဲ ဖြစ်စေ…လွယ်လင့်တစ်ကူ ..စိတ်ခွန်အားရရှိလာစေတတ်သော ဒီလိုနှစ်မျိုးမှာ…အခြားသူတွေအပေါ် အနိုင်အထက် မပြုမိဖို့ ဂရုပြုရမယ့်ကာလဖြစ်ပါတယ်။ ပြုခဲ့မိရင်တော့ ..ရှေ့လာမယ့် (၁၃၇၈ခုနှစ်ဟာ..) အတိအကျ ၀ဋ်လည်တတ်သော ကာလပဲ ဖြစ်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်…မိမိထံရောက်ရှိလာနေသော တိုက်ပွဲဝင်နိုင်သည့် စွမ်းအားစုတွေကို …မိမိတို့ တိုးတက်အောင်မြင်ရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သော အချိန်ကို ကျရောက်နေပါပြီ။
ဒါကြောင့် …တနင်္လာနေ့ဖွားတွေအဖို့ …
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) မိမိ စွမ်းရည်ကို အသုံးပြုနိုင်အောင် ကြိုးစားပါ။ လူပေါင်းများစွာက ..သင့်ကို ..ရှေ့တန်းတင်နေရာပေးပြီး ..ခေါင်းဆောင်မှု ပြုစေလိုနေကြောင်း …အသေအချာကို ပဲ သတိပြုမိဖို့ လိုအပ်နေပါပြီ။
(ခ) သင်ဟာ သည်တစ်နှစ်အဖို့တော့ စစ်သူကြီးပဲ ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့စွမ်းဆောင်မှုတွေဟာ ခါတိုင်းနဲ့မတူပဲ လက်တွေ့အကောင်အထည်ပေါ်ပေါက်လာဖို့ အလွန်မြန်ဆန်နေပါပြီ။ သင်သွားရင် လမ်းဖြစ်လာပါလိမ့်မယ်။
(ဂ) အတိတ်ကာလက သင့်ရဲ့ အောင်မြင်မှုအချို့ကို မေ့သင့်ရင် မေ့ထားပြီး၊ လက်တွေ့ဆန်တဲ့ အလုပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်သွားပါ။ အတိတ်က စိတ်အနာတရတွေ ရှိခဲ့ရင်သော်မှ…မျက်မှောက်ဘ၀ အချိန်ကာလကို တန်ဖိုးထားပြီး အနာဂတ်ဆီကို မျှော်ကြည့်သင့်ပါပြီ။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ လုပ်ပိုင်ခွင့်တွေ၊ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာနိုင်ခြင်းတွေ ..ရှိနေပါပြီ။ step by step ..ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ တိကျသေချာစွာ တွက်ထားပါ။ သေချာတဲ့ အတွက်အချက်တွေနဲ့ ရဲရင့်တဲ့ စွန်စားလုပ်ကိုင်မှုများကနေ အကျိုးစီးပွားကို ရရှိနိုင်သော အချိန်ဖြစ်ပါတယ်။ သေချာတာတစ်ခုကလည်း ဒီနှစ်မျိုးဟာ တနင်္လာနေ့ဖွားတွေကို အရေးပါသော စွန့်စားလုပ်ကိုင်ရမှုတွေ ပေါ်ပေါက်လာစေတတ်ပါတယ်။
နာမည်အဖျားစာလုံးကို ( စနေနံ ဖြစ်သော ..တ၊ထ၊ဓ၊ဒ၊န …နဲ့ ..ဥပမာ၊ အောင်နိုင်ထွန်း၊ ချမ်းငြိမ်းထွန်း ၊ လင်းဝေနိုင်၊ မေနွယ်နီ ..စသည်ဖြင့်) မှည့်ခေါ်ထားသော တနင်္လာနေ့ဖွားများကလွဲပြီး….ကျန်တနင်္လာနေ့ဖွားများအဖို့…စွန့်စားလုပ်ကိုင် အောင်မြင်နိုင်သော အချိန်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ……တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့…ဒီတစ်နှစ်သည် မုချနီးနီးကိုပဲ …စွန့်စားမှုနဲ့အောင်မြင်မှု ဒွန်တွဲ ကြုံတွေ့ကြရမယ့် ကာလ ဖြစ်ပါလိမ့်မယ်။
(၂) လူမှုရေး
=======
အကြီးအကဲများနဲ့ အနဲငယ် အတိုက်အခံ ဖြစ်ပွားရတတ်ချိန်ပါ။ ထို့နည်းတူစွာ…အတူနေအုပ်စုတွေ၊ အချင်းချင်းတွေနဲ့လည်း အပြိုင်အဆိုင်ကိစ္စလေးတွေ မကင်းတတ်ချိန် ဖြစ်ပါတယ်။ အလွန်ငြိမ်းချမ်းစွာနေတတ်သူ ဖြစ်နေသော်မှ….ပြိုင်ဆိုင်မှုလေးတွေကတော့ ကြုံလာတတ်ချိန်ပါ။ စကားပြောဆို ဆွေးနွေးရင်းကနေ အဆင်မသင့်ရင် …အကျိတ်အနယ် အပြိုင်ပြောဆိုရတာလေးတွေ ကြုံလာရတတ်ပါတယ်။
(၃) အချစ်ရေး
========
အချစ်ရေးကံ ကောင်းစေတတ်သော နှစ်ဖြစ်ပါတယ်။ သည်တစ်နှစ်တော့ မဆိုးဘူးဟ လို့ သိသာလောက်သည်အထိ ကောင်းစေမယ့်အပြင် ၊ အဆင်မသင့်ရင်..စပါယ်ရာပတ်အချစ်သစ်ကလေးတောင် တိုးလာနိုင်တာမို့…ချစ်သူရှိပြီးသူများအဖို့တော့ ..မြှားနတ်မောင်ကို ..ကွေ့ပတ်ရှောင်ပုန်းရမယ့် ကာလပါ။ အထူးသဖြင့် .. တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့ မေတ္တာရေးမှာ…အနှောက်အယှက် ရှိနိုင်သော ကာလဖြစ်ပါတယ်။
အချစ်ရေး ကံ ကောင်းသော်လည်းပဲ ..လူကြီးမိဘများ အသိမှတ်ပြုဖို့ကတော့ ဒီတစ်နှစ်မှာ ခက်ခဲနေတတ်ပါတယ်။
(၄) အိမ်ထောင်ရေး
===========
အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အသာယာလွန်သွားပြီး …နောက်တစ်ယောက်ထပ်ဝင်လာမှာသာ စိုးရိမ်ရပါတယ်။ ဆိုခဲ့သည့်အတိုင်း တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့ .. အချစ်သစ်တိုးမလာအောင် …သတိပြုမိဖို့ အထူးလိုအပ်ပါတယ်။ တိုးလာတဲ့အချစ်သစ်ဟာလည်း ခွာထုတ်မရတော့ဘဲ ..အမြစ်တွယ်သွားနိုင်လို့ပါပဲ။
(၅) ကျန်းမာရေး
=========
နှလုံး ၊ ဦးခေါင်း ပိုင်းနဲ့ …အရိုးအဆစ်တို့ကို ဥပါဒ်ပေးလွယ်သော ကာလဖြစ်ပါတယ်။ ဒီအချက်သည် အရေးပါပါတယ်။ ကျန်းမာရေးညံ့မယ်လို့ မယူဆနိုင်သော်လည်းပဲ ..၊ ညံ့လာပြီဆိုရင်တော့ အထက်ပါ အစိတ်အပိုင်းများနဲ့ နှီးနွယ်ဆက်စပ်နေတတ်ပါတယ်။ ထို့နည်းတူစွာပဲ အစာမှား ၊ ဆေးမှား ခြင်းများကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လူငယ်လူရွယ်ပိုင်းတွေမှာ တားမြစ်ဆေးဝါးများကြောင့် ကျန်းမာရေး ဥပါဒ်ဖြစ်စေနိုင်သလို..၊ လူကြီးပိုင်းတွေမှာတော့ ဒိတ်လွန်ဆေးဝါးများ သုံးစွဲမိခြင်းနဲ့ ဆေးမှားခြင်း၊ ဆေးဝါး အလွန်အကျွံဖြစ်ခြင်းများကို ဂရုပြုဖို့ လိုအပ်သော ကာလဖြစ်ပါတယ်။
(၆) ပညာရေး
=========
သင်ယူနိုင်စွမ်း အပြည့်အ၀ တောက်ပနေချိန်ဖြစ်ပါတယ်။ ဘာပဲသင်သင် တတ်လွယ် သင်လွယ်သော ကာလဖို့ ..ပညာရေးဘက်ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကပ်သီးကပ်သပ် ဆိုးတတ်တာလေးတစ်ခုကတော့ သင်တန်းတွေ ၊ ကျောင်းတွေ ဘယ်လိုပဲတက်ရောက်သင်ယူရပေမယ့်….အဆုံးသတ်၊ အောင်လက်မှတ်တွေ၊ ဘွဲ့တွေ၊ ဆုတံဆိပ်တွေ လက်ခံခါနီးမှာတော့ အထစ်အငေါ့များ ကြုံရတတ်ပါတယ်။ ဒီကံလေးကိုတော့ သတိပြုရပါလိမ့်မယ်။
အထွေထွေ
========
ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွား တွေ အဖို့ ကံအားသာချက် ရှိချိန်လို့ ဆိုနိုင်ပါတယ်။ နာမည်အဖျားစာလုံးကို တနင်္ဂနွေနံ နဲ့ အဆုံးသတ်မှည့်ခေါ်ထားသူများ ( ၀င်းအောင်၊ သွယ်သွယ်အေး၊ ခင်မာလာအောင်..စသည်) မှလွဲပြီး ကျန်တနင်္လာနေ့ဖွားများအားလုံးအဖို့ ကံအင်အား ချောမွေ့ ကောင်းမွန်နိုင်ပါတယ်။ နာမည်အဖျားစာလုံး တနင်္ဂနွေ သမားတွေကတော့ …ကိုယ်က အားသုံးပြီး ရှေ့ကိုနှစ်လှမ်း လှမ်းလိုက်ရင်သော်မှ..တစ်လှမ်းစာလောက်တော့ နောက်ပြန်ဆုတ်နေရတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အကျိုးစီးပွား ရှာလွယ်ဖွေလွယ် ရရှိတတ်ကြချိန်ပါ။ သေချာသာ ပန်းတိုင်သတ်မှတ်၊ တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်နဲ့လက်တွေ့အကောင်အထည်ဖော်သွားနိုင်စွမ်းသာ ရှိမယ်ဆိုရင် ဒီတစ်နှစ် တိုးတက်မှု အများကြီးရသွားနိုင်ပါတယ်။
ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတိုင်း မိမိတို့ပင်ကိုယ်အရည်အသွေးများ ပိုမို တောက်ပစူးရှလာချိန်ဖြစ်တာကြောင့် ..ဒါကို သတိမူပြီး…အကျိုးရှိအောင် အစွမ်းအစထုတ် လုပ်ကိုင်သွားနိုင်ဖို့ အထူးလိုအပ်လှပါတယ်။ အတိုက်အခံရန် အပြိုင်အဆိုင်များတတ်သော ကာလလည်းဖြစ်တာကြောင့် …ကိုယ့်ဘက်က လက်နက်ကို ထက်မြိနေအောင် …သွေးထားနိုင်ဖို့လည်းလိုပါတယ်။
အထူးသဖြင့် တနင်္လာနေ့ဖွား အမျိုးသမီးတွေ …ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်များမှာ ပိုမိုတိုးတက်မှု ရရှိလာနိုင်ချိန်ပါ။
အခြားသော ထူးခြားကံဇာတာအချို့ကတော့…သည်တစ်နှစ်မှာ ….တနင်္လာသားသမီးတွေ ရတနာပစ္စည်းများ အပျောက်အရှများတတ်ကြပါတယ်။ ရတနာဆိုရာမှာလည်း …လက်ဝတ်ရတနာများသာမ…မိမိဘ၀အတွက် အရေးပါပြီး အလေးအနက်ထားရသော တန်ဖိုးထားရသော အချင်းအရာများကို ဆိုလိုပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ၀န်ထမ်းတစ်ဦးအတွက် …ဥပမာအားဖြင့် သူကိုင်တွယ်ရတဲ့ လက်နက်ဟာ သူ့ရဲ့ ရတနာပါ။ အရေးပါပြီး ..သူတန်ဖိုးထားရတဲ့ ပစ္စည်းပါ။
ထိုသို့ဥပမာနည်းတူ…တနင်္လာနေ့ဖွားတိုင်းအဖို့ သည်တစ်နှစ်မှာ မိမိတို့တန်ဖိုးထားရသော အချင်းအရာများကို ဆုံးရှုံးလွယ်ခြင်း၊ ပျောက်ရှတတ်ခြင်း၊ သို့တည်းမဟုတ် အဝေးသို့ခွဲခွာနေရခြင်းမျိုးတွေ …ပေါ်ပေါက်လာတတ်ပါတယ်။
တနင်္လာနေ့ဖွားလည်းဖြစ်မယ် …ဆရာဝန် သမားတော် စသည်ဖြင့်လည်း ဖြစ်မယ်ဆိုရင်တော့ ဆေးဝါးများကို အထူးသတိပြုကိုင်တွယ် အသုံးပြုသင့်ချိန်ပါ။ ဒါကို အင်မတန်သတိပြုကြဖို့ လိုအပ်ပါတယ်။
ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတွေ ကံအားကောင်းချိန်ပါ။ သို့သော်……မင်းအစိုးရများနဲ့ မငြိစွန်းအောင် နေပါ။ ငြိစွန်းရင် မင်းပြစ်မင်းဒဏ်သင့်ရန် လွယ်ကူသောကာလဖြစ်ပါတယ်။ ထို့အတူ..မင်းအစိုးရတို့နဲ့ သက်ဆိုင်သော …ခွင့်ပြုချက်ဆိုင်ရာကိစ္စများ၊ လိုင်စာ၊ ပါမစ်၊ ဗီဇာ၊ ပါတ်စ်ပို့၊မှတ်ပုံတင် စသည်ဖြင့် ….ကဏ္ဍများမှာ …အခက်အခဲ ကြုံရတတ်သော ကံရှိကြောင်း သတိပြုကြပါ။ လက်မှတ်ကလေးတစ်ခု ထိုးတာက အစ ….သတိထားနိုင်မှ တော်ရုံကြမယ့် အချိန်ပါပဲ။
ကောင်းပြီ အနှစ်ချုပ်ကြပါစို့..။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
မိမိအရည်အသွေးကို ပေါ်လွင်အောင် လုပ်ပါ။ လက်တွေ့အသုံးချပါ။
ရင်းနှီးမြုပ်နှံမှု ပိုင်းဆိုင်ရာကဏ္ဍများကို ဂရုပြုပါ။ သည်တစ်နှစ် တိကျသော သတင်းထောက်လှမ်းစုံစမ်းမှုများနဲ့ ပိုင်နိုင်သေချာသော အတွက်အချက်များ ရှိဖို့ အထူးလိုအပ်လှပါတယ်။ ………………………………………………………
ကဲ ..ဒီလောက်ဆိုရင်တော့….တနင်္လာသားသမီးများအဖို့ …ကျေနပ်နိုင်လောက်ပါပြီ။
တနင်္လာသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
Saturday, May 16, 2015
၁၃၇၇ ခုနှစ် တနင်္ဂနွေသားသမီးများ Ko Soekhaing
============================
သည်တစ်နှစ် မှာတော့ တနင်္ဂနွေဂြိုဟ်သည် မရဏဌာနမှာ ရပ်တည်နေပါတယ်။ တနည်းအားဖြင့်ကတော့ …သည်တစ်နှစ်အဖို့ တနင်္ဂနွေနေ့တွင် ဖွားမြင်ထားသူ အားလုံး အဖို့ မရဏဌာနရဲ့ လွှမ်းမိုးမှု သက်ရောက်နေသော ကာလ လို့ ဆိုနိုင်ပါတယ်။
တော်တော်များများသော သူတွေကတော့ မရဏ ဆိုတာနဲ့ အသံကြားရုံဖြင့် ဟင်…ညံ့မှာလား ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြပါတယ်။ ဒီလိုဖြင့် တရားသေ မဟုတ်နိုင်ပါ။
ကောင်းပြီ …။ ဒီတစ်နှစ်အတွက် တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာကို အနဲငယ် ချိန်ဆကြည့်ကြပါစို့။
တနင်္ဂနွေနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ
==============================
သည်တစ်နှစ်မှာတော့ တနင်္ဂနွေနေ့ဖွားများအဖို့ …တာဝန်တွေ ပိုမိုလာတတ်ချိန်ပါ။ ကိုယ်လုပ်ထားခဲ့သော အတိတ်ကံအကြောင်းတရား တို့ရဲ့ အကျိုးဆက်များ …(ဘ၀မကူးပဲ) ဒီဘ၀မှာတင် အကျိုးပြန်လည်သက်ရောက်မှု ကြုံလာတတ်သော ကာလ လို့လည်း ဆိုနိုင်ပါတယ်။ ဆိုလိုသည်က အကြွေးမြီ ရှိခဲ့ရင် သည်တစ်နှစ်သည် ပြန်ဆပ်ရတတ်သော နှစ်ပါ။ ကိုယ်လုပ်ထားခဲ့ဖူးသော မကောင်းမှု (သို့) ကောင်းမှု အလိုက်.. ပြန်လည်ပြီး အသီးအပွင့်များ ဖူးပွင့်လာတတ်သော ကာလ ဆိုလည်း မမှားပါ။
သာမန်အားဖြင့် သတိထားမိမယ်ဆိုရင်တောင်…. သူတစ်ပါးကို ဆေးလိပ်သောက်လို့ မှိုချိုးမျှစ်ချိုး ဝေဖန်ခဲ့ဖူးသော ကိုယ်ကိုယ်တိုင် ဆေးလိပ်ကလေး တစ်ဖွာနှစ်ဖွာ ကောက်စမ်းဖွာကြည့်ရာကနေ …အပြောအဆိုခံလိုက်ရတာမျိုးလည်း ကြုံရချင် ကြုံရသွားတတ်ပါတယ်။ ဆိုလိုသည်ကတော့ ကိုယ်ကိုယ်တိုင် နောင်တရစေလောက်သော …. ၀ဋ်လည်သကဲ့သို့ ဒဏ်ပြန်ခံရတတ်ခြင်းမျိုး သည်တစ်နှစ်မှာ တနင်္ဂနွေနေ့ဖွားတွေအပေါ် ကျရောက်နေပါလိမ့်မယ်။ အနဲစုသော တနင်္ဂနွေ သားသမီးအချို့ အဖို့သာလျှင်….တစ်ချိန်က ကိုယ်လုပ်ခဲ့ဖူးသော ကောင်းမှုကုသိုလ်ကံ အကျိုးဆက် နဲ့ ပုံစံတူ ပြန်လည်ခံစားရတတ်ပါတယ်။ ( သြော်….လူအများစု …မှာကလည်း မကောင်းတာနဲ့ ကောင်းတာနဲ့ ဆို မကောင်းတာကိုသာ ပိုမိုပြုလွယ်ကြတာကိုး…။)
သည်တစ်နှစ်ဟာ တနင်္ဂနွေနေ့ဖွားများအဖို့ …ဖြစ်နိုင်သမျှ သီးခံခြင်း နဲ့ စိတ်ရှည်ရှည်ထားနိုင်ခြင်းများ ရှိရမယ့် ကာလဖြစ်ပါတယ်။ နဂိုက မည်မျှပင်စိတ်မြန်သူ ဖြစ်နေစေကာမူ …ဒီတစ်နှစ်ထဲမှာ တော့ ….စိတ်ရှည်သီးခံပြီး အချိန်စောင့်ဆိုင်းတတ်ဖို့ မုချ လိုလာပါပြီ။ ဒါကြောင့် …..
သင်ဟာတနင်္ဂနွေနေ့မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ………
သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…
(က) အထူးစိတ်ရှည်ပါ။
(ခ) သီးခံပါ။
(ဂ) မာန်မာနကို လျှော့ချပြီး …သူတစ်ပါးတို့ကို ဖြစ်နိုင်သမျှ အရိုအသေ အသိအမှတ် ပြုတတ်အောင် ကြိုးစားပါ။
ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ နဲနဲဆီ ခွဲပြီး တင်ပြသွားပါမယ်။
(၁) စီးပွားရေး
========
ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ အပြိုင်အဆိုင် အလွန်ပေါများပါမယ်။ ဘာပဲ လုပ်လုပ် ကိုယ့်ကို ပုခုံးချင်းလိုက်ပြီး ယှဉ်နေမယ့်သူ သိပ်ပေါများနေသလို ဖြစ်နေတတ်သော ကာလပါ။ ယုတ်စွအဆုံး …ခရီးသွားမလို့ လက်မှတ်ဖြတ်ရာမှာတောင် …လက်မှတ်တူ ခုံတူ ..ဖြစ်နေတတ်ခြင်း သို့မဟုတ်..နေရာလုနေရတတ်ခြင်းမျိုး ကြုံရတတ်သော ကာလပါပဲ။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာလည်း ထို့အတူသာ မှတ်ရမယ့်ကာလ ဖြစ်ပါတယ်။ လုပ်ငန်းပြိုင်ဘက်တွေ ပေါ်လွယ်သောကာလ ဖြစ်သလို၊ ၀န်ထမ်းသမားတွေ အတွက်လည်း … ကိုယ့်ကို အတိုက်အခံလုပ်နေမယ့် ပြိုင်ဘက်အချို့ ပေါ်လာတတ်သော ကာလ ဖြစ်ပါတယ်။
အရမ်းကြီး အနိုင်ကျင့်ခံနေရမယ်ဆိုရင်တော့ …အောက်ပါယတြာလေးကို ဆန္ဒရှိသူများ လေးနက်စွာ လုပ်ကြည့်နိုင်ကြပါတယ်။
အင်္ဂါထောင့်တွင် …ရေ (၁၅) ခွက်တိတိ ရေသပ္ပါယ်ပါ။ အနဲဆုံး တစ်ပတ်တစ်ခါ ပုံမှန်လုပ်ကြည့်ပါ။ အဆိုပါ အင်္ဂါထောင့်တွင်ပင်…မေတ္တာသုတ်တော်ကို (၁၅) ခေါက်တိတိ..ဖြေးဖြေးမှန်မှန် ရွတ်ဆိုပြီး ..အမျှဝေပါ။
(၂) လူမှုရေး
=========
အဆင်မသင့်ရင်….အလွန်ရင်းနှီးသောသူများ နဲ့သော်မှ….ရန်သူရန်ဘက်သဖွယ် ဖြစ်လာတတ်သော ကာလမို့ သတိထားရမယ့်ကာလပါ။ ကိုယ့်သွေးကိုယ့်သား ဆွေမျိုးသွေးသားများ နှင့်သော်လည်းကောင်း ..ရန်မီးပွားရကိန်းလည်း ရှိနေတာမို့…မေတ္တာနဲ့ အရာရာကို ဖြေရှင်းတတ်ပါမှ သင့်မယ့်ကာလဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ အမျိုးသမီးအချို့ရဲ့ ရန်ပြုမှုကို ရင်ဆိုင်ရတတ်သော ကံဟာ …တနင်္ဂနွေနေ့ဖွားတွေအပေါ်မှာ ကျရောက်နေပါတယ်။ ဒီကံကို အချို့သော တနင်္ဂနွေနေ့ဖွားများအဖို့ …ကြီးကြီးမားမားပိုမိုခံစားရပါလိမ့်မယ်။ အတ္တဟိတကို ရှေ့တန်းတင်လို့ မရနိုင်တဲ့ကာလဖြစ်ပြီး…ဖြစ်နိုင်သမျှ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် လူမှုရေးကဏ္ဍကို ထိမ်းညှိနိုင်ကြပါလိမ့်မယ်။
(၃) အချစ်ရေး
========
မရေရာတတ်သော ကာလပါ။ ချစ်သူရှိပြီးသူများ ကံမကောင်းရင် …ကိုယ့်ချစ်သူ သူများလက်ပါသွားတတ်သော ကာလလည်း ဖြစ်ပါတယ်။ ချစ်သူမရှိသေးသူများ အဖို့ …ခရီးသွားလာရင်း မေတ္တာရေး ပေါ်ပေါက်တတ်သော ကာလဖြစ်သလို…၊ ရေနဲ့နီးစပ်သော အရပ်ဒေသများမှာ မိမိတို့ရဲ့ မြှားနတ်မောင် …ပျော်မွေ့နေသော နှစ်တစ်နှစ်ဖြစ်ကြောင်း ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် မေတ္တာရေးကံ အားသာချက်ကလေးရလာနိုင်ဖို့အတွက် ….ရေထဲကို နံ့သာမွှေးမွှေးလေး ထည့်ပြီး ၊ (ရေမွှေးရ၏) ..ဘုရားမှာ ပူဇော် ဆုတောင်းနိုင်ပါတယ်။ ဘုရားစေတီပုထိုးများ ရောက်ချိန်မှာတော့ ….မိမိတို့ မေတ္တာရေးကံ အတွက် ဆုတောင်းလိုပါလျှင်…တနင်္လာထောင့်မှာ …သီးညွန့် (၂၁) ညွန့် ပူဇော်ပြီး ၊ ဆုတောင်းနိုင်သော နှစ်တစ်နှစ်ဖြစ်ပါတယ်။
ဒီတစ်နှစ်အတွင်းသာ ဖြစ်တယ်ဆိုတာကို သတိပြုပါ။
(၄) အိမ်ထောင်ရေး
===========
အမျိုးသားတွေအဖို့ ပိုမိုဂရုစိုက်ရမယ့် ကာလပါ။ အဆင်မသင့်ရင် ဇနီးဖြစ်သူနဲ့ နှောင်ဂျိမ်တွယ်ရတတ်ချိန် ဖြစ်ပြီး၊ အိမ်ပေါ်ကနေ ဆင်းသွားရမယ့်သူကတော့ မိမိပဲ ဖြစ်ပါလိမ့်မယ်။ သာမန်အားဖြင့်ကတော့ …. မိမိအိမ်သူက မိမိကို ..တော်လှန်လိုသော ဆန္ဒ အနဲနဲ့အများ ဖြစ်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့သည် မေတ္တာရေးကံကို …အားနဲစေနိုင်သော အကြောင်းအရာ ဖြစ်တာကြောင့်…အိမ်ထောင်ရေး အားနဲချိန်ကြုံနေသော အိမ်ထောင်စုများအဖို့….အစိမ်းရောင်ရှိသော ပရိဘောဂအသုံးအဆောင်များ ကို လျှော့ချ သုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။
တစ်ကယ်လို့ အိမ်ထောင်ရေး မသာမယာဖြစ်နေပြီး ယတြာအဖြစ်တစ်စုံတစ်ရာ လုပ်ဆောင်လိုသူများ ရှိခဲ့မယ်ဆိုရင်တော့ …..တနင်္လာနေ့ နံနက်စောစောမှာ…သီးညွန့်ကို ဘုရားမှာ အပတ်စဉ်ကပ်ပေးသင့်ပါတယ်။ မကပ်မီမှာ ..ရေမွှေးထည့်ထားသော ရေနဲ့ ဘုရားကို ရေအရင် သပ္ပါယ်သင့်ပါကြောင်း…။
(၅) ကျန်းမာရေး
=========
ပူလွန်းသော အေးလွန်းသော အစားအစာများ ရှောင်ကျဉ်သင့်ချိန်ပါ။ ကျောက်ကပ်နဲ့ အစာအိမ်ပိုင်းဆိုင်ရာ မှာ ဥပါဒ်အနဲငယ်ကပ်ညိ လွယ်သော ကာလဖြစ်ပါတယ်။ အမျိုးသမီးများအဖို့တော့ …ရင်သားနဲ့ မီးယပ်ပိုင်းဆိုင်ရာ ဂရုပြုရမယ့်ကာလပါပဲ။ သာမန်အားဖြင့်ကတော့ …ချောင်းဆိုးခြင်း၊ အခြားသူထံမှ ရောဂါဘယ ကူးစက်တတ်ခြင်းနဲ့ …ခြေခါး နာကျင်တတ်ခြင်းများ ကျရောက်လာတတ်ချိန်လို့ မှတ်ယူနိုင်ပါတယ်။
ကျန်းမာရေးအတွက် ယတြာကတော့…သက်ကြီးရွယ်အိုများကို …အားဆေး(အရည်) ၊ ကြက်ပေါင်းရေ၊ ငှက်သိုက် စသဖြင့်တို့ …လှုဒါန်းခြင်းပဲ ဖြစ်ပါတယ်။
(၆) ပညာရေး
=========
ပညာသင်ကြားရေးမှာ ရန်အနှောက်အယှက် အပြိုင်အဆိုင်များတတ်သော ကာလ ဖြစ်ပါတယ်။ သို့သော်...ဇွဲရှိပြီး ..မိမိကိုယ်ကိုယ် အရည်အသွေး တိုးတက်အောင် ကြိုးစားနေသူများအဖို့တော့ ...အရမ်းတန်ဖိုးရှိတဲ့ ကျောင်းမျိုးတွေ ၊ စူပါကျောင်း စူပါသင်တန်းတွေ တက်ခွင့်ရတတ်သော ကာလဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားဆိုင်ရာ ...သင်တန်းနဲ့ ကျောင်းများကို ပိုမိုအားပြုလျှောက်ထား ကြိုးစားကြည့်သင့်ကြသော ကာလမျိုး ဖြစ်ပါတယ်။
အထွေထွေ
======
သည်တစ်နှစ်ဟာ တနင်္ဂနွေသားသမီးများ စွာ အဖို့ ခရီးသွားလာနေစဉ် အန္တရယ်ကြုံရတတ်ခြင်းမျိုးကံ သင့်ရောက်နေချိန်ပါ။ ဥပါဒါန် ဖြစ်မှာစိုးပေမယ့် …ဒီအချက်ကို မဖော်ပြဘဲ ထားခဲ့လို့လည်း မသင့်တာကြောင့် ထည့်သွင်းရေးသားလိုက်ရခြင်းသာ ဖြစ်ပြီး….အစိုးရိမ်ကြီးမှု နဲ့ ကြောင့်ကြမှု မများဖို့တော့ တင်ကြိုနှလုံးသွင်းထားစေလိုပါတယ်။
တနင်္ဂနွေနေ့ဖွားများထဲမှာမှ…နာမည်အဖျားစာလုံး( နာမည်အဆုံးစာလုံး) ကို တနင်္ဂနွေနံ (အ၊ဥ) ဖြင့် ………….အေးအေးအောင်၊ အောင်နိုင်ဦး ၊ စသည်ဖြင့် မှည့်ခေါ်ထားသူများ နဲ့ တနင်္ဂနွေဂြိုဟ်အင်အားကြီးစိုးသော နာမည်ရှင်များ ဖြစ်သည့် ( ဥပမာအားဖြင့် …လင်းနေခြည်၊ သူရိန်ထွန်း၊ နေလင်း ၊ သူရမင်း၊ အဂ္ဂမောင် …စသည်ဖြင့်သော) နာမည်ရှင်များ အတွက် …..
….ခရီးသွားလာစဉ် အန္တရယ်ကံ ပိုမို အင်အား များနိုင်ပါတယ်။ ဒီနာမည်ရှင်တွေ ထဲမှာမှ မူလဇာတာ နဲ့ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြား( ဒသာများ အရ) တိုက်ဆိုင်နေခဲ့မယ်ဆိုရင်သာ ထိုကံသည် အနဲနဲ့အများ၊ အထူအပါး ကွဲပြားစွာ ကံအင်အား သက်ရောက်မှု ရှိလာပါမယ်။ ထားပါစို့..။
ဆက်ရမယ် ဆိုရင် …သည်တစ်နှစ်မှာ …တနင်္ဂနွေနေ့ဖွားများအဖို့ ပရဟိတ လုပ်ငန်းများ နဲ့ ပတ်သက်ဆက်နွယ်နေမှု ရှိပါမှ …ကံအညံ့ကင်းလွတ်သက်သာမှု ရှိမယ့် ကာလဖြစ်ပါတယ်။
ရန်သူ အတိုက်အခံ ပေါများတတ်ချိန်လည်း ဖြစ်တာမို့…ခန္ဓသုတ်တော်ကြီးကို မမေ့မလျော့ မပေါ့မဆ တစ်ဖွဖွ ရွတ်နေပါမှ ..သင့်မယ့်ကာလပါ။
အထင်ရှားဆုံးကံတစ်ခုကတော့ ကိုယ့်မှာရှိထားတဲ့ ပိုင်ဆိုင်မှု ပိုင်ဆိုင်ခွင့်တွေကို မတော်မတရား ရှယ်ယာလာခွဲချင်နေကြတဲ့ ရန်သူမျိုးတွေ ပေါ်လာတတ်ခြင်း ကံပါပဲ။ ရန်သူတွေက အားကောင်းပြီး ကိုယ့်ကို ညီညီညွတ်ညွတ်ဝိုင်းတိုက်ကြ၊ ကိုယ့်ကိုယ် ၀ိုင်းပယ်ချင်ကြတဲ့ သည်ကာလမျိုးမှာ…စိတ်ရှည်သီးခံနိုင်ခြင်း ဟာ အကောင်းဆုံး အမြတ်ဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်။
အကယ်၍ သဘာဝ ယတြာ အဖြစ် ဆောင်ရွက်လိုသေးတယ်ဆိုရင်တော့ … သိပ်ပြီးရန်များလာတဲ့အချိန်မှာ. … စနေဂြိုဟ်တိုင်ထောင့်မှာ … စနေနံ အညွန့်အခက်တွေကိုလှုဒါန်းရင်း…စနေဂြိုဟ်မင်းကို အထူးမေတ္တာပို့သ ပြီးတဲ့နောက်…ရန်သူများကို တားဆီးပေးဖို့ ဆုတောင်းနိုင်ပါတယ်။ (ဒီတစ်နှစ်မှာ ကိုယ့်ရန်သူတွေကို တားနိုင်တာကတော့ သူပါပဲ။ ) ကဲ…ယုံတာ မယုံတာနောက်ထားလို့…………ဆောင်းပါးရှည်နေပြီမို့….အနှစ်ချုပ်ကြပါစို့..။
သည်တစ်နှစ်မှာ အားအသာနိုင်ဆုံးအချက်ကတော့ ….နေရာကောင်းရလွယ်တတ်သောကံပါပဲ။ ထို့အတူ မိမိတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးမည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်လာတတ်သော ကာလဖြစ်ပါတယ်။ အထူသဖြင့် နာမည်အဖျားစာလုံးကို ( ရ ဖြင့်) မှည့်ခေါ်ထားသော တနင်္ဂနွေနေ့ဖွားများ (ဥပမာအားဖြင့် …လင်းမိုးရွှေ၊ မိုးမြင့်ရွှေ၊ အောင်သူရ၊ အောင်ရင် …စသည်ဖြင့်) မှည့်ခေါ်ထားသော အမည်ရှင်များ ဤကံအကျိုးပေးကို ပိုမိုရရှိကြပါလိမ့်မယ်။
အရင်းအနှီးမရှိကြသေးသူများ အရင်းအနှီးရလွယ်သော နှစ်မျိုး ဖြစ်ပြီး၊ ထီးကံစမ်းလိုသူများ …ခရီးသွားရင်လာရင်းဖြစ်စေ…ရပ်ဝေးကထီဆိုင်ကနေ ထီကံစမ်းသင့်သော အချိန်ပါ။
နိုင်ငံရပ်ခြားဆိုင်ရာကံ နဲ့ လူမျိုးကွဲ ဘာသာကွဲများ ဆိုင်ရာ ကံ အင်အား ကောင်းနေချိန်မို့...ယင်းတို့နဲ့နှီးနွယ်ဆက်စပ်နေသော ..နယ်ပယ်ရပ်ဝန်းတို့မှနေပြီး အကျိုးကျေးဇူးရရှိနိုင်သော ကာလလည်း ဖြစ်ပါတယ်။
သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က ……….
တနင်္ဂနွေနေ့မှာ ဖြစ်နိုင်သမျှ ခရီးမသွားသင့်ခြင်း ဖြစ်ပြီး….
ဇွဲရှိခြင်း သည် ယခုနှစ်အတွက် အကောင်းဆုံး ယတြာသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား..။
တနင်္ဂနွေသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
Saturday, May 9, 2015
ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ်
တစ်နေ့သ၌ ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံသို့ ကျွန်ပ်နှင့် တစ်ရပ်ကွက်ထဲ နေခဲ့ဖူးသော ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် စိတ်ကောင်းစွာ မနှံ့သူ လူကြီး တစ်ဦးဖြစ်သောကြောင့် အချို့က အရူးပီတာဟု ရင့်ရင့် သီးသီး ခေါ်ကြလေ၏။ ကျွန်ပ်မှာမူ ထိုသို့မခေါ်ရက်ပါ။ ထို့ကြောင့် ကိုပီတာဟုပင် ကောင်းကောင်းမွန်မွန် ခေါ်လေ၏။ ကိုပီတာကြီးသည် ကျွန်ပ်ကိုလှမ်း၍ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ……… …ဟေ့…ဖိုးအောင်ထွန်း…ဂွတ်ဒ်မောနင်း….ဂွတ်ဒ်နိုက်ဟု နှုတ်ဆက်လေ၏။ ကဲပါကိုပီတာကြီးရယ် ဈေးကိုလွှတ်ရအုံးမှာ ….ဒီနေ့ မနက်စာကို…ဘာဟင်းနဲ့ စားမလဲ…ဟုကျွန်ပ်ကမေးလိုက်လေရာ..၎င်းက…
ထောပတ်ထမင်းနဲ့ ဆိတ်သားနှပ် စားချင်တယ်ကွာ၊ ဟင်းချိုကတော့ ပဲစင်းငုံကိုချက်ကွာ… ပြီးတော့ ငါးပိရည်၊ တို့စရာ မထည့်နဲ့ ၊သံပုရာသီးသနပ်နဲ့ ဘာလချောင်ကြော်…ထမင်းစားပြီးရင်တော့ မုန့်ကုလားမည်းနဲ့ ရေနွေးကြမ်း..အဲ့ဒါပြီးရင် နက်စ်ကော်ဖီ တစ်ခွက် ခပ်ပြင်းပြင်းလေး၊ နောက်ဆုံးမှာတော့ စီးကရက် တစ်လိပ်၊ အဲသလောက်ဆိုရင်ပဲ တော်ပါပြီ၊ ပီတာအဖို့ အိုကေမှာ စိုပြေပြီပေါ့…ငါ့လူရာ…….
ဟုဆိုသဖြင့် ကျွန်ပ်လည်း ထောပတ်ထမင်း ချက်ရလေ၏၊ ဆိတ်သားကို ဒိန်ချဉ်ဖြင့်နယ်၍ နှပ်ရ၏၊ ဘာလချောင်ကြော်ပြုလုပ်ရ၏၊ သံပုရာသီးသနပ်မှာမှု လုပ်ပြီးသား အဆင်သင့် ရှိ၏။ မုန့်ကုလားမဲမှာ လက်ဆောင်ရထားသည် ဖြစ်သဖြင့် ပူစရာမလိုပေ…ကျွန်ပ်သည် ကိုပီတာကြီးအား..ဆယ်တစ်နာရီ လောက်တွင် အကျအန တည်ခင်းကျွေးမွေးလေ၏… ၎င်းသည် မြိန်ရေ ရှက်ရေ စားသောက်ရင်း..
ဖိုးအောင်ထွန်းက တယ်လည်း သဒ္ဒါတရားအားကောင်း တာကိုး…နတ်ပြည်တတ်ရပြီ…ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ပ်က….. ကိုပီတာကြီး…နတ်ပြည်က ဘယ်မှာလဲ…ဟုမေးရာ…၎င်းက
…..မှော်ဘီမှာ….
ဟုပြန်၍ ဖြေလေ၏…ထို့ကြောင့် ကျွန်ပ်က မဟုတ်တာတွေ ပြောပြီ ….ဟုပြန်၍ ပြောလိုက်မိလေ၏…ထိုအချိန်၌မှာပင် ကျွန်ပ်ထံတွင် ဗေဒင်သင်ကြားဖူးသော မိန်းမကြီးတစ်ဦး ..ကျွန်ပ်အနီးသို့ရောက်လာလေ၏….ထိုမိန်းမကြီးသည်..လုပ်ပုံကိုင်ပုံ အချိုးမကျသဖြင့် ကျွန်ပ်ထံသို့ လာရောက် တိုင်တန်းသူ အမြောက်အမြားရှိ၏။ ထို့ကြောင့် ထိုမိန်းမကြီးအား ကျွန်ပ်က နင်ပဲငဆ …ဆူပူကြိမ်းမောင်းရလေ၏။……
..ထိုအခါ ကိုပီတာကြီးက …..ဖိုးအောင်ထွန်းတော့ ငရဲကျပြီ…ဟုပြောလေ၏။….ထို့ကြောင့် ကျွန်ပ်က..ကိုပီတာကြီး ခင်ဗျားပြောတဲ့ ငရဲ ဘယ်မှာလဲဗျ…ဟုမေးရာ..ကိုပီတာကြီးက…..
…….မှော်ဘီမှာကွ……..ဟုပြန်၍ဖြေလေ၏။ ကျွန်ပ်သည် ၎င်းအားပြန်၍ မပြောတော့ပေ။ ကိုပီတာကြီးသည် စားသောက်ပြီးစီးသွား၍…စီးကရက် တစ်လိပ်ကိုရှုက်ဖွာ၍ နေလေ၏။ ထို့နောက်……………
မင်းကိုပြောရအုံးမယ်…ဟိုး…….ရှေးရှေးတုန်းက ဂျပန်လူမျိုး စစ်သူရဲကောင်း တစ်ယောက်ဟာ ဂျပန်ဘုန်းတော်ကြီး တစ်ပါးစီကို…အရှင်ဘုရား…ငရဲပြည်..နတ်ပြည်ဆိုတာ တကယ်ရှိသလား ….တကယ်ရှိတယ်ဆိုရင်..ငရဲပြည်ကိုဝင်တဲ့ဂိတ်၊ နတ်ပြည်ကိုဝင်တဲ့ ဂိတ်ပေါက်ဟာ…ဘယ်နေရာမှာလဲ ဘုရားတပည့် တော်ကို ညွှန်ပြပေးပါ၊ အဲဒီလိုညွှန်ပြပေးလို့ တပည့်တော်သိထားရင်..ငရဲပြည်ဝင်တဲ့ဂိတ်ကို တပည့်တော်ရှောင်မယ်။ နတ်ပြည်ဝင်တဲ့ ဂိတ်ကို တပည့်တော် သွားမယ်လို့လျောက်ထားလိုက်တယ်။ အဲ့ဒီမှာ ဘုန်းတော်ကြီးက အဲဒီဆာမူရိုင်းကို …နေစမ်းပါအုံး…မင်းကဘာလဲလို့ ပြန်ပြီးမေးတယ်…အဲဒီတော့ ဆာမူရိုင်းက …တပည့်တော်ဟာ စစ်သူရဲကောင်း ဆာမူရိုင်း တစ်ယောက်ပါ..လို့ဖြေလိုက်တယ်။ ဒါပေမဲ့ ဆရာတော်ကြီးက မင်းပြောလို့သာပဲ ဆာမူရိုင်းလို့ သိရတယ်။ ငါ့ရဲ့မျက်စိထဲမှာတော့ မင်းကသူတောင်းစား တစ်ယောက်လိုပါပဲ။ လို့ပြောလိုက်ရော…ဆာမူရိုင်းဟာ သိပ်ပြီးစိတ်ဆိုးသွားတယ်။ အမှန်က ဆာမူရိုင်းတွေဟာ သိပ်ပြီးရိုးသားကြပါတယ်။သူတို့ရဲ့ခေါင်းထဲမှာလဲ ဘယ်လိုရှုပ်ရှုပ်ထွေးထွေး အရာတွေ မရှိပါဘူး၊ အသက်ရှင်တာနဲ့ သေတာ နှစ်မျိုးလောက်ကိုပဲ အဓိကထားပြီး စဉ်းစားကြပါတယ်၊ …ရှင်မလား…
သေမလား….သေရမယ်ဆိုရင်လည်း..အခုချက်ချင်း သေဝံ့တဲ့ လူတွေပါ၊ အဲ့ဒီတော့ ဆရာတော်ကြီးက ..သူ့ကိုသူတောင်းစားနဲ့ တူတယ်လည်းပြောရော…ဆာမူရိုင်းဟာ ခါးမှာလွယ်ထားတဲ့ ဓါးကြီးကို…ဆက်ခနဲ ဆွဲထုတ်လိုက်တယ်။ ဓါးအိမ်ထဲက တစ်ဝက်လောက် အထွက်မှာပဲ ဆရာတော်ကြီးက မင်းအတွက် ငရဲပြည်ရဲ့ ဂိတ်တံခါးဟာ ပွင့်သွားပြီ၊ ဘာကြောင့်လဲဆိုတော့ မင်းဟာ ဘုန်းတော်ကြီး တစ်ပါးထံလာပြီး သတ်မယ်…ဖြတ်မယ်လို့ကြံတာကိုး… အဲဒီတော့ မင်းရဲ့ ငရဲပြည်ဂိတ်တံခါး ပွင့်သွားပြီပေါ့။ လို့ပြောလိုက်တယ်။ အဲ့ဒီအခါမှာ ဆာမူရိုင်းဟာ သတိပြန်ဝင်လာပြီး ဓါးကို ဓါးအိမ်ထဲ ဒေါက်ကနဲ ပြန်ထည့် လိုက်တယ်။ ပြီးတော့ ဆရာတော်ကြီးကို လက်အုပ်ချီလိုက်တယ်…အဲ့ဒီတော့ ဆရာတော်ကြီးက ဟော….
ဆာမူရိုင်းရေ….မင်းရဲ့နတ်ပြည်တံခါးပွင့်ပြန်ပြီကွ၊ ဘာဖြစ်လို့လဲဆိုတော့ လေးစာကြည်ညိုရမယ့် ပုဂ္ဂိုလ်ကို မင်းက လေးစားကြည်ညိုတယ် မဟုတ်လား၊ ငရဲတွေ နတ်ပြည်တွေ ဆိုတာ အပြင်မှာ မရှာပါနဲ့ ဆာမူရိုင်းရယ်။ မင်းရဲ့ ခန္ဓာထဲမှာပါပဲ၊ မင်းရဲခန္ဓာတွင်းမှာ ငရဲရော၊ နတ်ပြည်ပါလုံလုံလောက်လောက် ထည့်ပြီးသားပါ။ ဘယ်မှာရှာမတုန်းလို့ ပြောလိုက်တဲ့ အခါမှာ ဆာမူရိုင်းဟာ သဘောပေါက် သွားတယ်။
အဲ့ဒီတော့ မင်းသိင်္ခလို့ခေါ်တဲ့ မောင်အောင်ထွန်းရေ…..အသက်လည်း မငယ်တော့ဘူး၊ ဂိမ်းဘောရောက်နေပြီ၊ မင်းရဲ့ ငရဲလမ်းနဲ့ နတ်ပြည်ဟာ ဝေးဝေးမှာ မဟုတ်ဘူး…ဟောဒီ မှော်ဘီမှာပဲ၊ မှော်ဘီမှာတောင်…ဟောဒီ မရမ်းတလင်းမှာပဲ….ဟောဒီ မရမ်းတလင်းမှာဆိုတာ ထက်…
ဟောဒီ…..မင်းရဲ့ခန္ဓာထဲမှာ………
ဟုဆိုကာ ကျွန်ပ်၏ ရင်ဘတ်ကြီးကို သူ၏လက်ဝါးကြီးဖြင့် ဘုန်းကနဲပုတ်၍ တဟဲဟဲရယ်ကာ ကျွန်ပ်အားနှုတ်ဆက်၍ ခံ့ညားစွာ လျှောက်လှမ်း ထွက်သွားလေတော့ သတည်း။
မင်းသိင်္ခ
ဒီဆောင်းပါလေးကို ဖတ်မိပြီး မိမိတို့ရဲ့ သွားမယ့် ဂိတ်တံခါးကို မိမိတို့ ခန္ဓာမှာ မှန်ကန်သော ညဏ်အမြင် မှန်ကန်သောသီလ ….မှန်ကန်သောသတိ…. မဂ္ဂင်ရှစ်ပါးတရားလမ်းစဉ်များ လက်ကိုင်ထားကြလို့ …..ယခုမျက်မှောက်ဘဝ မှာပင်…ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားစွာဖြင့်
Mg Noe
Thursday, May 7, 2015
သင်တန်းဆင်း ဗေဒင်ဆရာ
..မရမ်းတလင်းခြံက ပြန်လာတယ်။
ကျွန်တော်နေတဲ့...သူငယ်ချင်း အိမ်တန်းပြန်တာပေါ့၊
ဟေ့ကောင်တွေ....ငါပြန်လာပြီဟ...
ဟာ...ကုလားကြီး...မင်းအသားအရည်တွေ..
မှော်ဘီကပြန်လာမှ...အရင်ထက်စာရင်...ပိုနက်"လာတယ်ကွ...။.ဟေ့ကောင်တွေ..ရိုရိုသေသေပြောကွ...ငါကဆရာကွ...အေးကွာ..ဆရာဆိုလည်း..
ရောက်တုန်း
ရောက်ခိုက်...ခပ်ပါးပါးလေးချလိုက်ရအောင်...
ဟု..ကျော်ကြီးဆိုသော...ငမိုက်သားမှ...ပြောလေ၏
ဟေ့ကောင်...ဘုရားမကြိုက်တဲ့..အလုပ်ငါမလုပ်ဘူးကွ....ငါကြိုက်တဲ့အလုပ်ပဲ..ငါလုပ်တော့တယ်။အမလေး....ကိုရွှေကုလားနက်ရယ်...မင်းက.အခုမှ စကားကြီး..စကားကျယ် လုပ်နေတယ်။..ငါတို့ကို.. မောနီးပတ်..ချတတ်အောင်..မင်းပဲဖျက်စီးတာ..
ညကြီးသန်းခေါင်တောင်...မရရအောင်ရှာဖွေပြီး
မမူးမူးအောင်..မင်းပဲလုပ်ခဲ့တာလေ...
မရဘူးကွာ.ဟုငမိုက်သားမှ..ပြောပြန်၏
တကယ်ပါကွာ..ငါဗေဒင်ဆရာ.လုပ်တော့မှာဆိုတော့
မသောက်တော့ပါဘူးကွာ...မင်းတို့ချချင်..ချကွာ
ငါလိုက်ထိုင်ပေးမယ်..ဟုပြောရလေ၏၊
နေဦးကုလားရ...မင်းကို.ဆရာမင်းသိင်္ခဆီက.
.ပြန်လာရင်..ဗေဒင်ကြည့်ဖို့ကြွခဲ့ပါလို့...မှာထားတယ်။
ဒီနေ့တော့..ရောက်တုန်း..ရောက်ခိုက်..နားရင်း
ငါတို့နဲ့...အရက်ဆိုင်တော့..လိုက်ခဲ့ဦး..
အေးကွာ...လိုက်ခဲ့မယ်ဟု..ပြောရပြန်၏
အရက်ဆိုင်သို့ရောက်လျှင်..ရောက်ချင်း...ဗျို့..
ကိုကုလား..ဆိပ်ပဲရှိတယ်..ရွှေပတ်အပြားပဲလား...
ဟာ..နေနေ..ကိုသိန်း..ကျွန်တော်..မချတော့ဘူး
ဒီငမိုက်သားကောင်တွေသာ..လုပ်ပေးလိုက်တော့
ကျွန်တော်ကို..အအေးတစ်လုံးနဲ့...စီးကရက်တော်
်ကြီးသာ..ချတော်မူ..မောင်သိန်း"ဟုမိန့်ရလေ၏
....ကြားသားမိုးကြိုး..ကိုရွှေကုလားရယ်...နားရှိလို့
သာ...ကြားတော်မူရသကိုးဗျာ....နှိပ်ဟ
တကယ်ပြောတာ..ကျွန်တော် ဗေဒင်ဆရာလုပ်မှာ
မသောက်တော့ဘူးဗျာ...
ဒါဆိုရင်လည်း..ငါ့လည်းကူညီပါအုံးဟ...ရင်နှီးနေသည့် အလျောက်..အားမနာတမ်းပြောကြလေ၏.
ဒီလိုရှိတယ်...ကိုသိန်းရ..ကျွန်တော်က ခင်ဗျားကို.ခင်နေလို့သာ..ပြောရမှာ..အရက်ဆိုင်တို့...လမ်းဘေးတို့မှာ...မဟောရဘူးဗျ....ခင်ဗျားဆိုင်က..
SuperStar..ဆိုတာ..အဓိပ္ပယ်က...တအားကိုကြီးနေတာဆိုင်းဘုတ်နဲ့..ဆိုင်အနေထားနဲ့...ဟက်နေအောင်လုပ်ဗျာ....မီးတွေ..ထွန်းဗျာ...Good.လာလိမ့်မယ်။
ယခုငှင်းဆိုင်...အတော်ကို..အခြေနေကောင်းသွားပြီ
ဖြစ်၏.......
ဒါက..ပထမဆုံး..အတွေ့အကြုံ
နောက်နေ့ကျတော့...ကျော်ကြီးဆိုတဲ့ကောင်က..လည်ကတုံးနဲ့...ယောပုဆိုးထုတ်ပေးတယ်။.
လာကွာ...ကုလား...ရော့ဝတ်...မနေ့ကမင်းလာမယ်လို့..ငါပြောထားတယ်၊.အိုက်ကျမှ ထမင်းစားတဲ့
ဘာပဲ့ဖြစ်ဖြစ်....ထမင်းလဲ ရောက်မှ...စားဖို့ဖိတ်ထားတယ်ကွ...
ဟုပြောရင်း...နှစ်ယောက်သားချီတတ်သွား...ရလေ၏
ထိုအိမ်သို့..ရောက်ရောက်ခြင်းပင်..အိမ်ပေါ်သို့တတ်သည်နှင့်.....အိမ်ရှင်..အမကြီးမှ......ဆရာလေးကြွလာ
ပြီဟေ့ဟု.....အော်လိုက်လေရာ...အိမ်အနီးအနား.
ဝန်းကျင်မှ...အလျိုအလျိုရောက်လာကြလေတော့၏
ကျွန်ပ်လည်း...နေရင်းထိုင်ရင်း...သီလရှင်ဖြစ်သွားရ
လေ၏။....ဆရာလေး...ထမင်းအရင်..စားပါလာရှင်ဟု
ပြောရာ....ဟာ...မဟုတ်တာ...အမရယ်...
မဟုတ်တာကို....ဟုအားနားစွာ...ပြောရတော့၏
အဲ့ဒီ....မဟုတ်တာ.....မဟုတ်တာ"ဟုသော စကားဖြင့်
ကျွန်ပ်၏ သူငယ်ချင်းများ...လဘက်ရည်ဝိုင်းတွင်ငှင်း
အရက်ဆိုင်တွင်ငှင်း...အခြားသောပိုက်ဆံရှင်းရမည့်
နေရာတော်တော်...များများတွင်...လူလည်
လုပ်ခဲ့သည်ချည်းပင်....ကျွန်ပ်၏..သူငယ်ချင်းမှာ...
အကြောင်းသိမို့...ပြုံးစိစိ...အမူအရာ...
ငှင်းစိတ်ထဲတွင်....ဒီကုလားတော့..လူလည်လုပ်နေပြီ
ဟုထင်မည်မှာမလွဲနိုင်.....ပေတကား...
ကျွန်ပ်လည်း....ဆရာဆိုဒ်ဂိုက်ကတော့...အသားမည်းပင်...မည်းလင့်ကစား" လည်ကတုံးအင်္ကျီကို...ကော်လံ.ကြယ်သီး...အပြည့်တတ်ထားရ၏...ထမင်းဝိုင်းပြင်ပြီးသော အခါ
ဟင်းပွဲအား...ဝေ့၍ကြည့်လိုက်ရာ...ကျွန်ပ် အလွန်ကြိုက်သော...ဝက်သားဟင်း...ပဲကုလားဟင်း
ငါပိရည်...တို့စရာ..အစုံအလင်....
သူငယ်ချင်းနှစ်ယောက်...ဘာပြောကောင်းလိုက်မလဲ
ဗေဒင်ကတော့...တစ်ကွက်မှ...မဟောရသေး
ထမင်းကတော့...စာပြီးပြီ..ဖြစ်၏
ထမင်းစားပြီးသည်နှင့်....အိမ်အနီးမှ..ဧည့်သည့်တစ်ဦးက...ဆရာကြီး..တပည့်တွေ..ဆေးလိပ်
်သောက်တယ်ဟဲ့...ဆေးလိပ်ကလေး...
ဘာလေးလုပ်အုံးဟု
ပြောရာ.....ကျွန်ပ်ကလည်း....မဟုတ်တာအမရယ်"
ဟုပြောရပြန်၏။
ဘာပဲဖြစ်ဖြစ် London တစ်ဘူးရောက်လာ၏။
ဆင်ဖြူတော်ကို...မှီပြီးကြံစုပ်သလား..ဆင်မည်းကိုမှီ
ကြံစုပ်သလား...မသိ...အဖော်လိုက်လာသော
ကျွန်ပ်၏သူငယ်ချင်းမှာ...ငါ့သူငယ်ချင်း...ဆရာကုလားနဲ့ လိုက်လာရတာ...တယ်လဲနေရာကျသကိုးဟု
ထင်နေမည်မှာ...အမှန်ပင်...
ထမင်းစားခြင်း...ကော်ဖီသောက်ခြင်း...ဆေးလိပ်
နှစ်လိပ်ခန့်သောက်ခြင်း...တို့ကို..ပြုလုပ်ပြီး...သကာလ...ဗေဒင်ဟောပြောရန်...ခေါင်းရင်းသို့.ရောက်သွားပြီ.ဖြစ်၏....
စဟောသော..အတွေ့အကြုံမရှိသေး သဖြင့်
တကယ်နှဖူးတွေ့...ဟောရမည်..ဆိုသောအခါ၌
တခုခုကို..စိုးရွံနေသလိုမျိုး...ခံစားရလေတော့၏
အိမ်ရှင်အမကြီးက..ဧည့်သည်တွေ..အရင်ဟောပေးပါဆရာလေးဟုဆိုရာ...စတွေ့တွေ့ခြင်းဟောရမှာက
တစ်ခါမှ မမြင်ဖူးသည့်..တစိမ်း...
ဟိုက်.......ဟုသာ.စိတ်ထဲက..ကျိတ်ပြီး...တွေးရ၏.
လူသိခံ၍.မဖြစ်....ဟို...အဖော်ပါလာ...သည့်
သကောင့်သားကတော့....ဆေးလိပ်ကလေးဖွာလိုက်
ဝိုင်း၍ ထိုင်နေသူများထဲမှ....ကောင်မလေးကို
တကြည့်ကြည့်....နေဦး....ဒင်းတော့.....
ခေါင်းရင်း...ခန်းတွင်..ထိုင်ပြီး....
တောင်စဉ်ရေမရ....လျောက်ယက်ခတ်နေလေတော့၏။.....
အဘပြော..စကားကိုသွား၍...သတိရသော..အခါ၌
အိုက်လို....စိတ်တွေယောက်ယက်...ခတ်နေရင်
ဘာမှဟောလို့....အဆင်ပြေမှာမဟုတ်ဘူး....
ခင်ဗျားတို့....ဗေဒင်..စဟောတဲ့အခါမှာ...မဟာဘုတ်ကိုတတ်ရင်...မဟာဘုတ်နဲ့ပဲဟောပါ....ဘာနဲ့ပဲဟော
ဟော...တည်ငြိမ်ဖို့လိုတယ်...
အဲဒီလို..ဖြစ်ဖို့...ဒီလိုလေး...လေ့ကျင့်ထားပါ
ဆရာတို့.......ဆရာမတို့......
ငါရုပ်ကြီးငြိမ်နေပြီ....ငါရုပ်ကြီးငြိမ်နေပြီ....
စိတ်ထဲကနေ...ရွတ်လိုက်...ငြိမ်သွားတော့မှ
ဟောပေတော့ဗျာဟု.....ဆရာကြီးပြောထားသည့်အတိုင်း....ရွတ်ရလေတော့၏.....
ခက်တာက....ဗေဒင်ကြည့်တဲ့သူက...မျက်လုံးက
အငြိမ်မနေ...ဆရာဘာလုပ်လုပ်...လိုက်ကြည့်တာဗျ...လွယ်အိပ်ထဲက...ဗလာစာအုပ်နဲ့...ဘော့ပင်ထုတ်လည်း...လိုက်ကြည့်...မဟာဘုတ်ခွင်ချ...တောင်ခြစ်
မြောက်ခြစ်လုပ်လည်း....လိုက်ကြည့်...တာဗျာ
ကျွန်တော်လည်း.....စဉ်းစားမိပါတယ်။
သြော်.....သူတို့ကြည့်တာ..မစမ်းပါဘူးလေ...အဲ့ဒီ
အချိန်က...အဘကိုအားကျပြီး...နှုတ်ခမ်းမွှေးစစ
လုပ်ထားတာ...အိမ်ထောင်ကျပြီးမှ....
ကျွန်တော့်မိန်းမ..ပြောတာတော့....ရှင်ကနှုတ်ခမ်းမွှေး
နဲ့ဆိုရင်......ဟိုလေ.....စိုင်းအောင်တင့်နဲ့....တူတယ်ဆိုလား........စဉ်းစားကြည့်ဗျာ
ဒီ..ကြာကူလီ..မင်းသားနဲ့မှတူရသလား....
ဒီလိုနဲ့....တွက်ပြီပေါ့ဗျာ....စလာပြီ....
ခေါင်းကိုငုံ့.....စာအုပ်ကိုပဲကြည့်တယ်....
ပါးစပ်ကလည်း....လျောက်အော်တာပဲ...
အင်း.......ဝင်.....ထွက်....ဝင်.....ထွက်....နာ....သေထွက်....ခင်ဗျား...မရဏဘွားဗျ....#ရှင်ရင်မြေကြီး
သေရင်...ရွှေထီးပဲ......
မေးသူ..အဒေါ်ကြီးမှ......ရှင်....ဟုသာ
ဆက်ပြောတယ်......တနင်္ဂနွေ..တိုင်ထိပ်မှာ...ကောင်းနေတယ်ဗျ.....ဟုတ်ကဲ့ဆရာ....
ခင်ဗျား...တနင်္ဂနွေနံ..ဝင်ဖို့ရှိတယ်ဗျ....ဟုတ်ကဲ့
ဆရာ..အိမ်က...သားအကြီးတနင်္ဂနွေသား....အိမ်က
စိတ်ဆိုးပြီး...ထွက်သွားတာ...နှစ်လလောက်ရှိပြီဆရာ
သူပြန်ရောက်လာတာ....ဝင်တာပဲလား.....
ဟာဒါပေါ့ဗျ......အခြေနေမဆိုး....
အင်္ဂါနံ..ထွက်မယ်နော်....ဟုတ်ကဲ့ဆရာ
စက်ဘီးပျောက်သွားတယ်ဆရာ....ဈေးသွားရင်း
ရပ်ထားတာလေ.....ကျွန်တော်က....ဘာနေနံဆိုတာနဲ့
မေးတဲ့....အဒေါ်ကြီးက....သူဟာသူဖော်သွားတာ
သူနဲ့ကိုနဲ့ကြား.....အတော်ကို...ဟာမိုနီ..ဖြစ်နေတာ
ုဒီလိုနဲ့ပဲ.....ဘာနေ့နံဝင်မယ်..ဘာနေ့နံထွက်မယ်
တွင်တွင်...သုံး၍...တစ်ယောက်ပြီး...တစ်ယောက်
ဟောပြီး...သကာလ....အပြန်တွင်
စာအိပ်တစ်အိပ်....ကန်တော့လေရာတွင်
လမ်းမှာပင်....ဖွင့်ကြည့်သည့်...အချိန်၌
ငွေကျပ်..၅ထောင်..ဖြစ်နေလေတော့...သတည်း။
ကျွန်ပ်၏ အလွဲများအား...ဆက်လက်ဖော်ပြပေး
သွားပါမည်။
ကိုဇော်လင်း
၆.၅.၂၀၁၅
ဲ
ရင်သွေး အမည်ပေးလိုသူများအတွက် Ko Soekhaing
============================
နာမည်ပေးခြင်း နဲ့ နာမည်ရွေးခြယ်ခြင်း ဟာ...သာမန်ဗေဒင်မေးခြင်းများစွာထက် အဆရာထောင်မက ..လေးနက်ပြီး ...တန်ဖိုးကြီးမားပါတယ်။ ဒါကို လူပေါင်းများစွာ မသိကြပါ။ မသိတာကိုလည်း အပြစ်မတင်ပါ။ လောကီပညာကို တစ်ကယ်လေ့လာ လာပြီဆိုရင် ....နက်ရှိုင်းစွာလေ့လာထားသလောက် ...နာမည်တစ်ခုရဲ့ အရေးပါပုံကို ..သဘောပေါက်လာကြပါတယ်။ နပိုလီယံကို နာမည်စာလုံးပေါင်းလေးတစ်ခု ပြောင်းလဲ လိုက်ခြင်းရဲ့ ....အကြောင်းတရားအထောက်အပံ့ဟာ ...မင်းဧကရာဇ် အဖြစ်ကို ရရှိသွားစေပါတယ်။ အကြောင်းတရားတွေ ပေါင်းဆုံလာသည့်အခါ အကျိုးတရားဆိုတာ ထင်ရှားလာစမြဲပါပဲ။
အခမဲ့ စေတနာဖြင့် ဗေဒင်ဟောရင်သာ ကျွန်တော်ဟောပေးပါမယ်။
ကလေးနာမည်ပေးကို ...အလကားဟောဆိုပေးခြင်း လုံးဝ...(လုံးဝ) ကျွန်တော် မလုပ်ပါ။
မတတ်နိုင်သူ၊ နွမ်းပါးသူ အမှန်တစ်ကယ် ဖြစ်နေခဲ့ရင် ...ကျွန်တော့် အိမ်ကို လူကိုယ်တိုင် ကလေးငယ်ကိုပါခေါ်ပြီး ....လာခဲ့ပါ။ ကလေးအတွက် စေတနာအပြည့်ထားပြီး ...ဥာဏ်ပူဇော်ခကို ကွမ်းတစ်ယာ မျှ ပူဇော်ရုံဖြင့် ... ကလေးရဲ့ကံဇာတာနဲ့ ဆီလျော်ကိုက်ညီတဲ့ အမည်သညာတစ်ခုကို ရွေးခြယ်ပေးလိုက်ပါရစေ။
ဒီလိုမှ မဟုတ်ပဲ ...အွန်လိုင်းကနေ အလကားရမလား မေးလိုသူများ အားလုံးကိုတော့ တစ်ခါထဲပဲ အပြတ်ပြောထားပါရစေ။
ရင်သွေးအမည်ပေးအတွက် ...ဥာဏ်ပူဇော်ခ ကျပ် သုံးသောင်းတိတိ သတ်မှတ်ထားပါတယ်။ ကိုယ့်ရင်သွေးအတွက် ထိုမျှ ဥာဏ်ပူဇော်ခကို သုံးသင့်ပူဇော်သင့်တယ်လို့မှ မထင်ရင်....လုံးဝ မမေးစေလိုပါ။
နောက်တစ်နှစ်မှာ ...ကျွန်တော် အွန်လိုင်းအလုပ်တွေကို ပိုလျှော့ချပြီး ပြင်ပလူတွေ့ဆွေးနွေးမှုဘက်ကိုပဲ ပိုအားပြုတော့မှာပါ။ ဒါကြောင့် နောက်တစ်နှစ်မှာ ...ကျွန်တော့်အလုပ် နှုန်းထားတွေကို ပြောင်းပါမယ်။
ရင်သွေးအမည်ပေးကို ... ကျပ်တစ်သိန်း နဲ့ အထက် ထိ ...သတ်မှတ်ပါမယ်။
ဒီလောက်သတ်မှတ်လို့ မေးသူရှိပါ့မလားလည်း မပူပါနဲ့။
သူ့အရပ်နဲ့ သူ့ပရိသတ် အမြဲရှိပါတယ်။
( ကိုယ့်ရင်သွေး နာမည်ပေးဖို့တောင် အလကားလိုချင်နေသူများ အဓိကဖတ်ဖို့ပါ။)
စိုးခိုင် ။
Tuesday, May 5, 2015
လျို့ဝှက်တံခါးကိုဖွင့်တဲ့သော့
Ko Soekhineအကျိုးပြုဆန်းဗေဒင်ပညာ
27 mins ·
လျှို့ဝှက်တံခါးကို ဖွင့်တဲ့သော့
===================
အဲဒီ့လိုပါပဲ …ပညာရပ်နယ်ပယ်အသီးသီးမှာ လေ့လာအားထုတ်နေကြတဲ့ ပညာရှင်အမျိုးမျိုး မှာလည်း …..ဆိုင်ရာ ပညာနယ်ပယ်အလိုက် …စူးစမ်းရှာဖွေ အဖြေထုတ်ရခက်ခဲတဲ့ အစိတ်အပိုင်းတွေ ရှိနေတတ်ကြပါတယ်။
စာရေးသူ အနေနဲ့ကတော့ ပညာရပ်တွေကို လေ့လာလိုက်စားရာမှာ အများဆုံး အသုံးပြုဖြစ်ခဲ့ပါတယ်။
စာရေးသူနည်းတူ … စာရေးသူရဲ့ သင်တန်းသားများ ၊ သင်တန်းသား မဟုတ်သူများ အားလုံးအတွက် ..အထက်ပါ နည်းစနစ်ကို သေချာဖတ်ရှုလေ့လာနိုင်အောင် …..ရေးသားပြုစု ဖော်ပြပေးလိုက် ပါတယ်။
(၁) အဖြေရှာရမည့် နေရာ
(၂) အဖြေရှာရမည့် အချိန်
(၃)အဖြေရှာရာတွင် အသုံးပြုရမည့် ပစ္စည်းများ
သင်နေသော နေရာ၏ အရှေ့တောင်ဘက် ယွန်းယွန်းထောင့်တစ်နေရာ ကို အသုံးပြုပါ။
ထိုနေရာတွင် အနီရောင်များ များနိုင်သလောက် များနေလျှင် ပိုမို ကောင်းမွန်ညီညွတ်၏။
နံနက် ၇း၃၀ မိနစ် မှ …. နံနက် ၉း၀၀ ကြား
ည ၇း၃၀ မိနစ် မှ ….. ည ၉း၀၀ ကြား
နံနက် ၉း၀၀ မှ နံနက် ၁၀း၃၀ မိနစ် ကြား
ည ၉း၀၀ မှ ည ၁၀း၃၀ မိနစ် ကြား
နံနက် ၁၀း၃၀ မိနစ် မှ .. မွန်းတည့် ၁၂း၀၀ ကြား
ည ၁၀း၃၀ မိနစ် မှ .. ညဉ့်သန်းခေါင် ၁၂း၀၀ ကြား
ညနေ ၄း၃၀ မိနစ် မှ ၇း၃၀ မိနစ် ကြား
မွန်းတည့် ၁၂း၀၀ မှ နေ့ခင်း ၁း၃၀ မိနစ် ကြား
ပညာသင်နေယူနေဆဲ ကျောင်းသားများ (အထူးသဖြင့် သချာင်္သိပ်ညံ့တယ် ဆိုတဲ့ ကလေးတွေ) အတွက် လည်း ဒီနည်းစနစ်က အင်မတန် အကျိုးပြုပါလိမ့်မယ်။ လက်တွေ့ကျမှ ယုံတယ် ဆိုသူများ အတွက်လည်း ..မောင်ဖုန်းက သည်နေရာကနေ မြန်မာ့ရိုးရာဗေဒင်ပညာ ရပ်ကို ဒီနည်းနဲ့ ဖော်ပြပြီး ….ဒေါင်ဒေါင်မြည်ကြောင်း သက်သေပြလိုက်ရပါတယ်။
ဒေါင်…
ဒေါင်…
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီ မောင်ဖုန်း
kosoe069@gmail.com
kosoemoetun13@gmail.com
www.mahabote.org
phone . 09 31817287
Sunday, May 3, 2015
မန်ကျည်းသီးစိမ်း ငါးပိချက်
တစ်နေ့တွင် ကျွန်ပ်နေထိုင်ရာ မှော်ဘီမြို့ အစွန်၊ မရမ်းတလင်းတောစပ်ရှိ၊ ကျွန်ပ်၏ ခြံအတွင်းသို့ ကျွန်ပ်ငယ်စဉ်ကပင် ရင်းနှီးခဲ့သော ကောင်းစွာစိတ်မနှံသည့် ကိုပီတာဆိုသည့် လူကြီးတစ်ဦး အလည်အပတ် ရောက်ရှိလာလေတော့၏။ ကိုပီတာကြီးသည် ကျွန်ပ်ကို မြင်လျှင် မြင်ချင်း… ဟဲလို…..ဖိုးအောင်ထွန်း….ဂွတ်ဒ်မောနင်း…ဂွတ်ဒ်နိုက်…ဟုသူ၏ ထုံးစံအတိုင်း ကို့ယို့ကားယား နှုတ်ဆက်လေ၏။
ကဲပါကိုပီတာကြီးရယ်…ခင်းဗျားကို ဒီနေ့ မနက်စာ ထမင်းကျွေးမယ်…ဘာဟင်းနဲ့စား မလဲပြောပေတော့ ဈေးသွားရအုံးးမယ်။ ဟုကျွန်ပ်ကပြောလိုက်ရာ..`၎င်းက..ငါးခူကို ရေချိုချက်ကွာ..အရည်လဲသောက်ရ အောင်..ဆမ်းစားလို့လဲရအောင် လုပ်ပါကွာ..၊ပြီးတော့မျှစ်ကို ငရုပ်သီး အစိမ်းထောင်းနဲ့ နယ်ပြီးကြော်ကွာ..၊ မန်ကျည်းသီးစီမ်းကို ငါးပိချက်ကလေးလည်း ချက်ပါကွာ၊ ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ပ်လည်း ခြံအတွင်း၌နေသော ဂျလေဘီ မောင်စုအား ခေါ်၍ မှော်ဘီဈေးသို့ လွှတ်ရလေ၏။ ၎င်းပြန်လာသည်နှင့် တစ်ပြိုင်နက် ကျွန်ပ်သည် ကိုပီတာကြီးအား အနီးတွင်ခေါ်၍ ထမင်း ဟင်းချက်ပြုတ်ရလေ၏။ ထိုသို့ချက်ပြုတ်ပြီးနောက် ကိုပီတာကြီးကို မနက်စာကျွေးမွေး ရလေတော၏။ ကိုပီတာကြီးလည်း ကျွန်ပ်နှင့် စကားပြောရင်း ထမင်းကို မြိန်ရှက်စွာ စားသောက်လေ၏။ ထိုအချိန်၌မှာပင် ယမန်နေ့က ခြံအတွင်းမှ ဆိုင်းဘုတ်များကို ဆေးသုတ်ရန် တာဝန်ပေးထားသော ကျွန်ပ်၏ တပည့် တစ်ဦးသည်..ဆေးကောင်းစွာ မသုတ်တတ်သောကြောင့် ဆေးမျးကွက်သည့်နေရာက ကွက်၊ ထူသည့်နေရာကထူ၊ ဖြစ်နေသောကြောင့် ခေါ်ယူ၍ အပြစ်ပေးရလေ၏။ ထိုတပည့် ကျွန်ပ် အပြစ်ပေးမည်ကို ကြောက်လန့်နေပုံရ၏၊ ဟေ့ကောင်…လှဖေ မင်းက အတော်ကို အသုံးမကျတဲ့ကောင်.. ဆိုငါ်းဘုတ်ကလေး သုတ်တာတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး…အခုတော့ကြည့်စမ်း.. အချိန်လည်းကုန်တယ်၊ ဆေးတွေလည်းကုန်တယ်၊ ဒီလောက်တောင် အသုံးမကျတဲ့ကောင် ခြံထဲမှာ မနေနဲ့ အခုထွက်သွား၊ ဟုစိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူကာ ကျွန်ပ်သည် လှဖေဆိုသော ကောင်ကလေးအား မောင်းထုတ်လိုက်လေတော့၏…ထိုအခါကို ကိုပီတာကြီးက ထမင်းစားရင်းနှင့် ကျွန်ပ်အား…
ဖိုးအောင်ထွန်း ထမင်းစားရင်နဲ့ ပုံလေးတစ်ပုံပြောပြမယ်.. နားထောင်နော်..ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါး ရှိတယ်ကွ၊ သူ့ရဲ့ ပန်းဥယျာဉ်ထဲမှာ ပန်းတွေကို စုံနေအောင် စိုက်ထားတယ်၊ ပန်းပင်တွေအပြင် ရှားပါးအဖိုးတန်တဲ့ ဂမုန်းပင်တွေလည်း..စိုက်ထားတယ်ကွ၊အဲဒီလိုအပင်တွေ စိုက်ဖို့ကိုလည်း…လစာရိက္ခာ ကောင်းကောင်းပေးပြီး…ဥယျာဉ်မှုး တစ်ယောက်ငှားထားတယ်၊ အဲဒီဥယျာဉ်မှုးဟာ ဘုရင်ရဲ့စိတ်ကြိုက် နှင်းဆီတွေ စံပယ်ပန်းတွေ၊ သစ်ခွတွေလည်းစိုက်ပေးတယ်၊ ဂမုန်းပင်တွေလည်း အကျအနစိုက်သေးတယ်၊ ဒါပေမဲ့ ဥယျာဉ်မှုးဟာ ဘယ်လိုစိတ်ကူးနဲ့လည်းတော့ မဆိုနိုင်ဘူး၊ မြေအိုးကလေးနဲ့ ခွေးသေးပန်းပင်လေး တစ်ပင်စိုက်ထားတယ်၊ အဲ့ဒီအိုးလေးကို ဂမုန်းပင်လေးရဲ့နောက်ကြားထဲမှာ ကွယ်ဝှက်ပြီး စိုက်ထားတာပေါ့၊ တစ်နေ့မှာ ဘုရင်ကြီးဟာ ဥယျာဉ်ထဲ ကိုလျောက်ကြည့်ရင်း ဥယျဉ်းမှုးဝှက်ပြီး စိုက်ထားတဲ့ ခွေးသေးပန်းအိုးကလေးကို သွားတွေ့တယ်။ ဘုရင်ကြီးက အတော့်ကို စိတ်ဆိုးသွားတယ်၊ ဒီလောက် အဖိုးတန်တွေ စိုက်ထားတဲ့ ဘုရင့်ဥယျာဉ်တော်မှာ ခွေးသေးပန်းပင်တွေ စိုက်ထားတာဟာ အင်မတန်ကြီးလေးတဲ့ အပြစ်ကြီးဖြစ်နေတယ်။ အဲဒီတော့ ဥယျာဉ်မှုးကို မင်းစိုက်တဲ့ ခွေးသေးပန်းပင်အိုးကို မင်းဟာမင်း ထမ်းပြီး ဒီမြို့ထဲက ထွက်သွားရမယ်၊ လို့အမိန့်တော်မှတ်လိုက်တယ်။ အလုပ်ကလည်း ထုတ်ပြစ်လိုက်တယ်။ ဥယျာဉ်မှုးခမျာမှာ အိုးလေးထမ်းပြီး ထွက်သွားရတာပေါ့… ဖြစ်ချင်တော့ ဘုရင်ကြီးဟာ အဲ့ဒီညမှာပဲ အရင်ဖြစ်ဖူးတဲ့ ချောင်းဆိုးရောဂါ ပြန်ထလာတယ်ဟေ့….အဲ့ဒီမှာ နန်းတွင်းသမားတော် တစ်ဦးက ခွေးသေးပန်းရွက်နဲ့ ဆားနဲ့ကြိတ်ပြီး မျိုလိုက်ရင် ချက်ချင်းသက်သာ သွားပါမယ်။ မသက်သာရင် သူ့ကိုသတ်ပါလို့ တင်ပြတယ်။ ဒါပေမဲ့ ခွေးသေးပန်းရွက်က ရှာလို့မရဘူး..အဲ့ဒီတော့ မင်းချင်းတွေကို လွှတ်ပြီး မြို့ပြင်ကို ခွေးသေးပန်းအိုးနဲ့ အတူ မောင်းထုတ်လိုက်တဲ့ ဥယျာဉ်မှုးကို ရှာခိုင်းရတယ်။ ညသန်းခေါင်လောက်ကျမှ ခွေးသေးပန်းအိုးလေး ဘေးချပြီး အိပ်နေတဲ့ ဥယျာဉ်မှုးကိုတွေ့လို့ ခွေးသေးပန်းပင်တော့ ရသွားတာပေါ့ …သမားတော်ပြောတဲ့အတိုင်း အဲဒီအပင်က အရွက်ကလေး သုံးလေးရွက်ကို ဆားလေးနဲ့ရော ကြိတ်ပြီး ဘုရင်ကြီးကို မျိုခိုင်းလိုက်တာ ဘုရင်ကြီးကလည်း ချက်ချင်းဆို ကောက်ပြီးမျိုချလိုက်တယ်။ အဲဒီမှာ ချောင်းဆိုးဟာ ခလုပ်ပိတ်လိုက်သလို ရပ်သွားတယ်။ အဲဒီတော့မှ ဥယျာဉ်မှုးကိုလည်း ပြန်ပြီး အလုပ်ခန့်တယ်။ ဘုရင့်ဥယျာဉ်တော်မှာလည်း ခွေးသေးပန်းပင်တွေ စိုက်ဖို့ခွင့်ပြုလိုက်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ အိမ်တိုင်း အိမ်တိုင်းကိုလည်း ခွေးသေးပန်းပင် တစ်ပင်စီ စိုက်ထားရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ငါပြောချင်တဲ့ ပုံပြင်ကဒီမှာပြီးပါပြီကွာ။
လောကကြီးမှာ အသုံးမဝင်တဲ့လူရယ်လို့ မရှိဘူးကွ…အဲဒီလိုပဲ အသုံးမဝင်တဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး…နှင်းဆီပင်ဟာ နှင်ဆီပင်လို အသုံးဝင်တယ်။ ဂမုန်းပင်ကလည်း ဂမှန်းပင်လို အသုံးဝင်တယ်။ အဲ့ဒီလိုပဲကွ ခွေးသေးပန်းပင်ဟာလည်း ခွေးသေးပန်းပင်လို အသုံးဝင်တယ်။ ဘယ်သူက ဘယ်သူထက်သာတယ် ရယ်လို့မရှိပါဘူးကွာ…စောစောကမောင်း ထုတ်ပစ်လိုက်တဲ့ လှဖေဆိုတဲ့ ကောင်လေးဟာလည်း လှဖေလို အသုံးဝင်မှာပါကွာ…ဟုကျွန်ပ်အား ပြောပြလေ၏။
ဟုတ်ပါ့မလားဗျာ….ဟုကျွန်ပ်ကမေးလိုက်ရာ..ကိုပီတာကြီးက..
ဟုတ်တာပေါ့ ငါ့လူရာ ဒီမှာ မင်းသိင်္ခ ….မင်းကို ငါပြောပြမယ်၊ မင်းအနေနဲ့ ဒီဘဝမှာ မင်းသိင်္ခပဲ ဖြစ်ခွင့်ရှိတယ်၊ ပီတာကြီး ဖြစ်ခွင့်မရှိဘူး…ဘယ်လောက်ပဲကြိုးစား ကြိုးစား ပီတာကြီး ဖြစ်လာမှာမဟုတ်ဖူး၊ ဒီလောကကြီးတစ်ခုလုံးမှာ ပီတာကြီးလိုလူက တစ်ယောက်တည်းရှိတာ..မကျေနပ်လို့ ပီတာကြီးကို သတ်ပြစ်ရင်လည်း…ပီတာကြီး သေသွားတာပဲရှိမယ်။ နောက်ထပ် ပီတာကြီး တစ်ယောက် မရနိုင်တော့ဘူးကွ…ကမ္ဘာလောကကြီးက တစ်မျိုးတစ်ယောက်ပဲ ထုတ်လုပ် ပေးထားတာ… ပီတာကြီး နှစ်ယောက် မဖြစ်နိုင်ဘူး…ဒါကြောင့် ပီတာကြီးက ကြွေးကြော်တယ်…နိုးတူး…အရူးပီတာကြီးက ဘာမှ အသုံးမကျတဲ့သူလို့ မထင်နဲ့..အရူးပီတာကြီးလောက် အသုံးကျတယ်…အဲဒါကို အားကျပြီး လိုက်လုပ်ရင် ရူးတာပဲ အဖတ်တင်မယ်….ပီတာကြီးတော့ ဖြစ်လာမှာ မဟုတ်ဘူး…အဲဒီလိုပဲ ကိုယ့်လူ လူတိုင်း လူတိုင်း ဟာအသုံးကျတယ်။ သူ့နေရာမှာ သူဟာ အံအဝင်ဆုံးပဲ၊ အစားထိုးကြည့်လို့ မရဘူး..သူ့ထက်ပိုကောင်းသွားရင်လည်း..သူမဟုတ်တော့ဘူးပေါ့…အဲဒါကြောင့် လူတိုင်း လူတိုင်းဟာ ကမ္ဘာလောကကြီးက ထုတ်လုပ်လိုက်တဲ့ အသုံးဝင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘယ်အရာဝတ္ထုကိုမှ အသုံးမဝင်ဘူးဆိုပြီး ပြောလို့မရဘူး…ဘယ်သူကိုမှလည်း အသုံးမကျဘူး ဆိုပြီးပြောလို့မရဘူး..အားလုံးဟာ အသုံးကျနေတယ်။ အားလုံးဟာလေးနက်နေတယ်။ ဒါကြောင့် စောစောကမောင်းထုတ်ပစ်လိုက်တဲ့ လှဖေဆိုတဲ့ ကောင်လေးကို လိုက်ပြီး ခေါ်လိုက်ပါ ငါ့လူရာ…မောင်းထုတ်ပြစ်လိုက်တဲ့ အကျင့်ကို မကျင့်စမ်းပါနဲ့၊ လက်ခံတဲ့ အကျင့်ကို လေ့ကျင့်စမ်းပါ။ ကဲ ငါသွားမယ်။
ဟုဆိုကာ ကိုပိတာကြီးသည် ကျွန်ပ်၏ ကျောကုန်းကို သူ၏ လက်သီကြီးဖြင့် အုန်းခနဲထုကာ ကျွန်ပ်အား နှုတ်ဆက်၍ လွတ်လပ်ပေါ့ပါသော ခြေလှမ်းများဖြင့် ကျွန်ပ်၏ ခြံအတွင်းမှ ထွက်သွားလေတော့၏။ ကျွန်ပ်မှာလည်း လှဖေအားရှာရန် ခြံတွင်းရှိလူများကို ရှာပုံတော်ဖွင့်ရလေတော့ သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
မင်းသိင်္ခ
ဒီဆောင်းပါးလေးကို ဖတ်ပြီး တစ်ခုခုရသွား လိမ့်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာစာ လက်ကွက်အားပို၍ ကျွမ်းကျင်အောင် စာရိုက်ရင်းဖြင့် ပြန်လည် တင်ပြလိုက်ခြင်းဖြစ်ပါတယ်……..
လေးစားစွာဖြင့်
ကိုဇော်လင်း
Friday, May 1, 2015
Sayar Soekhaing 1377 (2)
၁၃၇၇ ခုနှစ်အကြောင်းသိကောင်းစရာ ( ၂ )
=============================
နှစ်တွေကတော့ တစ်နှစ်ပြီး တစ်နှစ်ပြောင်းလာမှာပါပဲ။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာအရတော့ ခုနှစ်နှစ် စက်ဝန်းသည် အလှည့်ကျ လည်ပတ်နေပြီး ကံစက်ဝိုင်းကို လည်ပတ်နေကြောင်း ဖော်ပြပေးလျက်ရှိပါတယ်။ နေ့ခုနှစ်နေ့ကို စနေ တနင်္ဂနွေ ..တနင်္လာ စသည်အားဖြင့် ခုနှစ်ရက် ခုနှစ်လီ … အပတ်စဉ် ကျွန်တော်တို့အားလုံး ဖြတ်သန်းနေရသည့်နည်းတူ…
နှစ်ခုနှစ်မျိုးကိုလည်း …သည့်နှယ်ပင်လည်ပတ်ဖြတ်သန်းနေကြရပါတယ်။
သည်တစ်နှစ် ကျရောက်ရာ …မဟာဘုတ်ခွင်ဟာ …ငါးခုကြွင်းမဟာဘုတ်ခွင် နှစ် ဖြစ်ပါတယ်။ ရှေ့ဆောင်းပါး နံပါတ်(၁) မှာ ..တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ် ရပ်တည်မှု အနေအထားအကြောင်း ကျွန်တော်အတန်အသင့် ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် …ယခု ..အင်္ဂါဂြိုဟ် ရပ်တည်မှုအနေအထားကို ဆက်ပါမယ်။
============================
ယခုနှစ် မဟာဘုတ်ခွင်မှာ အင်္ဂါဂြိုဟ် ဟာ ရာဇဌာနမှာ ရပ်တည်လို့ဖြင့် နေပါတယ်။
အင်္ဂါဂြိုဟ်သည် စစ်မက်ရေးရာများနဲ့ …လူသားတွေရဲ့ တိုးတက်မြင့်မားလိုသော ဆန္ဒများကိုဖော်ပြသလို..၊ စုပေါင်းညီညာဆောင်ရွက်နိုင်မှုတွေအပေါ်လည်း လွှမ်းမိုးတဲ့ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါအင်္ဂါဂြိုဟ်သည် သည်တစ်နှစ် လူသားအားလုံးရဲ့အပေါ်မှာ လွှမ်းမိုးနေသည့် ဂြိုဟ်ဆိုရင်လည်း မမှားပါ။
ဒါကြောင့်လည်း သည်တစ်နှစ်မှာ လူပေါင်းများစွာ အဖို့ လက်တွဲမလား လမ်းခွဲမလား ပြတ်သားစွာရွေးခြယ်ရမှုတွေ ကြုံကြိုက်လာရတတ်ခြင်းဖြစ်ပါတယ်။ သည်တစ်နှစ်အဖို့ ကံအကောင်းစေနိုင်ဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင်လည်း……
သချာင်္ဥာဏ်ရှိသော ….
လက်တွေ့ကျသော….
လျှင်မြန်စွာအကောင်အထည်ဖော်တတ်သော…
ညီတူမျှတူစိတ်သဘာဝ ရှိသော….
စိတ်ထက်မြက်ပြီး ရှေ့ဆောင်ဦးရွက်ပြုလိုတတ်သော ….
သူတစ်ပါးကို နည်းပေးလမ်းပြ ပြုလိုတတ်သော ….
ပုဂ္ဂိုလ်များကို ညွှန်ပြရမှာပဲ ဖြစ်ပါတယ်။
နေ့နံအားဖြင့်ကတော့ အင်္ဂါနေ့ဖွားများအားလုံးသည် ယျေဘုယျအားဖြင့် ကံအားအသာနိုင်ဆုံး ဖြစ်သလို၊
နာမည်အရအားဖြင့် ကတော့ …နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခုရဲ့ အဆုံးစာလုံး ကို အင်္ဂါနံ( စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများ
(ဥပမာအားဖြင့် …ကိုကျော်စွာ၊ မနွယ်နီစိုး၊ မင်းမင်းဆွေ၊ သီရိမြတ်စု….)
နဲ့ ….
နာမည်တစ်ခုလုံးရဲ့ ဗျုပ္ပတ်သဘာဝမှာ အင်္ဂါဂြိုဟ် လွှမ်းမိုးထားသော နာမည်ရှင်များ (ဥပမာအားဖြင့် …ရဲရင့်၊ ထက်မြက် ၊ သဒ္ဓါမှုးဆက် ၊ ညီညီ ၊ ဇော်မင်းထက်၊ ) စသည်ဖြင့်သော နာမည်ရှင်များ …. သည် ..ယခုနှစ်အဖို့ ကံအားသာနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါမယ်။ ထိုနာမည်ရှင်များသည် ယခုနှစ်အတွင်းမှာ မိမိတို့ရည်မှန်းချက် ပန်းတိုင်ကို လျှင်မြန်စွာ ချီတက် လုပ်ကိုင်အောင်မြင်သွားစေနိုင်သော ကောဇာအင်အားရရှိနေကြပြီ ဖြစ်ပါတယ်။
တစ်ကယ်လို့သာ ဖြတ်သန်းနေဆဲဒသာအင်အားအရ ကောင်းကျိုးပေးချိန်နဲ့ တိုက်ဆိုင်နေမယ်ဆိုရင် အထက်ပါပုဂ္ဂိုလ်များအားလုံးအဖို့ သည်တစ်နှစ်ဟာ Lucky Year လို့ ခေါ်ဆိုနိုင်လောက်သည်အထိ ကောင်းကျိုးပြုသွားနိုင်တာ အသေအချာပါပဲ။
အင်္ဂါဂြိုဟ်ဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖော်ပြတဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးရာ အ၀၀မှာလည်း (မည်သည့်နိုင်ငံမျိုးတွင်မဆို) စစ်တပ်ရဲ့ သြဇာအာဏာနဲ့ …အရေးပါမှုတွေဟာ ပိုမိုလွှမ်းမိုးနေဦးမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ထို့အတူ တစ်ကမ္ဘာလုံးမှာ အင်ဂျင်နီရာတွေ၊ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ သချာင်္ပညာရှင်တွေ၊ နည်းပညာရှင်တွေ၊ နည်းပြတွေ ….အထူးလိုလား လိုအပ်လာမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်လွှမ်းမိုးလာသော သည်လိုနှစ်မျိုးမှာ အင်မတန် နားအေးပါးအေးနေတတ်သူတွေတောင် ….စိတ်ခွန်အားတက်ကြွလာပြီး ပြိုင်ဆိုင် အနိုင်ကျဲကြည့်လိုစိတ်မျိုးဝင်လာတတ်ချိန်ပါ။ ဒါကြောင့်လည်း တစ်နှစ်လုံးမှာ တစ်ဖက်နဲ့တစ်ဖက် ၊ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ပါတီနဲ့တစ်ပါတီ၊ အုပ်စုတစ်ခုနဲ့တစ်ခု အား ပြိုင် အားစမ်းကြခြင်းမျိုးတွေ .. ပို၍ပိုမို များပြားနေဦးမှာဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်သည်…ခွန်အား ၊ လက်နက် နဲ့ စွမ်းရည် တို့ကို ဖော်ပြပါတယ်။ ပမာအားဖြင့် တင်စားရရင် ဓါးတစ်လက်နဲ့တူပါတယ်။ ဓါးသည် အရိုးဘက်က ကိုင်မိထားရင် ခွန်အားဖြစ်စေနိုင်ပေမယ့် ….အသွားဘက်ကလှည့်ကိုင်လိုက်တာနဲ့ …ထိခိုက်ပြတ်ရှ အန္တရယ်ပေးနိုင်သော အရာတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် သည်တစ်နှစ်မှာ သည်ဓါးကို အရိုးဘက်က ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်ဖို့လိုအပ်လှပါတယ်။ အဲ…မတော်တစ်ဆ များ အသွားဘက်ကနေ လှည့်ကိုင်မိပြီဆိုရင်တော့ ….အပြတ်အရှရာ ဗရဘွ ဖြစ်သွားနိုင်တဲ့ ကာလပါပဲ။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း သည်အတိုင်းပါပဲ။
အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည်အဖို့ …ဓါးကို အရိုးဘက်က ပိုင်ပိုင်နိုင်နိုင် ကိုင်မိစေဖို့ အရေးကြီးလှတဲ့နှစ်ပါ။ ဓါးကို အသွားဘက်ကနေလှည့်ပြီး ရင်မဆိုင်မိဖို့ အရေးကြီးလွန်းလှတဲ့ နှစ်တစ်နှစ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ (လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။) ကျွန်တော့်အမြင်အရ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းဖြင့်သာလျှင် အမေစုအဖို့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေကို ပိုမို တက်လှမ်းခွင်ရရှိနိုင်ပါလိမ့်မယ်။ ထားပါစို့ ။ နိုင်ငံရေးဟောစာတမ်းမဟုတ်တာကြောင့် သည်မျှနဲ့ရပ်ပါမယ်။
သည်တစ်နှစ်မှာ စနေနေ့ဖွားများနဲ့ ….တနင်္ဂနွေနေ့ဖွားများဟာ ဓါးရဲ့ အသွားဘက်တည့်တည့်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက်တော့ … အန္တရယ်များတတ်သော ကာလလို့ ယျေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒီတော့ …ဒီတစ်နှစ်မှာ မေတ္တာသုတ်တော်နဲ့ ခန္ဓသုတ်တော်ကြီးကို မကြာခဏရွတ်ဖတ်ခြင်းနဲ့ အင်္ဂါဂြိုဟ်တိုင်ထောင့်မှာ မေတ္တာပို့ခြင်းမျိုးကို အခါအားလျော်စွာ ပြုသင့်ကြပါတယ်။
အင်္ဂါဂြိုဟ်ဟာ အသစ်အဆန်းနဲ့ စူးစမ်းလေ့လာမှုများကို လည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတစ်နှစ်မှာ လူသားတွေဟာ အသစ်အဆန်းတွေကို ပိုမိုမက်မောလာကြပါမယ်။ အဟောင်းတွေကို ငြီးငွေ့စိတ်ကုန်လာကြပြီး …ဖယ်ရှားစွန့်ပစ်လိုစိတ်တွေလည်း များလာကြပါမယ်။ ဒီအချက်သည် …ကမ္ဘာ့စီးပွားရေးရာကဏ္ဍမှာလည်း …အဓိကပင်မအချက်တစ်ရပ်သဖွယ် ..အရေးပါလာပါမယ်။
နယ်ပယ်များစွာမှာ ကုန်ပစ္စည်းသစ်တွေ ၊ ထုတ်ကုန်သစ်တွေ၊ နည်းပညာသစ်တွေ သာ နေရာပိုယူလာကြမှာဖြစ်ပြီး၊ လှေကြီးထိုးရိုးရိုးသွားနေသူတွေအဖို့တော့ သည်တစ်နှစ်ဟာ ကံဆိုးမိုးမှောင်ကြမည့် နှစ်တစ်နှစ် ဧကန်ဖြစ်ပါတယ်။ မိမိတို့၏ လုပ်ငန်း …ထုတ်ကုန် စသည်တို့ကို Update အမြဲလုပ်နေမည့် ပုဂ္ဂိုလ်များသာ …အောင်မြင်မှုရနိုင်ချိန် မုချဖြစ်ပါတယ်။
ဒီအချက်သည်နိုင်ငံရေးဇာတ်ခုံများပေါ်မှာလည်း များစွာသက်ရောက်ပါလိမ့်မယ်။ လူတွေဟာ ….ရှေးရိုးအတိုင်း ဆက်သွားဖို့ ပျင်းရိငြီးငွေ့လာကြပြီး…
အသစ်အဆန်းတစ်စုံတစ်ရာကို တော်လှန်ပြောင်းလဲ ပစ်နိုင်ဖို့ ဆန္ဒတွေ ရုန်းကြွလာတတ်ချိန်ပါ။ ဒါကြောင့် နိုင်ငံရေးမှာလည်း စည်းရုံးရေးကအစ ၊ လုပ်ပုံကိုင်ပုံဆောင်ရွက်ပုံတွေမှာ ပြုပြင်ပြောင်းလဲနိုင်ကာမှ တော်ရုံကာကျပါမယ်။
တစ်ခါလာလည်း ဒါပဲ ဆိုတာတွေကို လူတွေ ဘယ်လိုမှ မနှစ်သက်နိုင်တော့တဲ့ အချိန်ကို မုချ ကျရောက်နေပါပြီ။ ဒါကြောင့် …ပါတီတွေအနေနဲ့ မဲဆွယ်မယ်ဆိုရင်တောင် ….ရှေးနည်းတွေနဲ့မတူ..ပြည်သူတွေကို စည်းရုံးရေးနည်းဗျုဟာသစ်တွေနဲ့ ချဉ်းကပ်နိုင်ဖို့ အထူးလိုအပ်တဲ့ကာလပါ။
ယင်းကဲ့သို့သော အဟောင်းများအပေါ် လူသားများ၏ ငြီးငွေ့လာမှုသည်…ကံမကောင်းရင် နိုင်ငံ့ခေါင်းဆောင်တွေအပေါ်ကျရောက်လာပြီး…..အဆိုပါနိုင်ငံ့ခေါင်းဆောင်များလည်း နိုင်ငံရေးလောကနဲ့ ရာဇပလ္လင် ကို စွန့်ခွာသွားရကိန်း ကျရောက်လာနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့…..ဗျုဟာသစ်တွေ ချမှတ်သင့်သော ကာလကို ရောက်နေပြီဆိုတာ သတိပြုကြဖို့ အထူးလိုအပ်လှပါတယ်။
သာမန်လူတွေရဲ့ ကံဇာတာမှာတော့ …အဟောင်းတွေကို ငြီးငွေ့လွယ်ကူပြီး အသစ်အဆန်းကို မက်မောလာစေတတ်သော သည်လိုနှစ်မျိုးသည်….အကြီးကိုပစ်ပြီး အငယ်ကို စွဲမက်မိစေဖို့ တိုက်တွန်းလှုံ့ဆော်ပေးနေတတ်သော နှစ်မျိုး ဖြစ်သလို..၊ နည်းဟောင်းတွေကို စွန့်ပြီး နည်းလမ်းသစ်တွေနဲ့ ကမ္ဘာ့လူသားတွေကို လမ်းကြောင်းသစ်ပေါ် တွန်းတင်ပေးတတ်သည့်နှစ်တစ်နှစ် ဖြစ်ပါတယ်။
စိုးရိမ်တတ်သော ဇနီးမောင်နှံများအဖို့ကတော့ ….မိမိတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေး ကို Update လုပ်ခြင်း၊ ဒီဇိုင်းလေးများ ပြန်လည်ဆန်းသစ်လန်းဆန်းစေခြင်း ပြုသင့်လှပါကြောင်း ….တင်ပြလိုက်ရပါတယ်။
ကုန်သည်နဲ့ စီးပွားရေးသမားများအတွက်ကတော့ သည်တစ်နှစ်မှာ ကုန်ပစ္စည်းသစ်တွေနဲ့ ၀ယ်သူတွေကို ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ သို့တည်းမဟုတ် မိမိတို့ရဲ့ရောင်းကုန်တွေကို ဘားရှင်းမြှင့်တင်ခြင်း ရှိနေဖို့လိုပါလိမ့်မယ်။
ဒီတစ်နှစ်ရဲ့ထူးခြားချက်က မဖြစ်နိုင်ဘူးလို့ ဘယ်အရာကိုမှ ပုံသေတွက်လို့မရတော့လောက်သည်အထိ… ထူးထူးဆန်းဆန်း ဖြစ်လေ့မရှိတာတွေ ဖြစ်လာနိုင်တဲ့ ထူးခြားချက်ကြီးတစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ သဘာဝမကျတာတွေ၊ ထူးခြားဆန်းကြယ်တာတွေအားလုံး ၀ရုံးသုန်းကား ဖြစ်လာစေတတ်သော သည်နှစ်မျိုးကို ..Supernatural Year လို့တောင် တင်စားခေါ်ဝေါ်ရမယ့် အနေအထားပါပဲ။
စာကြွင်း …./ အင်္ဂါဂြိုဟ် တစ်လုံးရဲ့ အနေအထားနဲ့တင် ဆောင်းပါးက အနဲငယ် ရှည်လျားသွားခဲ့ပါပြီ။ ၁၃၇၇ခုနှစ်အကြောင်းသိကောင်းစရာကဏ္ဍကို အပိုင်း(၃) ထိသာ ကျွန်တော်ရေးသားဖို့ ရည်ရွယ်ထားတာကြောင့် နောက်ဆောင်းပါးနံပါတ်(၃) မှာ ကျန်ဂြိုဟ်များရဲ့အနေအထားကို စတိသဘောမျှသာ စုစည်းပြီး အနှစ်ချုပ်ရေးပါတော့မယ်။ ပြီးရင်…. နေ့နံတစ်ခုချင်းဆီအလိုက်… တစ်နှစ်တာဟောကိန်းတွေကိုဆက်လက်ရေးသားပေးဖို့ ရည်ရွယ်ထားတာကြောင့်ဖြစ်ပါတယ်။ စာရေးချင်လွန်းလာလို့သာ အင်မတန်အားစိုက်ပြီး ရေးနေရတာဖြစ်ပါတယ်။ တစ်နာရီခွဲခန့်ထိုင်ပြီးတိုင်း ….ပက်လက်လှန်ပြီး ဇက်အောက်မှာ မျက်နှာသုတ်ပုဝါလေးကိုလိပ်ပြီး ခုရင်း နားရပါတယ်။ စာရိုက်နိုင်အောင် အမြဲနှိပ်ပေး နင်းပေး ပြုစုပေးနေသော သမီးကြီးနဲ့ ဇနီးကိုလည်း ကျေးဇူးတင်လှပါတယ်ခင်ဗျား။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287